
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
နေရှင်းလိဂ် ချန်ပီယံဖလား ဗိုလ်လုပွဲစဉ်မှာ ပြင်သစ်အသင်းဟာ စပိန်အသင်းရဲ့ ဦးဆောင်ဂိုး သွင်းယူခဲ့တာခံခဲ့ရပေမယ့် ဘင်ဇီမာနဲ့ ဘာပေးတို့ရဲ့ ပြန်လည်သွင်းယူနိုင်ခဲ့တဲ့ဂိုးတွေကြောင့် ပွဲအပြီးမှာ (၁-၂) ရလဒ်နဲ့ အနိုင်ရပြီး ဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာတော့ ယူနိုက်တက် ကွင်းလယ်လူ ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာရဲ့ ခြေစွမ်းပြသနိုင်မှုနဲ့ ရုန်းအားတွေကို ကောင်းကောင်းကြီး မြင်တွေ့ခဲ့ကြရပြီး သူ့ရဲ့ စွမ်းဆောင်ရည်က
တကယ့်ကို အံ့မခန်း ကောင်းမွန်နေခဲ့ကာ ဗိုလ်လုပွဲစဉ် တစ်ပွဲလုံးရဲ့ ပြင်သစ်ကစားသမားတွေထဲမှာ Rating အမြင့်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
သူ့ရဲ့ စွမ်းဆောင်ရည်တွေကတော့
◾️ ဘောလုံးပေးပို့မှု တိကျနှုန်း – ၈၄ ရာခိုင်နှုန်း
◾️ ဘောလုံး ထိပ်တိုက်ယှဉ်လုမှု – ၁၆ ကြိမ် ( ၁၁ ကြိမ်အောင်မြင် )
◾️ လိမ်ခေါက်ဖြတ်ကျော်မှု – ၆ ကြိမ် ( ၆ ကြိမ်လုံး အောင်မြင် )
◾️ ဘောလုံး ဖျက်ထုတ်မှု – ၅ ကြိမ် ( ၃ ကြိမ်အောင်မြင် )
◾️ ဘောလုံး ရှင်းထုတ်မှု – ၂ ကြိမ်
◾️ ဂိုးပေါက်ကန်သွင်းမှု – ၂ ကြိမ်
◾️ အခွင့်အရေးဖန်တီးမှု – ၁ ကြိမ်
ဒီပွဲမှာ ပေါ့ဂ်ဘာက သွင်းဂိုး နဲ့ ဂိုးဖန်တီးမှုတို့ကို မလုပ်နိုင်ခဲ့ပေမဲ့ Rating သတ်မှတ်ချက်မှာတော့ ( ၈.၂ ) အထိရရှိခဲ့ပါတယ်။
ခံစစ်ကျစ်လစ်တဲ့ စပိန်အသင်းကို ရင်ဆိုင်ဖို့အတွက် ပြင်သစ် နည်းပြ ဒက်ချမ်ဟာ အသင်း တိုက်စစ်မှာ လျင်မြန်တဲ့ တိုက်စစ်အတွဲတွေဖြစ်တဲ့ ဘင်ဇီမား၊ အန်ဘာပေ နဲ့ ဂရဇ်မန်း၊
ကွင်းလယ်မှာ ပေါ့ဂ်ဘာ၊ သီယိုဟာနန်ဒက်၊ ပတ်ဗာ့ဒ်၊ ချိုအမ် တို့(၄)ယောက် တန်း၊ ခံစစ်မှာ ရာဖေးလ် ဗာရန်းကို အထိုင်ထားပြီး၊ ကင်ပါဘေ နဲ့ ကုတ်ဒီတို့ (၃)ယောက်နဲ့ ပွဲထွက်လာခဲ့ပြီး (၃-၄-၁-၂) ကစားကွက် ကို ပုံဖော်ခဲ့ပါတယ်။
စပိန်အသင်းကတော့ ဘက်စကွက်၊ ဖာရန်တောရက်စ်၊ မီခေးလ် အိုယာဇာဘယ်လ် တို့နဲ့ ပွဲထွက်လာခဲ့ပြီး၊ ခံစစ်မှာ အပလီကွီတာ- ဂါဇီယာ- လာပေါ်တေး- အလွန်ဆို စတဲ့ ခံစစ်ကျစ်လစ်တဲ့ ဝါရင်ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။
ပထမပိုင်းမှာ (၂)သင်းစလုံးဟာ အမှားလုံးဝမခံပဲ အသင်းလိုက် စုဖွဲ့မှု ကောင်းကောင်းနဲ့ အပြန်အလှန်ထိမ်းကြောင်း ကစားသွားခဲ့ပြီး (ဝ-ဝ)ရလဒ်နဲ့ သာ ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ စပိန်အသင်းဟာ ပွဲချိန် (၆၁)မိနစ်မှာ တိုက်စစ်ပိုင်းက ပါဘလို ဆာရာဘီနေရာကို လူစားလဲမှု ပြုလုပ်ခဲ့ပြီးနောက် ပွဲချိန်(၆၄)မိနစ်မှာပဲ ဆာဂျီယို ဘတ်စကွက်ရဲ့ လှပတဲ့ ဖန်တီးပေးပို့မှုကနေတဆင့် စပိန်တိုက်စစ်မှုး မီခေးလ် အိုယာဇာဘယ်လ် က ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။
စပိန်အသင်းကို ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရတာနဲ့ ပြင်သစ်အသင်းဟာ ပြန်လည်တိုက်စစ်ဆင်လာခဲ့ပါတယ်။
(၂)မိနစ်အကြာမှာပဲ တိုက်စစ်မှုး ဘန်ဇီးမားက ပြင်သစ်အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ပြီး၊ ဒီဂိုးကိုတော့ တိုက်စစ်မှုး အမ်ဘာပေက ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲရလဒ်က (၁-၁)သရေဖြစ်နေခဲ့ပြီး၊ ပွဲဟာ ပိုကြည့်ကောင်းလာခဲ့ပါတယ်။ လူစားလဲမှုတွေ ပြုလုပ်လာကြပြီး၊ အနိုင်ဂိုး ရရှိဖို့ အတွက် အပြိုင် ကြိုးစား လာခဲ့ကြပါတယ်။
ပွဲချိန် မိနစ်(၈၀)မှာတော့ ပြင်သစ် အသင်းအတွက် နေရှင်းလိဂ် ချန်ပီယံဖလား ကိုင်မြောက်ခွင့် ရစေမယ့် အနိုင်ဂိုး ကို တိုက်စစ်မှုး အမ်ဘာပေက သွင်းယူ ပေးခဲ့ပါတယ်။
ပေါ့ဂ်ဘာခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ စပိန်အသင်းက ဆာဂျီယို ဘတ်စကွက် က ရရှိသွားခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ သမိုင်းတလျောက်ဆုဖလား(၅)ကြိမ်ရရှိခဲ့ဖူးတာဖြစ်ပြီး ဒီထဲကမှ ရရှိခဲ့တဲ့ ဆု (၄)ကြိမ်မှာ ဒက်ချမ်က အသင်းခေါင်းဆောင်အဖြစ် (၂)ကြိမ်၊ နည်းပြအဖြစ် (၂)ကြိမ် ကိုင်မြှောက်နိုင်ခဲ့သူဖြစ်လာပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ေနရွင္းလိဂ္ ဗိုလ္လုပြဲစဥ္မွာ ျပင္သစ္လက္ေ႐ြးစင္ ေပါ့ဂ္ဘာရဲ႕ ေျခစြမ္းနဲ႔ ႐ုန္းအားကေတာ့ ထူးရွယ္ပါပဲ
ေနရွင္းလိဂ္ ခ်န္ပီယံဖလား ဗိုလ္လုပြဲစဥ္မွာ ျပင္သစ္အသင္းဟာ စပိန္အသင္းရဲ႕ ဦးေဆာင္ဂိုး သြင္းယူခဲ့တာခံခဲ့ရေပမယ့္ ဘင္ဇီမာနဲ႔ ဘာေပးတို႔ရဲ႕ ျပန္လည္သြင္းယူႏိုင္ခဲ့တဲ့ဂိုးေတြေၾကာင့္ ပြဲအၿပီးမွာ (၁-၂) ရလဒ္နဲ႔ အႏိုင္ရၿပီး ဆုဖလားကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒီပြဲစဥ္မွာေတာ့ ယူႏိုက္တက္ ကြင္းလယ္လူ ျပင္သစ္လက္ေ႐ြးစင္ ေပါ့ဂ္ဘာရဲ႕ ေျခစြမ္းျပသႏိုင္မႈနဲ႔ ႐ုန္းအားေတြကို ေကာင္းေကာင္းႀကီး ျမင္ေတြ႕ခဲ့ၾကရၿပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္က တကယ့္ကို အံ့မခန္း ေကာင္းမြန္ေနခဲ့ကာ ဗိုလ္လုပြဲစဥ္ တစ္ပြဲလုံးရဲ႕ ျပင္သစ္ကစားသမားေတြထဲမွာ Rating အျမင့္ဆုံး ကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြကေတာ့
◾️ ေဘာလုံးေပးပို႔မႈ တိက်ႏႈန္း – ၈၄ ရာခိုင္ႏႈန္း
◾️ ေဘာလုံး ထိပ္တိုက္ယွဥ္လုမႈ – ၁၆ ႀကိမ္ ( ၁၁ ႀကိမ္ေအာင္ျမင္ )
◾️ လိမ္ေခါက္ျဖတ္ေက်ာ္မႈ – ၆ ႀကိမ္ ( ၆ ႀကိမ္လုံး ေအာင္ျမင္ )
◾️ ေဘာလုံး ဖ်က္ထုတ္မႈ – ၅ ႀကိမ္ ( ၃ ႀကိမ္ေအာင္ျမင္ )
◾️ ေဘာလုံး ရွင္းထုတ္မႈ – ၂ ႀကိမ္
◾️ ဂိုးေပါက္ကန္သြင္းမႈ – ၂ ႀကိမ္
◾️ အခြင့္အေရးဖန္တီးမႈ – ၁ ႀကိမ္
ဒီပြဲမွာ ေပါ့ဂ္ဘာက သြင္းဂိုး နဲ႔ ဂိုးဖန္တီးမႈတို႔ကို မလုပ္ႏိုင္ခဲ့ေပမဲ့ Rating သတ္မွတ္ခ်က္မွာေတာ့ ( ၈.၂ ) အထိရရွိခဲ့ပါတယ္။
ခံစစ္က်စ္လစ္တဲ့ စပိန္အသင္းကို ရင္ဆိုင္ဖို႔အတြက္ ျပင္သစ္ နည္းျပ ဒက္ခ်မ္ဟာ အသင္း တိုက္စစ္မွာ လ်င္ျမန္တဲ့ တိုက္စစ္အတြဲေတြျဖစ္တဲ့ ဘင္ဇီမား၊ အန္ဘာေပ နဲ႔ ဂရဇ္မန္း၊ ကြင္းလယ္မွာ ေပါ့ဂ္ဘာ၊ သီယိုဟာနန္ဒက္၊ ပတ္ဗာ့ဒ္၊ ခ်ိဳအမ္ တို႔(၄)ေယာက္ တန္း၊ ခံစစ္မွာ ရာေဖးလ္ ဗာရန္းကို အထိုင္ထားၿပီး၊ ကင္ပါေဘ နဲ႔ ကုတ္ဒီတို႔ (၃)ေယာက္နဲ႔ ပြဲထြက္လာခဲ့ၿပီး (၃-၄-၁-၂) ကစားကြက္ ကို ပုံေဖာ္ခဲ့ပါတယ္။
စပိန္အသင္းကေတာ့ ဘက္စကြက္၊ ဖာရန္ေတာရက္စ္၊ မီေခးလ္ အိုယာဇာဘယ္လ္ တို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး၊ ခံစစ္မွာ အပလီကြီတာ- ဂါဇီယာ- လာေပၚေတး- အလြန္ဆို စတဲ့ ခံစစ္က်စ္လစ္တဲ့ ဝါရင္ကစားသမားေတြ ပါဝင္လာခဲ့ပါတယ္။
ပထမပိုင္းမွာ (၂)သင္းစလုံးဟာ အမွားလုံးဝမခံပဲ အသင္းလိုက္ စုဖြဲ႕မႈ ေကာင္းေကာင္းနဲ႔ အျပန္အလွန္ထိမ္းေၾကာင္း ကစားသြားခဲ့ၿပီး (ဝ-ဝ)ရလဒ္နဲ႔ သာ ၿပီးဆုံးခဲ့ပါတယ္။
ဒုတိယပိုင္းမွာေတာ့ စပိန္အသင္းဟာ ပြဲခ်ိန္ (၆၁)မိနစ္မွာ တိုက္စစ္ပိုင္းက ပါဘလို ဆာရာဘီေနရာကို လူစားလဲမႈ ျပဳလုပ္ခဲ့ၿပီးေနာက္ ပြဲခ်ိန္(၆၄)မိနစ္မွာပဲ ဆာဂ်ီယို ဘတ္စကြက္ရဲ႕ လွပတဲ့ ဖန္တီးေပးပို႔မႈကေနတဆင့္ စပိန္တိုက္စစ္မႈး မီေခးလ္ အိုယာဇာဘယ္လ္ က ဦးေဆာင္ဂိုး သြင္းယူခဲ့ပါတယ္။
စပိန္အသင္းကို ဦးေဆာင္ဂိုး ခြင့္ျပဳေပးလိုက္ရတာနဲ႔ ျပင္သစ္အသင္းဟာ ျပန္လည္တိုက္စစ္ဆင္လာခဲ့ပါတယ္။ (၂)မိနစ္အၾကာမွာပဲ တိုက္စစ္မႈး ဘန္ဇီးမားက ျပင္သစ္အသင္းအတြက္ ေခ်ပဂိုး သြင္းယူေပးခဲ့ၿပီး၊ ဒီဂိုးကိုေတာ့ တိုက္စစ္မႈး အမ္ဘာေပက ဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။
ပြဲရလဒ္က (၁-၁)သေရျဖစ္ေနခဲ့ၿပီး၊ ပြဲဟာ ပိုၾကည့္ေကာင္းလာခဲ့ပါတယ္။ လူစားလဲမႈေတြ ျပဳလုပ္လာၾကၿပီး၊ အႏိုင္ဂိုး ရရွိဖို႔ အတြက္ အၿပိဳင္ ႀကိဳးစား လာခဲ့ၾကပါတယ္။
ပြဲခ်ိန္ မိနစ္(၈၀)မွာေတာ့ ျပင္သစ္ အသင္းအတြက္ ေနရွင္းလိဂ္ ခ်န္ပီယံဖလား ကိုင္ေျမာက္ခြင့္ ရေစမယ့္ အႏိုင္ဂိုး ကို တိုက္စစ္မႈး အမ္ဘာေပက သြင္းယူ ေပးခဲ့ပါတယ္။ ေပါ့ဂ္ဘာေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ဗိုလ္လုပြဲစဥ္ရဲ႕ အေကာင္းဆုံးကစားသမားဆုကိုေတာ့ စပိန္အသင္းက ဆာဂ်ီယို ဘတ္စကြက္ က ရရွိသြားခဲ့ပါတယ္။
ျပင္သစ္အသင္းဟာ သမိုင္းတေလ်ာက္ဆုဖလား(၅)ႀကိမ္ရရွိခဲ့ဖူးတာျဖစ္ၿပီး ဒီထဲကမွ ရရွိခဲ့တဲ့ ဆု (၄)ႀကိမ္မွာ ဒက္ခ်မ္က အသင္းေခါင္းေဆာင္အျဖစ္ (၂)ႀကိမ္၊ နည္းျပအျဖစ္ (၂)ႀကိမ္ ကိုင္ေျမႇာက္ႏိုင္ခဲ့သူျဖစ္လာပါတယ္။