
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
PSG အသင်းကွင်းလယ်ကစားသမားဟောင်းဖြစ်သူ အက်ဒွါဆီဆေးက PSG အသင်းရဲ့နာမည်ကျော်ကစားသမားနေမာဟာ အသင်းဖော်တွေကို ဆရာကြီးလုပ်ချင်စိတ်များနေပြီး အကျင့်စရိုက်မကောင်းတဲ့ဆိုးပေတစ်ယောက်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက PSG အသင်းဟာ ရန်းစ်အသင်းနဲ့ကစားခဲ့တဲ့ပြင်သစ်လီဂူးပွဲမှာ မက်ဆီ၊ ဘာပေ၊ နေမာစတဲ့ ကမ္ဘာကျော်ကစားသမားတွေအစုံအလင်ပါဝင်ခဲ့ပေမယ့် (၂-၀)ဂိုးနဲ့မထင်မှတ်ဘဲရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အက်ဒွါဆီဆေးက နေမာကို အခုလိုဝေဖန်ပြစ်တင်ခဲ့တာပါ။
ရန်းစ်နဲ့ပွဲမှာ ဒုတိယပိုင်းစလို့ (၂)မိနစ်အတွင်းမှာပဲ Gaiten Laborde နဲ့ Flavien Tait တို့က ရန်းစ်အသင်းအတွက်ဂိုးတွေဆက်တိုက်သွင်းယူခဲ့ပြီး နေမာဟာ ဘောလုံးဆုံးရှုံးမှု(၂၂)ကြိမ်အထိရှိခဲ့သလို ရန်းစ်အသင်းရခဲ့တဲ့ပထမဂိုးကလည်း သူ့ဆီက ဘောလုံးပျက်သွားတာကနေ ပေးလိုက်ရတာပါ။
အဲဒါကြောင့် နည်းပြပိုချက်တီနိုက (၈၂)မိနစ်မှာ နေမာကို အီကာဒီနဲ့လူစားလဲခဲ့ရပြီး အဲဒီပွဲအတွက် ပြင်သစ်နာမည်ကျော်သတင်းစာ Le Parisien ရဲ့ Rating သတ်မှတ်ချက်မှာ နေမာဟာ (၂.၅)သာရရှိခဲ့ပါတယ်။
အဲဒီပွဲက နေမာရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ အက်ဒွါဆီဆေးက ဝေဖန်ခဲ့တဲ့အပြင် နေမာရဲ့စိတ်နေစိတ်ထားကိုပါ ပြစ်တင်စကားဆိုခဲ့တာဖြစ်ပါတယ်။
PSG အသင်းမှာ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိဆယ်စုနှစ်တစ်ခုကြာကစားခဲ့တဲ့ အက်ဒွါဆီဆေး(၄၃နှစ်)က “နေမာဟာ ကမ္ဘာ့အဆင့်ဘောလုံးသမားတစ်ယောက်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။
ဒါပေမဲ့ သူက အကျင့်စရိုက်မကောင်းတဲ့လူဆိုးတစ်ယောက်ဖြစ်ပြီး အသင်းဖော်တွေကို အမြဲလိုလိုဆရာလုပ်ချင်တဲ့သူတစ်ယောက်ပါ။
ဘာစီလိုနာမှာတုန်းက ဘာစီလိုနာအသင်းဟာ သူတို့သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း စနစ်တကျတည်ဆောက်ထားတာကြောင့် နေမာဟာ သိပ်ပြီးတော့ ဆရာလုပ်ခွင့်မရဘဲ
သူရဲ့အဓိကတာဝန်က ပြိုင်ဘက်ခံစစ်ကိုထိုးဖောက်ဖို့၊ အပြောင်းအလဲတွေဖြစ်အောင်ဖန်တီးဖို့နဲ့ ဆရာကြီးမက်ဆီကို ဦးတည်ပြီးဘောလုံးပေးကစားဖို့ပါပဲ။
ဘာစီလိုနာမှာခြေစွမ်းပြနိုင်ခဲ့သလို သူနဲ့မက်ဆီကအကောင်းဆုံးအတွဲအဖက်တွေဖြစ်ခဲ့ပါတယ်။
PSG အသင်းမှာတော့ အသင်းက နေမာကို သူ့စိတ်ကြိုက်လုပ်ချင်တာလုပ်ခွင့်ပေးထားတာကြောင့် တစ်ခါတလေကျရင် နေမာဟာ စိတ်ထင်တိုင်းလျှောက်လုပ်တော့တာပါပဲ”လို့ ဝေဖန်ခဲ့ပါတယ်။
နေမာဟာ ဒီရာသီမှာ PSG အသင်းအတွက်ခြေစွမ်းမပြနိုင်သေးဘဲ အသင်းအတွက်(၇)ပွဲကစားပြီးချိန်မှာ (၁)ဂိုးသာသွင်းနိုင်ခဲ့တဲ့အပြင် ဂိုးဖန်တီးမှု(၂)ကြိမ်သာပြုလုပ်ထားတာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ေနမာဟာ အသင္းေဖာ္ေတြကို ဆရာလုပ္ခ်င္စိတ္မ်ားေနတဲ့ ဆိုးေပတစ္ေယာက္ျဖစ္တယ္လို႔ PSG ကစားသမားေဟာင္းေဝဖန္
PSG အသင္းကြင္းလယ္ကစားသမားေဟာင္းျဖစ္သူ အက္ဒြါဆီေဆးက PSG အသင္းရဲ႕နာမည္ေက်ာ္ကစားသမားေနမာဟာ အသင္းေဖာ္ေတြကို ဆရာႀကီးလုပ္ခ်င္စိတ္မ်ားေနၿပီး အက်င့္စ႐ိုက္မေကာင္းတဲ့ဆိုးေပတစ္ေယာက္ျဖစ္တယ္လို႔ ေဝဖန္ေျပာဆိုလိုက္ပါတယ္။ ၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းက PSG အသင္းဟာ ရန္းစ္အသင္းနဲ႔ကစားခဲ့တဲ့ျပင္သစ္လီဂူးပြဲမွာ မက္ဆီ၊ ဘာေပ၊ ေနမာစတဲ့ ကမာၻေက်ာ္ကစားသမားေတြအစုံအလင္ပါဝင္ခဲ့ေပမယ့္ (၂-၀)ဂိုးနဲ႔မထင္မွတ္ဘဲရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ အက္ဒြါဆီေဆးက ေနမာကို အခုလိုေဝဖန္ျပစ္တင္ခဲ့တာပါ။
ရန္းစ္နဲ႔ပြဲမွာ ဒုတိယပိုင္းစလို႔ (၂)မိနစ္အတြင္းမွာပဲ Gaiten Laborde နဲ႔ Flavien Tait တို႔က ရန္းစ္အသင္းအတြက္ဂိုးေတြဆက္တိုက္သြင္းယူခဲ့ၿပီး ေနမာဟာ ေဘာလုံးဆုံးရႈံးမႈ(၂၂)ႀကိမ္အထိရွိခဲ့သလို ရန္းစ္အသင္းရခဲ့တဲ့ပထမဂိုးကလည္း သူ႔ဆီက ေဘာလုံးပ်က္သြားတာကေန ေပးလိုက္ရတာပါ။ အဲဒါေၾကာင့္ နည္းျပပိုခ်က္တီႏိုက (၈၂)မိနစ္မွာ ေနမာကို အီကာဒီနဲ႔လူစားလဲခဲ့ရၿပီး အဲဒီပြဲအတြက္ ျပင္သစ္နာမည္ေက်ာ္သတင္းစာ Le Parisien ရဲ႕ Rating သတ္မွတ္ခ်က္မွာ ေနမာဟာ (၂.၅)သာရရွိခဲ့ပါတယ္။
အဲဒီပြဲက ေနမာရဲ႕ေျခစြမ္းနဲ႔ပတ္သက္လို႔ အက္ဒြါဆီေဆးက ေဝဖန္ခဲ့တဲ့အျပင္ ေနမာရဲ႕စိတ္ေနစိတ္ထားကိုပါ ျပစ္တင္စကားဆိုခဲ့တာျဖစ္ပါတယ္။ PSG အသင္းမွာ ၁၉၉၇ ခုႏွစ္ကေန ၂၀၀၇ ခုႏွစ္အထိဆယ္စုႏွစ္တစ္ခုၾကာကစားခဲ့တဲ့ အက္ဒြါဆီေဆး(၄၃ႏွစ္)က “ေနမာဟာ ကမာၻ႔အဆင့္ေဘာလုံးသမားတစ္ေယာက္ဆိုတာ ဘယ္သူမွမျငင္းႏိုင္ပါဘူး။ ဒါေပမဲ့ သူက အက်င့္စ႐ိုက္မေကာင္းတဲ့လူဆိုးတစ္ေယာက္ျဖစ္ၿပီး အသင္းေဖာ္ေတြကို အၿမဲလိုလိုဆရာလုပ္ခ်င္တဲ့သူတစ္ေယာက္ပါ။
ဘာစီလိုနာမွာတုန္းက ဘာစီလိုနာအသင္းဟာ သူတို႔သတ္မွတ္ထားတဲ့လမ္းေၾကာင္းအတိုင္း စနစ္တက်တည္ေဆာက္ထားတာေၾကာင့္ ေနမာဟာ သိပ္ၿပီးေတာ့ ဆရာလုပ္ခြင့္မရဘဲ သူရဲ႕အဓိကတာဝန္က ၿပိဳင္ဘက္ခံစစ္ကိုထိုးေဖာက္ဖို႔၊ အေျပာင္းအလဲေတြျဖစ္ေအာင္ဖန္တီးဖို႔နဲ႔ ဆရာႀကီးမက္ဆီကို ဦးတည္ၿပီးေဘာလုံးေပးကစားဖို႔ပါပဲ။ ဘာစီလိုနာမွာေျခစြမ္းျပႏိုင္ခဲ့သလို သူနဲ႔မက္ဆီကအေကာင္းဆုံးအတြဲအဖက္ေတြျဖစ္ခဲ့ပါတယ္။ PSG အသင္းမွာေတာ့ အသင္းက ေနမာကို သူ႔စိတ္ႀကိဳက္လုပ္ခ်င္တာလုပ္ခြင့္ေပးထားတာေၾကာင့္ တစ္ခါတေလက်ရင္ ေနမာဟာ စိတ္ထင္တိုင္းေလွ်ာက္လုပ္ေတာ့တာပါပဲ”လို႔ ေဝဖန္ခဲ့ပါတယ္။ ေနမာဟာ ဒီရာသီမွာ PSG အသင္းအတြက္ေျခစြမ္းမျပႏိုင္ေသးဘဲ အသင္းအတြက္(၇)ပြဲကစားၿပီးခ်ိန္မွာ (၁)ဂိုးသာသြင္းႏိုင္ခဲ့တဲ့အျပင္ ဂိုးဖန္တီးမႈ(၂)ႀကိမ္သာျပဳလုပ္ထားတာျဖစ္ပါတယ္။