နေမာကို ရှင်းထုတ်ပြီး ရော်နယ်ဒိုကိုခေါ်တော့မှာလား ပီအက်စ်ဂျီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ်အင်အားကြီးအသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ ဒါရိုက်တာ ဖြစ်သူကတော့ လတ်တလောမှာ ဂျူဗင်တပ်အသင်းက ရောင်းချမယ် လို့ သတင်းတွေ ထွက်ပေါ်နေတဲ့တိုက်စစ်မှူး ရော်နယ်ဒိုကိုသာ ခေါ်ယူခွင့် ရှိမယ် ဆိုပါက ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုထားပါတယ်။

တစ်ဖက်မှာ ဂျူဗင်တပ်စ်အသင်းဟာ ရော်နယ်ဒိုကို ပီအက်စ်ဂျီတိုက်စစ်မှူးနေမာနဲ့ တိုက်ရိုက်လဲလှယ်သွားဖို့ မျှော်လင့်နေကြောင်းလည်း သတင်းတွေထွက်ထားပါတယ်။ အသက် ၃၅နှစ် အရွယ်ရှိနေပြီ ဖြစ်တဲ့ ရော်နယ်ဒိုရဲ့ လုပ်ခလစာလည်းမြင့်မားတာကြောင့် လက်ရှိအချိန်မှာ ဂျူဗင်တပ်ဘက်က ဝန်လျှော့ချင်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာ ဒိုလေးဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၅ဦးစာရင်းမှာ ပါဝင်နေဆဲ ဖြစ်ပြီး လက်ရှိရာသီမှာလည်း ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံ ၅ပွဲ ပါဝင် ကစား ပေးထားရာမှာ ၆ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်သူပါ။

ရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်အထိ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်းရှိသူဖြစ်ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်ဖက်က ရော်နယ်ဒိုကို စာချုပ်သက်တမ်းမကုန်ခင်မှာ ယူရိုသန်း ၁၀၀ နဲ့ ပြန်လည်ရောင်းထုတ်သွားဖို့ စီစဉ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် အလွတ်ထွက်ခွာသွားမယ့်အဖြစ်မျိုးကို မရောက်ရှိစေဖို့အတွက်ပါ။ ဂျူဗင်တပ်ဖက်ကတော့ လာမယ့်ရာသီသစ်မှာ ကစားသမားလဲလှယ်ဖို့ကိစ္စ သဘောတူညီမှုရရှိမယ်လို့ယူဆနေပါတယ်။

အီတလီ အားကစားသတင်း ဝက်ဆိုက် TuttoMercatoWeb ရဲ့ ဖော်ပြချက်မှာတော့ ရော်နယ်ဒိုနဲ့ နေမာတို့နှစ်ဦးကို အလဲအလှယ်ပြုလုပ်ဖို့ကိစ္စဟာ သူတို့ရဲ့လက်ရှိစာချုပ်တွေအပေါ်မှာ မူတည်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ နေမာ့ ဘက်ကတော့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ပီအက်စ်ဂျီကိုပြောဆိုထားတယ်လို့ သိရပါတယ်။

ဒီရာသီအစောပိုင်းမှာ ရော်နယ်ဒိုနဲ့ ပီအက်စ်ဂျီတို့ရဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီး အခုအခါမှာလည်း ပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုက အဲဒီလိုမဖြစ်လာနိုင်စရာမရှိဘူးလို့ ထုတ်ဖော်ပြောဆိုထားပါသေးတယ်။

“ဒီနေ့ခေတ် ဘောလုံးလောကမှာ မနက်ဖြန် ဘာဖြစ်မလဲ ဆိုတာဘယ်သူမှမသိကြပါဘူး။ ရော်နယ်ဒိုကို ခေါ်နိုင်တဲ့အသင်း များများစားစား မရှိပါဘူး။ ပီအက်စ်ဂျီအသင်းကတော့ ခေါ်ယူနိုင်တဲ့အသင်းတွေထဲမှာ ပါဝင်ပါတယ်။ များသောအားဖြင့် ဒီလိုကိစ္စတွေက အခွင့်အလမ်းတွေ ၊ အခြေအနေတွေနဲ့ သက်ဆိုင်မှုရှိပါတယ်။ အပြောင်းအရွှေ့ဈေးကွက်အတွက် ကျွန်တော်တို့ဟာ ပြင်ဆင်မှုတွေ ပြုလုပ်ပါတယ်။”

“ကျွန်တော်တို့ အသင်းမှာ ဘယ်သူတွေက ထိပ်တန်း ပစ်မှတ်လဲဆိုတာ သတ်မှတ်ထားတာရှိပါတယ်။ ဒါပေမယ့် တစ်ခါတလေ မမျှော်လင့်ထားတဲ့ အရာတွေလည်း ဖြစ်နိုင်ပါတယ်”ဆိုပြီး ပီအက်စ်ဂျီအားကစားဒါရိုက်တာက ပြောဆိုထားပါတယ်။ နေမာဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပြင်သစ်ကလပ်နဲ့ အဆင်မပြေခဲ့ပါဘူး။ ရော်နယ်ဒိုကို ခေါ်ချင်တဲ့ အသင်းတွေကလည်းများတာကြောင့် အပြောင်းအရွှေ့အလဲအထပ်ကိစ္စမှာ ဘယ်သူကအဖြည့်ခံဖြစ်မလဲဆိုတာ လာမယ့်ဈေးကွက်မှာ ကြည့်ကြရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေနမာကို ရွင္းထုတ္ၿပီး ေရာ္နယ္ဒိုကိုေခၚေတာ့မွာလား ပီအက္စ္ဂ်ီ

ျပင္သစ္အင္အားႀကီးအသင္းျဖစ္တဲ့ ပီအက္စ္ဂ်ီ အသင္းရဲ႕ ဒါ႐ိုက္တာ ျဖစ္သူကေတာ့ လတ္တေလာမွာ ဂ်ဴဗင္တပ္အသင္းက ေရာင္းခ်မယ္ လို႔ သတင္းေတြ ထြက္ေပၚေနတဲ့တိုက္စစ္မႉး ေရာ္နယ္ဒိုကိုသာ ေခၚယူခြင့္ ရွိမယ္ ဆိုပါက ေခၚယူဖို႔ ႀကိဳးစားသြားမယ္လို႔ ေျပာဆိုထားပါတယ္။

တစ္ဖက္မွာ ဂ်ဴဗင္တပ္စ္အသင္းဟာ ေရာ္နယ္ဒိုကို ပီအက္စ္ဂ်ီတိုက္စစ္မႉးေနမာနဲ႔ တိုက္႐ိုက္လဲလွယ္သြားဖို႔ ေမွ်ာ္လင့္ေနေၾကာင္းလည္း သတင္းေတြထြက္ထားပါတယ္။ အသက္ ၃၅ႏွစ္ အ႐ြယ္ရွိေနၿပီ ျဖစ္တဲ့ ေရာ္နယ္ဒိုရဲ႕ လုပ္ခလစာလည္းျမင့္မားတာေၾကာင့္ လက္ရွိအခ်ိန္မွာ ဂ်ဴဗင္တပ္ဘက္က ဝန္ေလွ်ာ့ခ်င္ေနတာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ တစ္ဖက္မွာ ဒိုေလးဟာ ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉး ၅ဦးစာရင္းမွာ ပါဝင္ေနဆဲ ျဖစ္ၿပီး လက္ရွိရာသီမွာလည္း ဂ်ဴဗင္တပ္အသင္း အတြက္ ၿပိဳင္ပြဲစုံ ၅ပြဲ ပါဝင္ ကစား ေပးထားရာမွာ ၆ဂိုး သြင္းယူထားကာ ဂိုးဖန္တီးမႈ ၁ႀကိမ္ ျပဳလုပ္ထားႏိုင္သူပါ။

ေရာ္နယ္ဒိုဟာ ၂၀၂၂ ခုႏွစ္အထိ ဂ်ဴဗင္တပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းရွိသူျဖစ္ပါတယ္။ ဒါေပမယ့္ ဂ်ဴဗင္တပ္ဖက္က ေရာ္နယ္ဒိုကို စာခ်ဳပ္သက္တမ္းမကုန္ခင္မွာ ယူ႐ိုသန္း ၁၀၀ နဲ႔ ျပန္လည္ေရာင္းထုတ္သြားဖို႔ စီစဥ္ေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အလြတ္ထြက္ခြာသြားမယ့္အျဖစ္မ်ိဳးကို မေရာက္ရွိေစဖို႔အတြက္ပါ။ ဂ်ဴဗင္တပ္ဖက္ကေတာ့ လာမယ့္ရာသီသစ္မွာ ကစားသမားလဲလွယ္ဖို႔ကိစၥ သေဘာတူညီမႈရရွိမယ္လို႔ယူဆေနပါတယ္။

အီတလီ အားကစားသတင္း ဝက္ဆိုက္ TuttoMercatoWeb ရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ေရာ္နယ္ဒိုနဲ႔ ေနမာတို႔ႏွစ္ဦးကို အလဲအလွယ္ျပဳလုပ္ဖို႔ကိစၥဟာ သူတို႔ရဲ႕လက္ရွိစာခ်ဳပ္ေတြအေပၚမွာ မူတည္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ေနမာ့ ဘက္ကေတာ့ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ ပီအက္စ္ဂ်ီကိုေျပာဆိုထားတယ္လို႔ သိရပါတယ္။

ဒီရာသီအေစာပိုင္းမွာ ေရာ္နယ္ဒိုနဲ႔ ပီအက္စ္ဂ်ီတို႔ရဲ႕ သတင္းေတြထြက္ေပၚခဲ့ၿပီး အခုအခါမွာလည္း ပီအက္စ္ဂ်ီအားကစားဒါ႐ိုက္တာလီယိုနာဒိုက အဲဒီလိုမျဖစ္လာႏိုင္စရာမရွိဘူးလို႔ ထုတ္ေဖာ္ေျပာဆိုထားပါေသးတယ္။

“ဒီေန႔ေခတ္ ေဘာလုံးေလာကမွာ မနက္ျဖန္ ဘာျဖစ္မလဲ ဆိုတာဘယ္သူမွမသိၾကပါဘူး။ ​ေရာ္နယ္ဒိုကို ေခၚႏိုင္တဲ့အသင္း မ်ားမ်ားစားစား မရွိပါဘူး။ ပီအက္စ္ဂ်ီအသင္းက​ေတာ့ ​ေခၚယူႏိုင္တဲ့အသင္းေတြထဲမွာ ပါဝင္ပါတယ္။ မ်ားေသာအားျဖင့္ ဒီလိုကိစၥေတြက အခြင့္အလမ္းေတြ ၊ အေျခအေနေတြနဲ႔ သက္ဆိုင္မႈရွိပါတယ္။ အေျပာင္းအေ႐ႊ႕ေဈးကြက္အတြက္ ကြၽန္ေတာ္တို႔ဟာ ျပင္ဆင္မႈေတြ ျပဳလုပ္ပါတယ္။”

“ကြၽန္ေတာ္တို႔ အသင္းမွာ ဘယ္သူေတြက ထိပ္တန္း ပစ္မွတ္လဲဆိုတာ သတ္မွတ္ထားတာရွိပါတယ္။ ဒါေပမယ့္ တစ္ခါတေလ မေမွ်ာ္လင့္ထားတဲ့ အရာေတြလည္း ျဖစ္ႏိုင္ပါတယ္”ဆိုၿပီး ပီအက္စ္ဂ်ီအားကစားဒါ႐ိုက္တာက ​ေျပာဆိုထားပါတယ္။ ​ေနမာဟာ ၿပီးခဲ့တဲ့ ရာသီတုန္းက ျပင္သစ္ကလပ္နဲ႔ အဆင္မ​ေျပခဲ့ပါဘူး။ ​ေရာ္နယ္ဒိုကို ​ေခၚခ်င္တဲ့ အသင္း​ေတြကလည္းမ်ားတာ​ေၾကာင့္ အ​ေျပာင္းအ​ေ႐ႊ႕အလဲအထပ္ကိစၥမွာ ဘယ္သူကအျဖည့္ခံျဖစ္မလဲဆိုတာ လာမယ့္​ေစ်းကြက္မွာ ​ၾကည့္ၾကရ​ေအာင္ပါ။