နေမာနဲ့ဆက်ဆံရေးအကြောင်းကို ဖွင့်ဟလိုက်တဲ့ မန်ယူတိုက်စစ်မှုးသစ်ကာဗာနီ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ယူအသင်းတိုက်စစ်မှုးသစ်ကာဗာနီက သူဟာ ပီအက်စ်ဂျီတိုက်စစ်မှုးနေမာနဲ့ သူငယ်ချင်းမဟုတ်ကြောင်း ဝန်ခံလိုက်ပါတယ်။ ဒါပေမဲ့ သူနဲ့အဲဒီဘရာဇီးလက်ရွေးစင်ကြားမှာ အပြန်အလှန်လေးစားမှုရှိကြောင်း ဆိုလိုက်ပါတယ်။
ပီအက်စ်ဂျီက ထွက်ခွာလာခဲ့ပြီးနောက် ၃၃ နှစ်အရွယ် ကာဗာနီဟာ အပြောင်းအရွှေ့နောက်ဆုံးရက် မန်ယူူကို အလွတ်နဲ့ရောက်လာတာပါ။ ကာဗာနီဟာ လာမယ့်အောက်တိုဘာ ၂၀ ချန်ပီယံလိဂ်မှာ သူ့အသင်းဖော်ဟောင်းနေမာနဲ့ ပြန်လည်ရင်ဆိုင်ရနိုင်ပါတယ်။
ကာဗာနီနဲ့နေမာတို့ဟာ ပီအက်စ်ဂျီအတွက်ကစားစဉ် ၂၀၁၇ တုန်းက ပွဲတစ်ပွဲမှာ ပင်နယ်တီကန်တာနဲ့ပတ်သက်ပြီး စကားများခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်း ပီအက်စ်ဂျီက သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အေးစက်စက်နိုင်ခဲ့ပါတယ်။
နေမာနဲ့ပတ်သက်လို့ ကာဗာနီက ”သူဟာ လူကောင်းတစ်ယောက်ပါ။ ကျွန်တော်တို့နှစ်ယောက်ကြား ပြသနာရှိခဲ့တာ တစ်ကြိမ်ပဲရှိခဲ့ပြီး လိုင်ယွန်နဲ့ပွဲက အဲဒီအကြောင်းကို အားလုံးလည်း သိကြပါတယ်။ ကျွန်တော်တို့ အဝတ်အစားလဲခန်းထဲမှာ စကားပြောခဲ့ကြပြီး ပြသနာကို အဲဒီမှာပဲ အဆုံးသတ်ခဲ့တာပါ။ ကျွန်တော်တို့ဟာ အသင်းထဲမှာ သူငယ်ချင်းဖြစ်စရာမလိုသလို မိသားစုလည်း ဖြစ်စရာမလိုပါဘူး။ အရေးကြီးတာက ကွင်းထဲမှာ ညီညွတ်ဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ပေးဖု့ိပါ။ အားလုံး ညစာအတူထွက်စားစရာလည်း မလိုပါဘူး။ နေမာနဲ့ကျွန်တော် အများကြီးအစပ်အဆက်မရှိတာ အမှန်ပါ။ ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ကြားက ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုနဲ့ တစ်ယောက်နဲ့တစ်ယောက်လေးစားမှုကို မတားဆီးခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi