နောက်ခံလူကာဗာဟယ်လ်ကို ၂၀၂၅ ခုနှစ်အထိစာချုပ်သက်တမ်းတိုးခဲ့တဲ့ ရီးယဲလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးယဲလ်အသင်းဟာ သူတို့ရဲ့ဝါရင့်ညာနောက်ခံလူကာဗာဟယ်လ်ကို ၂၀၂၅ ခုနှစ်အထိစာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်တာကြောင့် ကာဗာဟယ်လ်ဟာ ရီးယဲလ်အသင်းမှာ နောက်ထပ်(၄)ရာသီကြာတဲ့အထိဆက်ရှိသွားမှာပဲဖြစ်ပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ စပိန်လက်ရွေးစင်နောက်ခံလူကာဗာဟယ်လ်ဟာ ရီးယဲလ်အကယ်ဒမီကနေထွက်ပေါ်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီး

အသင်းကြီးအတွက်ပွဲထွက်ခွင့်မရခဲ့လို့ ၂၀၁၂ ခုနှစ်မှာ လေဗာကူဆင်အသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် တစ်ရာသီအကြာမှာပဲ ရီးယဲလ်အသင်းက ယူရို(၆.၅)သန်းနဲ့ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ရီးယဲလ်ကို ပြန်ရောက်ခဲ့ချိန်မှာ အဓိကနောက်ခံလူတစ်ဦးအဖြစ်ပါဝင်ခွင့်ရခဲ့သလို ရီးယဲလ်ကစားသမားဘဝ(၈)နှစ်တာကာလအတွင်း အသင်းအတွက် (၂၉၄)ပွဲအထိကစားခဲ့ပြီး

လာလီဂါ(၂)ကြိမ်၊ ချန်ပီယံလိဂ်(၄)ကြိမ်၊ စပိန်ဘုရင့်ဖလား(၁)ကြိမ်၊ စပိန်စူပါဖလား(၂)ကြိမ်၊ ဥရောပစူပါဖလား(၃)ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား(၄)ကြိမ်အထိရယူနိုင်ခဲ့ပါတယ်။

ကာဗာဟယ်လ်ဟာ လာမယ့်နှစ်၊ ဇန်နဝါရီလကျရင် အသက်(၃၀)ပြည့်မှာဖြစ်ပေမယ့် ရီးယဲလ်အသင်းက အနာဂတ်စီမံကိန်းတွေထဲမှာ ကာဗာဟယ်လ်ဟာ အဓိကအခန်းကဏ္ဍမှာပါဝင်နေဆဲဖြစ်တယ်လို့ ယုံကြည်တာကြောင့် အခုလိုစာချုပ်သက်တမ်းတိုးခဲ့တာပါ။

ရီးယဲလ်အသင်းက “ရီးယဲလ်အသင်းနဲ့ကာဗာဟယ်လ်တို့ဟာ စာချုပ်သက်တမ်းတိုးဖို့သဘောတူညီမှုရခဲ့ပြီး အသင်းမှာ ၂၀၂၅၊ ဇွန်လ(၃၀)ရက်အထိ နောက်ထပ်(၄)ရာသီကြာအောင် ကာဗာဟယ်လ် ဆက်ရှိနေမှာဖြစ်ပါတယ်”လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ရီးယဲလ်အသင်းရဲ့အဓိကနောက်ခံလူတွေဖြစ်တဲ့ ရာမို့စ်၊ ဗာရန်းတို့ဟာ အသင်းနဲ့လမ်းခွဲခဲ့ပြီးဖြစ်တာကြောင့် သူတို့ရဲ့နောက်ထပ်အဓိကနောက်ခံလူတစ်ဦးကို ဆက်ထိန်းနိုင်တာကတော့ ရီးယဲလ်အသင်းအတွက် ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။

ကာဗာဟယ်လ်ဟာ ပြီးခဲ့တဲ့ရာသီက တံကောက်ကြောဒဏ်ရာနဲ့ရုန်းကန်ခဲ့ရလို့ အသင်းအတွက်ပုံမှန်မပါဝင်နိုင်ခဲ့သလို ယူရို-၂၀၂၀ ပြိုင်ပွဲကိုလည်းလွဲချော်ခဲ့ပေမယ့် အခုအချိန်မှာတော့ ရာသီသစ်မှာကြံ့ခိုင်မှုအပြည့်နဲ့ပါဝင်ကစားဖို့ အသင့်ဖြစ်နေပါပြီ။

ရီးယဲလ်အသင်းဟာ ရာသီကြိုနောက်ဆုံးခြေစမ်းပွဲအဖြစ် လာမယ့်သြဂုတ်လ(၈)ရက်မှာ အေစီမီလန်အသင်းနဲ့ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အဲဒီပွဲပြီးရင်တော့ သြဂုတ်လ(၁၄)ရက်ကျရင် ၂၀၂၁-၂၂ လာလီဂါအဖွင့်ပွဲစဉ်အဖြစ် အလာဗတ်စ်နဲ့အဝေးကွင်းပွဲကစားရမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေနာက္ခံလူကာဗာဟယ္လ္ကို ၂၀၂၅ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့ ရီးယဲလ္

ရီးယဲလ္အသင္းဟာ သူတို႔ရဲ႕ဝါရင့္ညာေနာက္ခံလူကာဗာဟယ္လ္ကို ၂၀၂၅ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းတိုးလိုက္ၿပီျဖစ္တာေၾကာင့္ ကာဗာဟယ္လ္ဟာ ရီးယဲလ္အသင္းမွာ ေနာက္ထပ္(၄)ရာသီၾကာတဲ့အထိဆက္ရွိသြားမွာပဲျဖစ္ပါတယ္။ အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စပိန္လက္ေ႐ြးစင္ေနာက္ခံလူကာဗာဟယ္လ္ဟာ ရီးယဲလ္အကယ္ဒမီကေနထြက္ေပၚခဲ့တဲ့ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းႀကီးအတြက္ပြဲထြက္ခြင့္မရခဲ့လို႔ ၂၀၁၂ ခုႏွစ္မွာ ေလဗာကူဆင္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ တစ္ရာသီအၾကာမွာပဲ ရီးယဲလ္အသင္းက ယူ႐ို(၆.၅)သန္းနဲ႔ျပန္လည္ေခၚယူခဲ့ပါတယ္။

ရီးယဲလ္ကို ျပန္ေရာက္ခဲ့ခ်ိန္မွာ အဓိကေနာက္ခံလူတစ္ဦးအျဖစ္ပါဝင္ခြင့္ရခဲ့သလို ရီးယဲလ္ကစားသမားဘဝ(၈)ႏွစ္တာကာလအတြင္း အသင္းအတြက္ (၂၉၄)ပြဲအထိကစားခဲ့ၿပီး လာလီဂါ(၂)ႀကိမ္၊ ခ်န္ပီယံလိဂ္(၄)ႀကိမ္၊ စပိန္ဘုရင့္ဖလား(၁)ႀကိမ္၊ စပိန္စူပါဖလား(၂)ႀကိမ္၊ ဥေရာပစူပါဖလား(၃)ႀကိမ္၊ ဖီဖာကလပ္ကမာၻ႔ဖလား(၄)ႀကိမ္အထိရယူႏိုင္ခဲ့ပါတယ္။ ကာဗာဟယ္လ္ဟာ လာမယ့္ႏွစ္၊ ဇန္နဝါရီလက်ရင္ အသက္(၃၀)ျပည့္မွာျဖစ္ေပမယ့္ ရီးယဲလ္အသင္းက အနာဂတ္စီမံကိန္းေတြထဲမွာ ကာဗာဟယ္လ္ဟာ အဓိကအခန္းက႑မွာပါဝင္ေနဆဲျဖစ္တယ္လို႔ ယုံၾကည္တာေၾကာင့္ အခုလိုစာခ်ဳပ္သက္တမ္းတိုးခဲ့တာပါ။

ရီးယဲလ္အသင္းက “ရီးယဲလ္အသင္းနဲ႔ကာဗာဟယ္လ္တို႔ဟာ စာခ်ဳပ္သက္တမ္းတိုးဖို႔သေဘာတူညီမႈရခဲ့ၿပီး အသင္းမွာ ၂၀၂၅၊ ဇြန္လ(၃၀)ရက္အထိ ေနာက္ထပ္(၄)ရာသီၾကာေအာင္ ကာဗာဟယ္လ္ ဆက္ရွိေနမွာျဖစ္ပါတယ္”လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အခုေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္း ရီးယဲလ္အသင္းရဲ႕အဓိကေနာက္ခံလူေတြျဖစ္တဲ့ ရာမို႔စ္၊ ဗာရန္းတို႔ဟာ အသင္းနဲ႔လမ္းခြဲခဲ့ၿပီးျဖစ္တာေၾကာင့္ သူတို႔ရဲ႕ေနာက္ထပ္အဓိကေနာက္ခံလူတစ္ဦးကို ဆက္ထိန္းႏိုင္တာကေတာ့ ရီးယဲလ္အသင္းအတြက္ ေက်နပ္စရာျဖစ္ခဲ့ရပါတယ္။

ကာဗာဟယ္လ္ဟာ ၿပီးခဲ့တဲ့ရာသီက တံေကာက္ေၾကာဒဏ္ရာနဲ႔႐ုန္းကန္ခဲ့ရလို႔ အသင္းအတြက္ပုံမွန္မပါဝင္ႏိုင္ခဲ့သလို ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲကိုလည္းလြဲေခ်ာ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ရာသီသစ္မွာႀကံ့ခိုင္မႈအျပည့္နဲ႔ပါဝင္ကစားဖို႔ အသင့္ျဖစ္ေနပါၿပီ။ ရီးယဲလ္အသင္းဟာ ရာသီႀကိဳေနာက္ဆုံးေျခစမ္းပြဲအျဖစ္ လာမယ့္ၾသဂုတ္လ(၈)ရက္မွာ ေအစီမီလန္အသင္းနဲ႔ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး အဲဒီပြဲၿပီးရင္ေတာ့ ၾသဂုတ္လ(၁၄)ရက္က်ရင္ ၂၀၂၁-၂၂ လာလီဂါအဖြင့္ပြဲစဥ္အျဖစ္ အလာဗတ္စ္နဲ႔အေဝးကြင္းပြဲကစားရမွာပဲျဖစ္ပါတယ္။