နောက်ဆုံးကိုရိုနာသတိပေးမှုကြောင့် လေ့ကျင့်ခန်းအစီအစဉ်ဖျက်သိမ်းလိုက်တဲ့ မန်ယူ

photo-daily mail

photo-gettyimages

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ဗြိတိန်အစိုးက နောက်ဆုံးကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ မန်ယူကစားသမားတွေဟာ အပိုနားရက်တွေ ရရှိသွားခဲ့ကြပြီး သူတို့အိမ်မှာပဲ လေ့ကျင့်ခန်းအစီအစဉ်တွေကို တစ်ဦးချင်းစီ ဆက်လုပ်ရတော့မှာပါ။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ဟာ ကိုရိုနာဗိုင်းရပ်စ်အလျင်အမြန်ကူးစက်နေမှုကို တားဆီးနိုင်ဖို့အတွက် ရုံတွေ၊စားသောက်ဆိုင်တွေ၊ရုပ်ရှင်ရုံတွေ၊ဘီယာဆိုင်တွေနဲ့ ဝေးဝေးနေဖို့ ပြည်သူတွေကို ပန်ကြားခဲ့တာပါ။

photo-gettyimages

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူတို့ကစားသမားတွေ ကိုယ့်ကိုယ်ကို သီးသန့်ခွဲခြားနေနေရလို့ ပရီးမီးယားလိဂ်အသင်းအတော်များများဟာ ပြီးခဲ့တဲ့အပတ်ကတည်းက လေ့ကျင့်ရေးအစီအစဉ်တွေကို ရပ်နားခဲ့တာပါ။ မန်ယူမှာတော့ ဘယ်သူမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိလို့ ဆိုးလ်ရှားရဲ့အသင်းဟာ မနေ့ကထိ ပုံမှန်အတိုင်းပဲ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်နေခဲ့တာပါ။ မန်ယူဘက်ကလည်း ကစားသမားတွေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မခံရအောင် တင်းတင်းကြပ်ကြပ်ကိုင်တွယ်စီမံနေတာ ဖြစ်ပါတယ်။

photo-gettyimages

ဒါပေမဲ့လည်း အစိုးရရဲ့နောက်ဆုံးကြေညာချက်ကြောင့် မန်ယူဟာ ပထမအအသင်းအပါအဝင် သက်တမ်းအလိုက်အသင်းတွေအားလုံးက ကစားသမားတွေကို အိမ်မှာပဲနေဖို့ ပြောလိုက်ပြီ ဖြစ်ပါတယ်။ လောလောဆယ် ပထမအသင်းကစားသမားတွေကို အပိုနားရက်အဖြစ် ၃ ရက်ခွင့်ပေးလိုက်ပြီး လေ့ကျင့်ခန်းအစီအစဉ်တွေကို အိမ်မှာပဲ ဆက်လုပ်ဖို့ ညွန်ကြားခဲ့ပါတယ်။ ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်ဟာ ၁၅၀၀ ကျော်ရှိလာခဲ့ပြီဖြစ်လို့ လာမယ့်ဧပြီးလအစပိုင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲပြန်စနိုင်ဖို့ကလည်း မသေချာပါဘူး။

[Zawgyi]

ေနာက္ဆုံးကိုရုိနာသတိေပးမႈေၾကာင့္ ေလ့က်င့္ခန္းအစီအစဥ္ဖ်က္သိမ္းလိုက္တဲ့ မန္ယူ

ကိုရိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္လုိ႔ ၿဗိတိန္အစိုးက ေနာက္ဆုံးေၾကညာခ်က္ ထုတ္ျပန္ခဲ့ၿပီးေနာက္မွာေတာ့ မန္ယူကစားသမားေတြဟာ အပိုနားရက္ေတြ ရရွိသြားခဲ့ၾကၿပီး သူတုိ႔အိမ္မွာပဲ ေလ့က်င့္ခန္းအစီအစဥ္ေတြကို တစ္ဦးခ်င္းစီ ဆက္လုပ္ရေတာ့မွာပါ။ ၿပီးခဲ့တဲ့တနလၤာေန႔မွာ ၿဗိတိန္၀န္ႀကီးခ်ဳပ္ေဘာရစ္ဂၽြန္ဆင္ဟာ ကိုရိုနာဗုိင္းရပ္စ္အလ်င္အျမန္ကူးစက္ေနမႈကို တားဆီးႏိုင္ဖို႔အတြက္ ရုံေတြ၊စားေသာက္ဆုိင္ေတြ၊ရုပ္ရွင္ရုံေတြ၊ဘီယာဆိုင္ေတြနဲ႔ ေ၀းေ၀းေနဖို႔ ျပည္သူေတြကို ပန္ၾကားခဲ့တာပါ။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ သူတို႔ကစားသမားေတြ ကိုယ့္ကိုယ္ကို သီးသန္႔ခြဲျခားေနေနရလို႔ ပရီးမီးယားလိဂ္အသင္းအေတာ္မ်ားမ်ားဟာ ၿပီးခဲ့တဲ့အပတ္ကတည္းက ေလ့က်င့္ေရးအစီအစဥ္ေတြကို ရပ္နားခဲ့တာပါ။ မန္ယူမွာေတာ့ ဘယ္သူမွ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရျခင္းမရွိလို႔ ဆုိးလ္ရွားရဲ႕အသင္းဟာ မေန႔ကထိ ပုံမွန္အတိုင္းပဲ ေလ့က်င့္ေရးအစီအစဥ္ေတြျပဳလုပ္ေနခဲ့တာပါ။ မန္ယူဘက္ကလည္း ကစားသမားေတြ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မခံရေအာင္ တင္းတင္းၾကပ္ၾကပ္ကိုင္တြယ္စီမံေနတာ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း အစိုးရရဲ႕ေနာက္ဆုံးေၾကညာခ်က္ေၾကာင့္ မန္ယူဟာ ပထမအအသင္းအပါအ၀င္ သက္တမ္းအလိုက္အသင္းေတြအားလုံးက ကစားသမားေတြကို အိမ္မွာပဲေနဖုိ႔ ေျပာလိုက္ၿပီ ျဖစ္ပါတယ္။ ေလာေလာဆယ္ ပထမအသင္းကစားသမားေတြကို အပိုနားရက္အျဖစ္ ၃ ရက္ခြင့္ေပးလိုက္ၿပီး ေလ့က်င့္ခန္းအစီအစဥ္ေတြကို အိမ္မွာပဲ ဆက္လုပ္ဖို႔ ညြန္ၾကားခဲ့ပါတယ္။ ၿဗိတိန္မွာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရသူအေရအတြက္ဟာ ၁၅၀၀ ေက်ာ္ရွိလာခဲ့ၿပီျဖစ္လုိ႔ လာမယ့္ဧၿပီးလအစပိုင္းမွာ ပရီးမီးယားလိဂ္ၿပိဳ္င္ပြဲျပန္စႏိုင္ဖို႔ကလည္း မေသခ်ာပါဘူး။