နေမာကို ပြန်ခေါ်ဖို့ ဘာစီလိုနာတာဝန်ရှိသူတွေကို ဖိအားပေးနေတဲ့ မက်ဆီနဲ့ဆွာရက်ဇ်

photo-gettyimages

photo-gettyimages

လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ နေမာကို ပြန်ခေါ်ဖို့ မက်ဆီနဲ့ဆွာရက်ဇ်တို့က ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကို ဖိအားပေးနေတယ်လို့ အင်္ဂလိပ်သတင်းစာ express က ဖော်ပြလိုက်ပါတယ်။ အပြောင်းအရွှေ့ရာသီစတာနဲ့ အဲဒီပီအက်စ်ဂျီစူပါစတား ပြန်ရောက်လာဖို့ အဝတ်အစားလဲခန်းထဲမှာ အရာရောက်တဲ့ ဘာစီလိုနာထိပ်တန်းကြယ်ပွင့်တွေက အလိုရှိနေတာလို့ ကစားသမားအပြောင်းအရွှေ့ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ ဒန်ကန်ကတ်စတယ်က ယုံကြည်နေတာပါ။

photo-gettyimages

ဘာစီလိုနာကို ပြန်သွားချင်တယ်ဆိုတာ နေမာက သူ့ပီအက်စ်ဂျီအသင်းဖော်တွေကို ပြောခဲ့တယ်ဆိုတဲ့သတင်းက ပြီးခဲ့တဲ့အပတ်ကပဲ ထွက်ထားတာပါ။ အခုတော့ အဲဒီဘရာဇီးသားရဲ့အနာဂါတ်အတွက် နူးကမ့်က သူ့ရဲ့တိုက်စစ်ကစားဟောင်းတွေကပါ ကြိုးပမ်းပေးနေကြပါတယ်။ ပီအက်စ်ဂျီဘက်ကတော့ သူတို့ရဲ့စံချိန်တင်ကြေးရှင်ကစားသမားကိုခေါ်ယူချင်တယ်ဆိုရင် အနည်းဆုံးပေါင် ၁၅၅ သန်းကို လက်ငင်းပေးရမယ်လို့ ဘာစီလိုနာကို ပြောထားပါတယ်။

photo-gettyimages

ဘာစီလိုနာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက နေမာကို ပြန်ခေါ်ဖို့ အပြင်းအထန်ကြိုးပမ်းခဲ့ပေမယ့် ပီအက်စ်ဂျီနဲ့ သဘောတူညီမှုမရခဲ့ပါဘူး။ ဘာစီလိုနာအနေနဲ့ ပြောင်းရွှေ့ကြေးနည်းသွားစေဖို့ နေမာအတွက် ကစားသမားအလိုက်ပေးမှုကို လုပ်ချင်ခဲ့တာပါ။ ဒါပေမဲ့ ပီအက်စ်ဂျီက ငွေသားကိုသာ လိုချင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လာမယ့်အပြောင်းအရွှေ့မှာလည်း ဘာစီလိုနာဟာ ငွေသုံးစွဲမှုကို လျှော့ချမှာဖြစ်ပြီး ကစားသမားအလဲအထပ်နဲ့ပဲ ကမ်းလှမ်းမှုထပ်လုပ်ဖို့ များပါတယ်။

[Zawgyi]

ေနမာကို ျပန္ေခၚဖုိ႔ ဘာစီလိုနာတာ၀န္ရွိသူေတြကို ဖိအားေပးေနတဲ့ မက္ဆီနဲ႔ဆြာရက္ဇ္

လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ ေနမာကို ျပန္ေခၚဖုိ႔ မက္ဆီနဲ႔ဆြာရက္ဇ္တို႔က ဘာစီလိုနာအသင္းတာ၀န္ရွိသူေတြကို ဖိအားေပးေနတယ္လို႔ အဂၤလိပ္သတင္းစာ express က ေဖာ္ျပလုိက္ပါတယ္။ အေျပာင္းအေရႊ႕ရာသီစတာနဲ႔ အဲဒီပီအက္စ္ဂ်ီစူပါစတား ျပန္ေရာက္လာဖို႔ အ၀တ္အစားလဲခန္းထဲမွာ အရာေရာက္တဲ့ ဘာစီလိုနာထိပ္တန္းၾကယ္ပြင့္ေတြက အလိုရွိေနတာလို႔ ကစားသမားအေျပာင္းအေရႊ႕ကၽြမ္းက်င္သူတစ္ေယာက္ျဖစ္တဲ့ ဒန္ကန္ကတ္စတယ္က ယုံၾကည္ေနတာပါ။

ဘာစီလိုနာကို ျပန္သြားခ်င္တယ္ဆိုတာ ေနမာက သူ႔ပီအက္စ္ဂ်ီအသင္းေဖာ္ေတြကို ေျပာခဲ့တယ္ဆိုတဲ့သတင္းက ၿပီးခဲ့တဲ့အပတ္ကပဲ ထြက္ထားတာပါ။ အခုေတာ့ အဲဒီဘရာဇီးသားရဲ႕အနာဂါတ္အတြက္ ႏူးကမ့္က သူ႔ရဲ႕တုိက္စစ္ကစားေဟာင္းေတြကပါ ႀကိဳးပမ္းေပးေနၾကပါတယ္။ ပီအက္စ္ဂ်ီဘက္ကေတာ့ သူတို႔ရဲ႕စံခ်ိန္တင္ေၾကးရွင္ကစားသမားကိုေခၚယူခ်င္တယ္ဆိုရင္ အနည္းဆုံးေပါင္ ၁၅၅ သန္းကို လက္ငင္းေပးရမယ္လုိ႔ ဘာစီလိုနာကို ေျပာထားပါတယ္။

ဘာစီလုိနာဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ေနမာကို ျပန္ေခၚဖို႔ အျပင္းအထန္ႀကိဳးပမ္းခဲ့ေပမယ့္ ပီအက္စ္ဂ်ီနဲ႔ သေဘာတူညီမႈမရခဲ့ပါဘူး။ ဘာစီလိုနာအေနနဲ႔ ေျပာင္းေရႊ႕ေၾကးနည္းသြားေစဖို႔ ေနမာအတြက္ ကစားသမားအလိုက္ေပးမႈကို လုပ္ခ်င္ခဲ့တာပါ။ ဒါေပမဲ့ ပီအက္စ္ဂ်ီက ေငြသားကိုသာ လုိခ်င္ခဲ့ပါတယ္။ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ လာမယ့္အေျပာင္းအေရႊ႕မွာလည္း ဘာစီလိုနာဟာ ေငြသုံးစြဲမႈကို ေလွ်ာ့ခ်မွာျဖစ္ၿပီး ကစားသမားအလဲအထပ္နဲ႔ပဲ ကမ္းလွမး္မႈထပ္လုပ္ဖို႔ မ်ားပါတယ္။