နေမာရဲ့စိတ်ဓာတ်စစ်ဆင်ရေးကိုကြံ့ကြံ့ခံပြီး ပင်နယ်တီတည်ငြိမ်စွာကန်သွင်းခဲ့တဲ့ ဇိုဘော့စ်လိုင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဟန်ဂေရီကွင်းလယ်လူ ဒိုမီနစ်ဇိုဘော့စ်လိုင်ဟာ ပီအက်စ်ဂျီနဲ့သရေကျခဲ့တဲ့ပွဲမှာ နာကျင်အချိန်ပိုကျမှ ပင်နယ်တီကန်ခွင့်ရတာကို အမှားအယွင်းမရှိကန်သွင်းပြီး လိုက်ပ်ဇစ်အတွက် အဖိုးတန်သရေတစ်မှတ်ရယူပေးခဲ့ပါတယ်။

လိုက်ပ်ဇစ်ဟာ ပွဲအစ ၈မိနစ်ကတည်းက ပြင်သစ်ကွင်းလယ်လူ အန်ကွန်ကူသွင်းယူခဲ့တဲ့ဂိုးနဲ့ ဦး ဆောင်နိုင်ခဲ့သလို နောက်၄မိနစ်အကြာမှာလည်း ပင်နယ်တီကန်ခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ အန်ဒရီဆေးလ်ဗားရဲ့ကန်သွင်းမှုကို ပီအက်စ်ဂျီဂိုးသမားဒွန်နာရမ်မာကာ ကွယ်နိုင်ခဲ့တာမို့ စောစောစီးစီး ၂ဂိုးပြတ်ဦးဆောင်နိုင်မယ့်အခွင့်အရေးကိုလက် လွှတ်ခဲ့ရပါတယ်။

ဒါ့အပြင် ပထမပိုင်းမပြီးမီမှာဘဲ နယ်သာလန်ကွင်းလယ်လူဝိုင်နယ်ဒမ်က၂ဂိုးဆက်သွင်းပေးပြီး ပီအက်စ်ဂျီကို တစ်ဖန်ပြန်ဦးဆောင်စေခဲ့ပါတယ်။

ပုံမှန်ပွဲချိန် မိနစ် ၉၀ပြည့်တဲ့အထိ လိုက်ပ်ဇစ် ချေပဂိုးမသွင်းနိုင်တာမို့ ပီအက်စ်ဂျီနိုင်ပွဲရပြီလို့ထင်နေတုန်း နာကျင်အချိန်ပိုမှာ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။

ပီအက်စ်ဂျီနောက်ခံလူ ကင်မ်ပမ်ဘီက အန်ကွန်ကူကို ပင်နယ်တီဧရိယာထဲမှာ ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့တာမို့ VAR အချိန်ကြာမြင့်စွာကြည့်ပြီး

ဆွီဒင်ကွင်းလယ်ဒိုင် အန်းဒရီးယက်စ်အက်ခ်ဘာ့ဂ်က လိုက်ပ်ဇစ်ကို ပင်နယ်တီကန်ခွင့်ပေးခဲ့တာပါ။

အဲဒီပင်နယ်တီကို ဇိုဘော့စ်လိုင်က အမှားအယွင်းမရှိကန်သွင်းပြီး လိုက်ပ်ဇစ်အတွက် အုပ်စုတွင်း ပထမဆုံးအမှတ်တစ်မှတ်ရယူပေးခဲ့ပါတယ်။

ပင်နယ်တီမကန်ခင် ဘောလုံးပိုက်ထားချိန်မှာ နေမာက အရှေ့မှာလာရပ်ပြီး ဇိုဘော့စ်လိုင် အာရုံထွေပြားအောင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခဲ့တာပါ။

ပွဲအပြီးမှာတော့ ဇိုဘော့စ်လိုင်က နေမာ သူ့ကိုဘာတွေပြောခဲ့သလဲဆိုတာ ဖွင့်ချခဲ့ပါတယ်။

နေမာက မင်း ဂိုးသွင်းမလို့လားဆိုပြီး စပြောခဲ့တာပါ။

ဇိုဘော့စ်လိုင်က ဟုတ်တယ်လို့ပြန်ပြောတာကို နေမာက သေချာရဲ့လားလို့ ထပ်ကွန့်ခဲ့ပါတယ်။

ဇိုဘော့စ်လိုင်ကလည်း ငါ တစ်ခါမှပင်နယ်တီမလွဲဖူးဘူးဆိုပြီး ခွန်းတုံ့ပြန်ခဲ့တာမို့ နေမာမျက်နှာရှုံ့မဲ့သွားတာကို ရုပ်သံပြကွက်တွေမှာ အတိုင်းသားတွေ့ရပါတယ်။

ဇိုဘော့စ်လိုင်ဟာ အသက် ၂၁နှစ်သာရှိသေးပေမယ့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှုအပြည့်ရှိတယ်ဆိုတာ ပင်နယ်တီကို တည်ငြိမ်စွာကန်သွင်းပြီး သက်သေပြခဲ့တာပါ။

ပြင်းထန်တဲ့စောဒကတက်ငြင်းခုန်မှုကြောင့် ပထမပိုင်းမိနစ် ၃၀မှာ အဝါကတ်ပြ သတိပေးခံရတဲ့ လိုက်ပ်ဇစ်နည်းပြ ဂျက်ဆီမက်ရှ်ကတော့

ဆွီဒင်ကွင်းလယ်ဒိုင် အက်ခ်ဘာ့ဂ်ကို နေမာဆီက အမှတ်တရအော်တိုလက်မှတ်ရဖို့ကိုပဲ စိတ်ရောက်နေပြီး ပွဲကိုတော့ တရားမျှတစွာကိုင်တွယ်ခဲ့ခြင်းမရှိဘူးလို့ စွပ်စွဲခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေနမာရဲ႕စိတ္ဓာတ္စစ္ဆင္ေရးကိုႀကံ့ႀကံ့ခံၿပီး ပင္နယ္တီတည္ၿငိမ္စြာကန္သြင္းခဲ့တဲ့ ဇိုေဘာ့စ္လိုင္

ဟန္ေဂရီကြင္းလယ္လူ ဒိုမီနစ္ဇိုေဘာ့စ္လိုင္ဟာ ပီအက္စ္ဂ်ီနဲ႔သေရက်ခဲ့တဲ့ပြဲမွာ နာက်င္အခ်ိန္ပိုက်မွ ပင္နယ္တီကန္ခြင့္ရတာကို အမွားအယြင္းမရွိကန္သြင္းၿပီး လိုက္ပ္ဇစ္အတြက္ အဖိုးတန္သေရတစ္မွတ္ရယူေပးခဲ့ပါတယ္။

လိုက္ပ္ဇစ္ဟာ ပြဲအစ ၈မိနစ္ကတည္းက ျပင္သစ္ကြင္းလယ္လူ အန္ကြန္ကူသြင္းယူခဲ့တဲ့ဂိုးနဲ႔ ဦး ေဆာင္ႏိုင္ခဲ့သလို ေနာက္၄မိနစ္အၾကာမွာလည္း ပင္နယ္တီကန္ခြင့္ရခဲ့ပါတယ္။

ဒါေပမဲ့ အန္ဒရီေဆးလ္ဗားရဲ႕ကန္သြင္းမႈကို ပီအက္စ္ဂ်ီဂိုးသမားဒြန္နာရမ္မာကာ ကြယ္ႏိုင္ခဲ့တာမို႔ ေစာေစာစီးစီး ၂ဂိုးျပတ္ဦးေဆာင္ႏိုင္မယ့္အခြင့္အေရးကိုလက္ လႊတ္ခဲ့ရပါတယ္။ ဒါ့အျပင္ ပထမပိုင္းမၿပီးမီမွာဘဲ နယ္သာလန္ကြင္းလယ္လူဝိုင္နယ္ဒမ္က၂ဂိုးဆက္သြင္းေပးၿပီး ပီအက္စ္ဂ်ီကို တစ္ဖန္ျပန္ဦးေဆာင္ေစခဲ့ပါတယ္။

ပုံမွန္ပြဲခ်ိန္ မိနစ္ ၉၀ျပည့္တဲ့အထိ လိုက္ပ္ဇစ္ ေခ်ပဂိုးမသြင္းႏိုင္တာမို႔ ပီအက္စ္ဂ်ီႏိုင္ပြဲရၿပီလို႔ထင္ေနတုန္း နာက်င္အခ်ိန္ပိုမွာ အလွည့္အေျပာင္းတစ္ခုျဖစ္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီေနာက္ခံလူ ကင္မ္ပမ္ဘီက အန္ကြန္ကူကို ပင္နယ္တီဧရိယာထဲမွာ ၾကမ္းတမ္းစြာဖ်က္ထုတ္ခဲ့တာမို႔ VAR အခ်ိန္ၾကာျမင့္စြာၾကည့္ၿပီး ဆြီဒင္ကြင္းလယ္ဒိုင္ အန္းဒရီးယက္စ္အက္ခ္ဘာ့ဂ္က လိုက္ပ္ဇစ္ကို ပင္နယ္တီကန္ခြင့္ေပးခဲ့တာပါ။

အဲဒီပင္နယ္တီကို ဇိုေဘာ့စ္လိုင္က အမွားအယြင္းမရွိကန္သြင္းၿပီး လိုက္ပ္ဇစ္အတြက္ အုပ္စုတြင္း ပထမဆုံးအမွတ္တစ္မွတ္ရယူေပးခဲ့ပါတယ္။

ပင္နယ္တီမကန္ခင္ ေဘာလုံးပိုက္ထားခ်ိန္မွာ ေနမာက အေရွ႕မွာလာရပ္ၿပီး ဇိုေဘာ့စ္လိုင္ အာ႐ုံေထြျပားေအာင္ စိတ္ဓာတ္စစ္ဆင္ေရးလုပ္ခဲ့တာပါ။ ပြဲအၿပီးမွာေတာ့ ဇိုေဘာ့စ္လိုင္က ေနမာ သူ႔ကိုဘာေတြေျပာခဲ့သလဲဆိုတာ ဖြင့္ခ်ခဲ့ပါတယ္။ ေနမာက မင္း ဂိုးသြင္းမလို႔လားဆိုၿပီး စေျပာခဲ့တာပါ။

ဇိုေဘာ့စ္လိုင္က ဟုတ္တယ္လို႔ျပန္ေျပာတာကို ေနမာက ေသခ်ာရဲ႕လားလို႔ ထပ္ကြန႔္ခဲ့ပါတယ္။ ဇိုေဘာ့စ္လိုင္ကလည္း ငါ တစ္ခါမွပင္နယ္တီမလြဲဖူးဘူးဆိုၿပီး ခြန္းတုံ႔ျပန္ခဲ့တာမို႔ ေနမာမ်က္ႏွာရႈံ႕မဲ့သြားတာကို ႐ုပ္သံျပကြက္ေတြမွာ အတိုင္းသားေတြ႕ရပါတယ္။

ဇိုေဘာ့စ္လိုင္ဟာ အသက္ ၂၁ႏွစ္သာရွိေသးေပမယ့္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္စိတ္ခ်မႈအျပည့္ရွိတယ္ဆိုတာ ပင္နယ္တီကို တည္ၿငိမ္စြာကန္သြင္းၿပီး သက္ေသျပခဲ့တာပါ။

ျပင္းထန္တဲ့ေစာဒကတက္ျငင္းခုန္မႈေၾကာင့္ ပထမပိုင္းမိနစ္ ၃၀မွာ အဝါကတ္ျပ သတိေပးခံရတဲ့ လိုက္ပ္ဇစ္နည္းျပ ဂ်က္ဆီမက္ရွ္ကေတာ့ ဆြီဒင္ကြင္းလယ္ဒိုင္ အက္ခ္ဘာ့ဂ္ကို ေနမာဆီက အမွတ္တရေအာ္တိုလက္မွတ္ရဖို႔ကိုပဲ စိတ္ေရာက္ေနၿပီး ပြဲကိုေတာ့ တရားမွ်တစြာကိုင္တြယ္ခဲ့ျခင္းမရွိဘူးလို႔ စြပ္စြဲခဲ့ပါတယ္။