နေရာအစုံကိုင်တဲ့လက်ကိုလူမြင်ကွင်းမှာ ထပ်နမ်းရှုံ့ပြန်တဲ့ ဂျိုအာဂျင်လို
လူတချို့မှာ မကောင်းတဲ့ အပြုအမူတချို့ရှိတတ်ပါတယ်။ မသိလိုက်၊မသိဘာသာ
လုပ်မြဲလုပ်တတ်တဲ့အဲဒီအကျင့်က ပတ်ဝန်းကျင်က သူတွေအတွက်တော့
စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ဂျာမနီနည်းပြ ဂျိုအာဂျင်လိုဟာ
ယမန်နေ့ညက ပြင်သစ်နဲ့ ပွဲစဉ်မှာ လက်တွေကို နမ်းရှုံ့ခဲ့ပါတယ်။
ဂျာမနီအသင်းကို၂၀၁၄ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ခဲ့တဲ့ဂျိုအာဂျင်လိုမှာ
အဲဒီအမူအကျင့်ရှိပါတယ်။ ဂျာမနီနည်းပြကြီးက လက်ချောင်းတွေကို
နမ်းရှုံ့ရတာ ဝါသနာပါပါတယ်။ ဂျိုအာဂျင်လိုဟာ ပြီးခဲ့တဲ့နှစ်များ
အတွင်းတုန်းကလည်း ပေါင်ခြံအတွင်းကိုလက်နှိုက်ပြီးနမ်းခြင်း၊
လက်ချောင်းများကိုနမ်းခြင်းစတဲ့အပြုအမူများပြုလုပ်ခဲ့သူဖြစ်ပါတယ်။
ယမန်နေ့က ပြင်သစ်ကို ရှုံးနိမ့်နေချိန် ပွဲချိန် ၅၉မိနစ်မှာ ဂျိုအာဂျင်လိုဟာ ယခင်က
အကျင့်အတိုင်းပဲ ကုတ်ဖဲ့တာ၊ နမ်းရှုံ့တာမျိုးတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
နာမည်ကြီးနည်းပြတစ်ယောက်ရဲ့ အနေအထိုင်မတတ်တဲ့ပုံရိပ်က
ပရိသတ်တွေ၊မီဒီယာတွေအတွက်တော့ ပြောစရာဖြစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်တုန်းကလက်ချောင်းများကိုနမ်းတဲ့အပြုအမူလုပ်တုန်းက
ဂျိုအာဂျင်လိုက “စိတ်လှုပ်ရှားမှုများနေတဲ့အချိန်မှာဘာတွေဖြစ်ပျက်သွားတယ်ဆိုတာ
ကိုယ့်ဘာသာကိုယ်တောင်သိလိုက်တာမဟုတ်ပါဘူး။ကျွန်တော့်ရဲ့အနေအထိုင်တွေကို
ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုကျွန်တော်မြင်ပါတယ်။အဲဒီအတွက်လည်းတောင်းပန်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
တောင်းပန်ပြီးနောက် အခုထပ်ပြီးတော့ နမ်းရှုံ့နေပြန်တာပါ။
ဒါပေမယ့် နောက်ထပ်တော့ ဂျိုအာဂျင်လိုရဲ့ အပြုအမူကို ဂျာမနီအသင်းကိုယ်စားပြုတဲ့နေရာကနေ
ထပ်မြင်ရမှာမဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူဟာယူရို၂၀၂၀ပြိုင်ပွဲအပြီးမှာဂျာမနီနည်းပြရာထူးကနေ
ထွက်ခွာမှာဖြစ်ပြီး ၊ သူ့နေရာမှာ ဟန်စီ ဖလစ်ခ်က တာဝန်ယူဖို့ ရှိနေလို့ဖြစ်ပါတယ်။
ငဗစ်ဖြစ်နေတဲ့ကာလ မကြောက်မရွံ့ သတိမကပ်တဲ့ ဂျိုအာဂျင်လို ကဲ့သို့ လူစားတွေအများကြီးပါ။
Zawgyi Version
ပြောစရာဖြစ်ခဲ့ပါတယ်။
နမ်းရှုံ့နေပြန်တာပါ။
လူစားတွေအများကြီးပါ။