နေမာနဲ့အတူ တောက်ပခဲ့တဲ့ ရာဖင်ဟာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရာဇီး အသင်းက (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဥရုဂွေး အသင်းနဲ့ ကစားခဲ့ရာ (၄)ဂိုး-(၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

ဘရာဇီးအတွက် ဂိုးတွေကို နေမာနဲ့ ဘာဘိုဆာ တို့က (၁)ဂိုးစီ၊ရာဖင်ဟာ က (၂)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဥရုဂွေး အတွက် ချေပဂိုးကို ‌ဆွာရက်စ် က သွင်းယူခဲ့တာဖြစ်ပါတယ်။

နေမာ အတွက်တော့ ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် သူ့ရဲ့လက်ရွေးစင် ကစားသမားဘဝ သွင်းဂိုး(၇၀)ပြည့်မြောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။

အဲဒါကြောင့် နေမာ ဟာ ဘရာဇီးလက်ရွေး စင် အသင်းရဲ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ဂန္တဝင် ကစားသမားကြီး ပီလီ ရဲ့သွင်းဂိုးကို လိုက်မှီဖို့ (၇)ဂိုးသာ လိုတော့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် နေမာ ဟာ အဲဒီပွဲမှာ ရာဖင်ဟာနဲ့ ဘာဘိုဆာ ရဲ့သွင်းဂိုး(၂)ဂိုးကိုလည်း ဖန်တီးနိုင်ခဲ့တာပါ။

အဲဒါကြောင့် ဘရာဇီးလက်ရွေးစင် အတွက် နေမာရဲ့ဂိုးဖန်တီးမှုဟာ (၅၁)ဂိုးအထိ ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

နေမာ ဟာ ဘရာဇီးလက်ရွေးစင် အသင်းအတွက် (၁၁၅)ပွဲပါဝင်ကစားထားခဲ့ရာမှာ ဂိုးပါဝင်ပတ်သက်မှုနှုန်း (၁၂၁)ဂိုးအထိ ရှိခဲ့တာလည်းဖြစ်ပါတယ်။

ရာဖင်ဟာကတော့ ဘရာဇီးအတွက် ပထမဆုံး ပွဲထွက်ကစားတဲ့ ၃ပွဲမှာတင် ၄ဂိုးရရှိအောင် စွမ်းဆောင်ပေးထားပြီး ၂ဂိုးသွင်း ၂ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီး လီဗာပူးအသင်းရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ ရာဖင်ဟာရဲ့ ဘရာဇီးပွဲထွက်က တာထွက်လှခဲ့တယ်လို့ဆိုရမှာ ဖြစ်တယ်။

ရာဖင်ဟာ က ၁၄၅မိနစ်ကစားခဲ့ရာမှာ  Kep pass – ၅ကြိမ်၊ တစ်ဦးချင်းကျော်ဖြတ်မှု – ၄ကြိမ်၊ Big created chances – ၂ကြိမ်၊ ၂ဂိုးသွင်း၊ ၂ဂိုးဖန်တီးထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi



