နောက်ခံလူအာနိုးလ်ကို ၂၀၂၅ ခုနှစ်အထိစာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်တဲ့ လီဗာပူးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးလ်အသင်းဟာ သူတို့ရဲ့အဓိကနောက်ခံလူတစ်ဦးဖြစ်သူအာနိုးလ်ကို နှစ်ရှည်စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ (၄)နှစ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

အသက်(၂၂)နှစ်သာရှိသေးတဲ့အာနိုးလ်ဟာ လီဗာပူးလ်အကယ်ဒမီကနေထွက်ပေါ်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီး ဆယ်ကျော်သက်အရွယ်မှာကတည်းက အသင်းရဲ့အဓိက,ကစားသမားအဖြစ်ပါဝင်ကစားခွင့်ရခဲ့သလို အခုလက်ရှိအချိန်အထိအသင်းအတွက်ပွဲပေါင်း(၁၇၉)ပွဲအထိ ကစားခဲ့ပြီးပါပြီ။

၂၀၁၆ ခုနှစ်တုန်းက စပါးအသင်းနဲ့ကစားခဲ့တဲ့လိဂ်ဖလားပွဲမှာ လီဗာပူးအသင်းကြီးအတွက် ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့ပြီးနောက် တောက်လျှောက်ခြေစွမ်းပြကစားနိုင်ခဲ့ပြီး

အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလားတို့လို ကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့အပြင် ၂၀၁၉ ခုနှစ် Ballon d’Or ဆုအတွက် ဆန်ခါတင်စာရင်းမှာပါဝင်ခွင့်ရတဲ့အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

အသင်းအတွက် ပြိုင်ပွဲစုံမှာ(၁၀)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၄၄)ကြိမ်အထိပြုလုပ်ထားတဲ့ အာနိုးလ်ကို ဥရောပထိပ်သီးအသင်းတွေက မျက်စိကျနေတာကြောင့် လီဗာပူးလ်အသင်းဟာ ၂၀၂၅ ခုနှစ်အထိစာချုပ်သက်တမ်းတိုးခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးလ်နဲ့စာချုပ်သက်တမ်းတိုးခဲ့ပြီးတဲ့နောက် အာနိုးလ်က “စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက်သာမက လီဗာပူးလ်အသင်းက ကျွန်တော့်ကို ယုံကြည်မှုပေးခဲ့လို့လည်း ဂုဏ်ယူမိပါတယ်။

လီဗာပူးလ်နဲ့စာချုပ်သစ်ချုပ်ခဲ့တာက မစဉ်းစားမဆင်ခြင်ဘဲ ဆုံးဖြတ်ခဲ့တာမျိုးမဟုတ်ပါဘူး။

ကလပ်အသင်းရဲ့လက်ရှိအနေအထား၊ အခု ကျွန်တော်ရောက်ရှိနေတဲ့ကစားသမားအဆင့်အရ အသင်းနဲ့စာချုပ်သက်တမ်းတိုးခဲ့တာက အကောင်းဆုံးနည်းလမ်းလို့ယူဆပါတယ်။

ဒီအသင်းမှာ နောက်ထပ်နှစ်ပေါင်းများစွာ ဆက်ကစားခွင့်ရခဲ့တာက ကျေနပ်စရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်ပြီး လီဗာပူးလ်အသင်းဟာ ကျွန်တော့်ရင်ထဲမှာရှိနေတဲ့ တစ်ခုတည်းသောကလပ်လည်းဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာနိုးလ်ဟာ ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမတိုင်ခင် အင်္ဂလန်အသင်းလူစာရင်းမှာပါဝင်ခွင့်ပေမယ့် ဒဏ်ရာပြဿနာကြောင့် ပြိုင်ပွဲနဲ့လွဲချော်ခဲ့ပြီး လာမယ့်သြဂုတ်လ(၁၄)ရက်ကျရင် နောဝစ်ချ်အသင်းနဲ့ကစားမယ့်ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာတော့ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်ကစားနိုင်ဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေနာက္ခံလူအာႏိုးလ္ကို ၂၀၂၅ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းတိုးလိုက္ၿပီျဖစ္တဲ့ လီဗာပူးလ္

လီဗာပူးလ္အသင္းဟာ သူတို႔ရဲ႕အဓိကေနာက္ခံလူတစ္ဦးျဖစ္သူအာႏိုးလ္ကို ႏွစ္ရွည္စာခ်ဳပ္သက္တမ္းတိုးလိုက္ၿပီျဖစ္ၿပီး ၂၀၂၅ ခုႏွစ္အထိ (၄)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။ အသက္(၂၂)ႏွစ္သာရွိေသးတဲ့အာႏိုးလ္ဟာ လီဗာပူးလ္အကယ္ဒမီကေနထြက္ေပၚခဲ့တဲ့ကစားသမားတစ္ဦးျဖစ္ၿပီး ဆယ္ေက်ာ္သက္အ႐ြယ္မွာကတည္းက အသင္းရဲ႕အဓိက,ကစားသမားအျဖစ္ပါဝင္ကစားခြင့္ရခဲ့သလို အခုလက္ရွိအခ်ိန္အထိအသင္းအတြက္ပြဲေပါင္း(၁၇၉)ပြဲအထိ ကစားခဲ့ၿပီးပါၿပီ။

၂၀၁၆ ခုႏွစ္တုန္းက စပါးအသင္းနဲ႔ကစားခဲ့တဲ့လိဂ္ဖလားပြဲမွာ လီဗာပူးအသင္းႀကီးအတြက္ ပထမဆုံးပြဲထြက္ကစားခြင့္ရခဲ့ၿပီးေနာက္ ေတာက္ေလွ်ာက္ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး အသင္းနဲ႔အတူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ ဖီဖာကလပ္ကမာၻ႔ဖလား၊ ဥေရာပစူပါဖလားတို႔လို ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့တဲ့အျပင္ ၂၀၁၉ ခုႏွစ္ Ballon d’Or ဆုအတြက္ ဆန္ခါတင္စာရင္းမွာပါဝင္ခြင့္ရတဲ့အထိ ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ အသင္းအတြက္ ၿပိဳင္ပြဲစုံမွာ(၁၀)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၄၄)ႀကိမ္အထိျပဳလုပ္ထားတဲ့ အာႏိုးလ္ကို ဥေရာပထိပ္သီးအသင္းေတြက မ်က္စိက်ေနတာေၾကာင့္ လီဗာပူးလ္အသင္းဟာ ၂၀၂၅ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းတိုးခဲ့တာလည္းျဖစ္ပါတယ္။

လီဗာပူးလ္နဲ႔စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီးတဲ့ေနာက္ အာႏိုးလ္က “စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့အတြက္သာမက လီဗာပူးလ္အသင္းက ကြၽန္ေတာ့္ကို ယုံၾကည္မႈေပးခဲ့လို႔လည္း ဂုဏ္ယူမိပါတယ္။ လီဗာပူးလ္နဲ႔စာခ်ဳပ္သစ္ခ်ဳပ္ခဲ့တာက မစဥ္းစားမဆင္ျခင္ဘဲ ဆုံးျဖတ္ခဲ့တာမ်ိဳးမဟုတ္ပါဘူး။ ကလပ္အသင္းရဲ႕လက္ရွိအေနအထား၊ အခု ကြၽန္ေတာ္ေရာက္ရွိေနတဲ့ကစားသမားအဆင့္အရ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးခဲ့တာက အေကာင္းဆုံးနည္းလမ္းလို႔ယူဆပါတယ္။

ဒီအသင္းမွာ ေနာက္ထပ္ႏွစ္ေပါင္းမ်ားစြာ ဆက္ကစားခြင့္ရခဲ့တာက ေက်နပ္စရာေကာင္းတဲ့ကိစၥတစ္ခုျဖစ္ၿပီး လီဗာပူးလ္အသင္းဟာ ကြၽန္ေတာ့္ရင္ထဲမွာရွိေနတဲ့ တစ္ခုတည္းေသာကလပ္လည္းျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ အာႏိုးလ္ဟာ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမတိုင္ခင္ အဂၤလန္အသင္းလူစာရင္းမွာပါဝင္ခြင့္ေပမယ့္ ဒဏ္ရာျပႆနာေၾကာင့္ ၿပိဳင္ပြဲနဲ႔လြဲေခ်ာ္ခဲ့ၿပီး လာမယ့္ၾသဂုတ္လ(၁၄)ရက္က်ရင္ ေနာဝစ္ခ်္အသင္းနဲ႔ကစားမယ့္ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲမွာေတာ့ ႀကံ့ခိုင္မႈအျပည့္နဲ႔ ပါဝင္ကစားႏိုင္ဖို႔ရွိေနပါၿပီ။