
photo-daily mail
photo-gettyimages
လီဗာပူးဟာ ဝက်စ်ဟမ်းနဲ့အိမ်ကွင်းပွဲမှာ ခြေစွမ်းအရ ရုန်းကန်ခဲ့ရပြီး နောက်ကနေပြန်လိုက်ကစားပြီးမှ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ၁-၂ နဲ့ရှုံးနေရာကနေ မာနီရဲ့နောက်ကျအနိုင်ဂိုးနဲ့အတူ ၃-၂ နဲ့ အနိုင်ရသွားခဲ့တာပါ။ ဒီခက်ခက်ခဲခဲနိုင်ပွဲကြောင့်လည်း လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့အတွက် နောက်ထပ်နိုင်ပွဲ ၄ ပွဲသာ လိုအပ်ပါတော့တယ်။ အမှားတွေလုပ်ခဲ့တဲ့ဝက်စ်ဟမ်းဂိုးသမားဖေဘီယန်စကီးကတော့ အန်ဖီးလ်မှာ အိပ်မက်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ။
photo-gettyimages
ဒဏ်ရာရနေတဲ့ အသင်းခေါင်းဆောင်ဟန်ဒါဆန်မပါတာကလွဲရင် လီဗာပူးဟာ ဆာလာ၊မာနီ၊ဖာမီနိုတို့နဲ့ လူစုံပွဲထွက်လာခဲ့ပြီး ပွဲချိန် ၉ မိနစ်မှာတင် အာနိုးရဲ့ဖြတ်တင်ဘောကနေ ဝစ်နယ်ဒမ်ရဲ့ခေါင်းတိုက်သွင်းယူမှုနဲ့ ဦးဆောင်ဂိုးစသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက် ၃ မိနစ်အကြာမှာတင် ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူမှုနဲ့ ဝက်စ်ဟမ်းက ချေပဂိုးရသွားပါတယ်။ ပထမပိုင်းပြီးချိန်အထိ ၁-၁ ဖြစ်နေခဲ့ပြီး ဒုတိယပိုင်းအစ ၅၄ မိနစ်မှာ လူစားဝင်ဖော်နယ်က ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးသွင်းသွားလို့ လီဗာပူးရဲ့လိဂ် ၂၇ ပွဲဆက်ရှုံးပွဲမရှိမှုဟာ ခပ်လှုပ်လှုပ်ဖြစ်သွားပါတယ်။ သူတို့အဆင့်အတန်းနဲ့ယှဉ်ရင် စိတ်ပျက်ဖွယ်ခြေစွမ်းဖြစ်ပေမယ့် ကံတရားက သူတို့ဘက်မှာ ရှိနေပြီး ၆၈ မိနစ်မှာ ဝက်စ်ဟမ်းဂိုးသမားဖေဘီယန်စကီးရဲ့အမှားကနေ လီဗာပူး ၂-၂ ဖြစ်စေမေယ့် ချေပဂိုးရသွားပါတယ်။ လီဗာပူးရဲ့ပထမဂိုးမှာကတည်းက ပုတ်ထုတ်နိုင်ခဲ့သင့်တဲ့ဖေဘီယန်စကီးဟာ အခုဒုတိယဂိုးမှာလည်း ဆာလာရဲ့ကန်ချက်က မပြင်းပေမယ့် သူ့လက်ကြားထဲကနေ ဝင်သွားခဲ့တာပါ။ ၈၁ မိနစ်မှာတော့ အာနိုးက ဂိုးသမားကို ကျော်ပြီး မတင်ပေးပို့မှုကနေ မာနီရဲ့ပိတ်သွင်းယူမှုနဲ့ လီဗာပူးဟာ အနိုင်ဂိုးရသွားခဲ့ပါတယ်။
photo-reuters
ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်ကနေ ဒီဇင်ဘာအထိ မန်စီးတီးတင်ထားတဲ့ အင်္ဂလိပ်လိဂ်စံချိန်ဖြစ်တဲ့ ၁၈ ပွဲဆက်အနိုင်ကို လိုက်မီသွားပါတယ်။ ပြိုင်ဘက်ဂိုးသမားရဲ့အမှားတွေကြောင့် လီဗာပူးဟာ ကံကောင်းစွာနဲ့ အန်ဖီးလ်မှာ နိုင်သွားခဲ့တယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
[Zawgyi]
ေနာက္ကေနျပန္လုိက္ကစားၿပီးမွ ၀က္စ္ဟမ္းကို အႏိုင္ရခဲ့တဲ့ လီဗာပူး
လီဗာပူးဟာ ၀က္္စ္ဟမ္းနဲ႔အိမ္ကြင္းပဲြမွာ ေျခစြမ္းအရ ရုနး္ကန္ခဲ့ရၿပီး ေနာက္ကေနျပန္လိုက္ကစားၿပီးမွ အႏိုင္ရသြားခဲ့တာ ျဖစ္ပါတယ္။ ၁-၂ နဲ႔ရႈံးေနရာကေန မာနီရဲ႕ေနာက္က်အႏိုင္ဂိုးနဲ႔အတူ ၃-၂ နဲ႔ အႏုိင္ရသြားခဲ့တာပါ။ ဒီခက္ခက္ခဲခဲႏိုင္ပြဲေၾကာင့္လည္း လီဗာပူးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖုိ႔အတြက္ ေနာက္ထပ္ႏိုင္ပြဲ ၄ ပြဲသာ လုိအပ္ပါေတာ့တယ္။ အမွားေတြလုပ္ခဲ့တဲ့၀က္စ္ဟမ္းဂိုးသမားေဖဘီယန္စကီးကေတာ့ အန္ဖီးလ္မွာ အိပ္မက္ဆိုးနဲ႔ ႀကဳံေတြ႕ခဲ့ရတာပါ။
ဒဏ္ရာရေနတဲ့ အသင္းေခါင္းေဆာင္ဟန္ဒါဆန္မပါတာကလြဲရင္ လီဗာပူးဟာ ဆာလာ၊မာနီ၊ဖာမီႏိုတို႔နဲ႔ လူစုံပြဲထြက္လာခဲ့ၿပီး ပြဲခ်ိန္ ၉ မိနစ္မွာတင္ အာႏုိးရဲ႕ျဖတ္တင္ေဘာကေန ၀စ္နယ္ဒမ္ရဲ႕ေခါင္းတုိက္သြင္းယူမႈနဲ႔ ဦးေဆာင္ဂိုးစသြင္းႏုိင္ခဲ့ပါတယ္။ ဒါေပမ့ဲ ေနာက္ ၃ မိနစ္အၾကာမွာတင္ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္သြင္းယူမႈနဲ႔ ၀က္စ္ဟမ္းက ေခ်ပဂိုးရသြားပါတယ္။ ပထမပိုင္းၿပီးခ်ိန္အထိ ၁-၁ ျဖစ္ေနခဲ့ၿပီး ဒုတိယပိုင္းအစ ၅၄ မိနစ္မွာ လူစား၀င္ေဖာ္နယ္က ၀က္စ္ဟမ္းအတြက္ ဦးေဆာင္ဂိုးသြင္းသြားလို႔ လီဗာပူးရဲ႕လိဂ္ ၂၇ ပြဲဆက္ရႈံးပြဲမရွိမႈဟာ ခပ္လႈပ္လႈပ္ျဖစ္သြားပါတယ္။ သူတုိ႔အဆင့္အတန္းနဲ႔ယွဥ္ရင္ စိတ္ပ်က္ဖြယ္ေျခစြမ္းျဖစ္ေပမယ့္ ကံတရားက သူတုိ႔ဘက္မွာ ရွိေနၿပီး ၆၈ မိနစ္မွာ ၀က္စ္ဟမ္းဂိုးသမားေဖဘီယန္စကီးရဲ႕အမွားကေန လီဗာပူး ၂-၂ ျဖစ္ေစေမယ့္ ေခ်ပဂိုးရသြားပါတယ္။ လီဗာပူးရဲ႕ပထမဂိုးမွာကတည္းက ပုတ္ထုတ္ႏိုင္ခဲ့သင့္တဲ့ေဖဘီယန္စကီးဟာ အခုဒုတိယဂိုးမွာလည္း ဆာလာရဲ႕ကန္ခ်က္က မျပင္းေပမယ့္ သူ႔လက္ၾကားထဲကေန ၀င္သြားခဲ့တာပါ။ ၈၁ မိနစ္မွာေတာ့ အာႏိုးက ဂိုးသမားကို ေက်ာ္ၿပီး မတင္ေပးပို႔မႈကေန မာနီရဲ႕ပိတ္သြင္းယူမႈနဲ႔ လီဗာပူးဟာ အႏိုင္ဂိုးရသြားခဲ့ပါတယ္။
ဒီႏိုင္ပြဲေၾကာင့္ လီဗာပူးဟာ ၿပီးခဲ့တဲ့ ၂၀၁၇ ၾသဂုတ္ကေန ဒီဇင္ဘာအထိ မန္စီးတီးတင္ထားတဲ့ အဂၤလိပ္လိဂ္စံခ်ိန္ျဖစ္တဲ့ ၁၈ ပြဲဆက္အႏိုင္ကို လိုက္မီသြားပါတယ္။ ၿပိဳင္ဘက္ဂိုးသမားရဲ႕အမွားေတြေၾကာင့္ လီဗာပူးဟာ ကံေကာင္းစြာနဲ႔ အန္ဖီးလ္မွာ ႏိုင္သြားခဲ့တယ္လို႔ ေျပာရင္ ပုိမွန္ပါလိမ့္မယ္။