နေဝင်ချိန်ရောက်နေတဲ့ ရော်နယ်ဒိုကို အပြစ်ဒဏ်ပေးလာကြပြီဖြစ်တဲ့ ပရိသတ်များ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဂျူဗင်တပ်စ်အသင်းရဲ့ ပရိသတ်တွေက ပြီးခဲ့တဲ့ ဖီအိုရင်တီးနားနဲ့ပွဲက အဖြစ်ပျက်ကြောင့်
ရော်နယ်ဒိုအပေါ်စိတ်ဆိုးဒေါသထွက်နေကြပါတယ်။
ရော်နယ်ဒိုဟာ ၃ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းဟာလည်း အဆင့် ၄ အထိရောက်နေပြီး
ချန်ပီယံလိဂ်ဝင်ခွင့်ကိုတောင် စိုးရိမ်နေရာတာဖြစ်ပါတယ်။
ဖီအိုရင်တီးနားအသင်းနဲ့ပွဲစဉ်မှာ တစ်ဂိုးစီသရေကျခဲ့အပြီးမှာတော့ ဂျူဗင်တပ်စ်
အသင်းနည်းပြ ပီယာလိုကလည်း ဒီနှစ်ဘောလုံးရာသီဟာ အသင်းအတွက်
ပျော်ရွှင်စရာကောင်းတဲ့ရာသီတစ်ခု မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အသင်းအတွက် ခက်ခဲတဲ့အနေအထားကို ရောက်နေသလို၊ ထိပ်တန်းကစားသမား စီရော်နယ်ဒိုအတွက်လည်း
မချစ်ခင် အပြစ်မြင်ခံရတဲ့ အနေအထားမျိုးတွေ ရှိလာနေပါတယ်။
ဖီအိုရင်တီးနားနဲ့ပွဲမှာ အပိုင်ခေါင်းတိုင်ချက် ကို အသုံးမချနိုင်ခဲ့တဲ့နောက်
ဂျူဗင်တပ်စ်ပရိသတ်တွေက သူတို့အားပေးခဲ့တဲ့ ရော်နယ်ဒိုကိုအရန်ခုံမှာပဲထိုင်ခိုင်းစေဖို့ အပြစ်ပြောတောင်းဆိုလာကြပါတယ်။
ရော်နယ်ဒိုကို အပြစ်ပေးဖို့ လူမှုကွန်ရက်တွစ်တာမှာ တောင်းဆိုခဲ့ကြတဲ့အရေအတွက်က 44,000 ကျော်အ ထိရှိလာခဲ့ပါပြီ။
နည်းပြပီယာလိုက “ ရော်နယ်ဒိုကစားပုံညံ့ခဲ့တယ်လို့ ကျွန်တော်မထင်ပါဘူး။”
” သူကအခွင့်အရေး တချို့ ရခဲ့ပြီး အသုံးမချနိုင်ခဲ့ပါဘူး။
တိုက်စစ်အပိုင်းမှာ နေရာလွတ်တွေ ဖန်တီးမှုပိုလိုအပ်တာကတော့ တစ်သင်းလုံးရဲ့ တာဝန်ပါ”လို့ပြောပါတယ်။
ပြိုင်ပွဲပြီးဆုံးဖို့ ၅ ပွဲသာ လိုအပ်တော့ချိန်မှာ အမှတ်ပေးဇယားထိပ်က အင်တာ မီလန်နဲ့ ၁၃ မှတ်အထိ
ကွာဟနေတာကြောင့် ဂျူဗင်တပ်စ်အနေနဲ့ ချန်ပီယံဆုကို မကာကွယ်နိုင်ဘဲ လက်လွှတ်ရဖို့ ရှိနေတာဖြစ်ပါတယ်။
လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းအတွက် ရော်နယ်ဒိုဟာ ၃၉ ပွဲကစားကာ ၃၂ ဂိုးအထိသွင်းပေးထားပြီး
အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်နေပေမယ့် အခုနောက်ပိုင်းပွဲစဉ်တွေမှာ
ရော်နယ်ဒိုရဲ့ လွဲချော်မှုတွေ၊ စိတ်ဖိစီးပြီး ပေါက်ကွဲတဲ့ အပြုအမူတွေဟာ လူပြောစရာဖြစ်နေတာပါ။
ဂျူဗင်တပ်စ်အတွက် ကယ်တင်ရှင်မဖြစ်နေတဲ့ စီရော်နယ်ဒိုဟာ အသင်းပြောင်းရွှေ့နိုင်ခြေရှိတယ် ဆိုပြီးလည်း
သတင်းတွေထွက်ထားပါတယ်။ လုပ်ခလစာမြင့်မားတဲ့ ဒိုလေးအတွက် ဘယ်အသင်းက သူ့ရဲ့ဒဏ်ကိုခံနိုင်မလဲဆိုတာ
စိတ်ဝင်စားစရာပါပဲ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi Version