နေမာကို မကျေနပ် အပြစ်ပြောတဲ့ အမ်ဘာပေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အမ်ဘာပေတစ်ယောက် မောင့်ပယ်လီယာအသင်းကို ၂ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားလဲခံခဲ့ရပြီးနောက် နေမာအပေါ်သူ့ရဲ့ဒေါသကို မဖုံးကွယ်နိုင်ခဲ့ပါဘူး။

ပွဲပြီးခါနီး နေမာရဲ့ပေးပို့မှုကနေ ဒရက်ဇ်လာကဂိုးသွင်းလိုက်ချိန်မှာ အရန်ခုံမှာရှိနေတဲ့အမ်ဘာပေက အသင်းဖော်ဂေးယီကိုစောဒကတက်ခဲ့တာပါ။

Canal+ ရုပ်သံကင်မရာတွေရဲ့ရိုက်ကူးချက်အရ အမ်ဘာပေဟာအရန်ခုံမှာထိုင်နေရင်း’ ဒီခြေသလုံးအိမ်တိုင်ကောင် ငါ့ကိုကျဘောလုံးမပေးဘူး’ လို့ပြောနေခဲ့တာပါ။

အသက် ၂၂ နှစ်အရွယ်ရှိ အမ်ဘာပေဟာ ယခုရက်ပိုင်းတွင် ဝေဖန်ခံရတဲ့ အပြုအမူများ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အလယ်က မက်ဇ်ကို အနိုင်ရရှိတဲ့ပွဲတွင် ဟာကီမီ အနိုင်ဂိုးသွင်းယူပြီးနောက် အမ်ဘာပေက ဂိုးသမားကိုသွားပြီး လှောင်ပြောင်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါသေးတယ်။

အမ်ဘာပေနှင့် နေမာဟာ ပီအက်စ်ဂျီတွင် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီတွင် ဆက်ဆံရေး အေးခဲလာခဲ့ပါတယ်။

လက်ရှိမှာအမ်ဘာပေအနေနဲ့ ၄ပွဲဆက်ဂိုးမသွင်းထားနိုင်တာဖြစ်ပြီး ဂိုးကန်သွင်းခွင့်၁၃ကြိမ်အထိရထားပေမယ့် ဂိုးမသွင်းထားနိုင်တာဖြစ်ပါတယ်။

ပြင်သစ်ကလပ်အသင်းဟာ အင်္ဂါနေ့ညတွင် မန်စီးတီးအသင်းနှင့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ကစားရမှာ ဖြစ်ပြီး ထိုပွဲတွင် မက်ဆီ ပါဝင်ရန် မသေချာဖြစ်နေပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ မက်ဆီဟာ လိုင်ယွန်နှင့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သဖြင့် ပီအက်စ်ဂျီနောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲကို ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi



