နေမာသာ ရီးရဲလ် ကမ်းလှမ်းခဲ့ဖူးတဲ့ မက်လောက်စရာ ပိုက်ဆံတွေကိုသာ ခေါင်းညိတ်ခဲ့မယ်ဆိုရင်…
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
နေမာဟာ ဘာစီလိုနာအသင်းကို မပြောင်းရွှေ့ခင် ဘာစီလိုနာရဲ့ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပါတယ်။
ရီးရဲလ်ဘက်က နေမာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)အပြင် နေမာအလိုရှိသမျှကိုပါ ပေးဆောင်သွားမယ်ဆိုတဲ့ မက်မောလောက်စရာ ကမ်းလှမ်းချက်နဲ့ပါ ကမ်းလှမ်းခဲ့တယ်လို့ နေမာရဲ့အေးဂျင့်ဟောင်းဖြစ်သူ ရီဘယ်ရိုးက ပြောဆိုပါတယ်။
နေမာဟာ ရီးရဲလ်ကို ပြောင်းရွှေ့ကစားဖို့ နီးစပ်ခဲ့ပေမယ့်လည်း သူကိုယ်တိုင်က မက်ဆီနဲ့ ဂျရတ်ပီကေးတို့ ပါဝင်ကစားလျက်ရှိနေတဲ့ ဘာစီလိုနာအသင်းကိုသာ ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေတဲ့အတွက် ဘာစီလိုနာကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ရီဘယ်ရိုးက “အဲဒီအချိန်တုန်းက နေမာအနေနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့အတွက် အတော်ကို နီးစပ်ခဲ့တာဗျ…ရီးရဲလ်ဥက္ကဌ ပီရက်ဇ်က ယူရိုသန်း ၃၀၀ လောက် ပေးဖို့အဆင်သင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။ အံသြဖို့ကောင်းတာတစ်ခုကတော့ အခုသူကစားနေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပိုင်ရှင် အယ်ခီလိုင်ဖီက နေမာကိုခေါ်ယူဖို့ ငြင်းဆိုခဲ့ဘူးပါတယ်။” လို့ပြောပါတယ်။
ချယ်လ်ဆီး အသင်းဘက်က ချိတ်ဆက်တာတွေလည်းရှိခဲ့ပါတယ်။ရီဘယ်ရိုးက “၂၀၁ဝခုနှစ်လောက်တုန်းက ချယ်လ်ဆီးအသင်းဘက်ကနေ နေမာကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေကို ကြီးကြီးမားမား လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါပေမယ့် နေမာကတော့ အဲဒီဘက်ကို မသွားချင်ပါဘူး” လို့ ထုတ်ဖော်ပြောဆိုပါတယ်။
ယခုအခါ နေမာဟာ လက်ရှိပြင်သစ်ကလပ်နှင့် စာချုပ်သက်တမ်း တစ်နှစ်ခန့်သာ ကျန်ရှိတော့ချိန်တွင် အပြောင်းအရွှေ့သတင်းများ ထပ်မံထွက်ပေါ်လာနေပါတယ်။
ရီဘယ်ရိုးက “နေမာဟာ ပြင်သစ်မှာ ပျော်နေပါတယ်။ သူ့ကို ပီအက်စ်ဂျီကပေးတဲ့ ကမ်းလှမ်းမှုမျိုး ဘယ်သူမှ တတ်နိုင်မှာ မဟုတ်ပါဘူး။ ရီးရဲလ်နဲ့ ဘာကာ နှစ်သင်းစလုံးက ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။” လို့ပြောထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi