နေမာကိုပြန်ခေါ်ဖို့အတွက် လစာလျှော့ယူဖို့ကမ်းလှမ်းခဲ့သေးတယ်လို့ ပီကေးဖွင့်ဟ

Photo- Internet
Photo- Internet

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ နေမာကိုပြန်ခေါ်ဖို့ကြိုးစားခဲ့တုန်းက ဘဏ္ဍာရေးအရ အထောက်အကူဖြစ်စေဖို့အတွက် သူကိုယ်တိုင်ရော ကစားဖော်တွေကပါ လစာလျှော့ယူပေးသွားဖို့ ကလပ်ထံကမ်းလှမ်းခဲ့ကြတယ်လို့ ဘာစီလိုနာနောက်ခံလူ ပီကေးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဘရာဇီးလက်ရွေးစင်ဖြစ်တဲ့ နေမာဟာ ၂၀၁၇ ကဘာစီလိုနာကနေကမ္ဘာ့စံချိန်တင်ကြေးပေါင် ၁၉၈ သန်းနဲ့ ပီအက်စ်ဂျီကို ပြောင်းသွားပေမယ့် ကွင်းတွင်း၊ ကွင်းပြ ပြဿ     နာအချို့ကြောင့် အသင်းဟောင်းကို ပြန်လည်သွားရောက်လိုနေတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဂရစ်ဇ်မန်းကိုပေါင် ၁၀၇ သန်းနဲ့ အက်သလက်တီကိုကနေခေါ်ယူခဲ့ပြီးဖြစ်ပေမယ့် နေမာကိုထပ်မံအလိုရှိခဲ့ တာဖြစ်ပါတယ်။

Photo- Internet

ဘာစီလိုနာဟာ ပြီးခဲ့တဲ့နွေရာသီဈေးကွက်ထဲမှာ နေမာကိုပြန်လည်ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီတုန်းက ဘာစီလိုနာဟာ ငွေကြေးအရ အခက်အခဲရှိနေလို့ ကစာသမားတွေကို အလိုက်ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီဘက် ကလက်မခံခဲ့ပါဘူး။

Photo- Internet

ဒါကြောင့်လည်း ပီကေးက နေမာကိုခေါ်ယူရာမှာ ဘဏ္ဍာရေးအရအထောက်အကူဖြစ်ဖို့နဲ့ ယူအီးအက်ဖ်အေရဲ့ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီစေဖို့အတွက် သူတို့တွေလစာလျှော့ယူပေးဖို့ ကလပ်ဥက္ကဋ္ဌ ဘာတိုမြူ ထံကမ်းလှမ်းခဲ့တယ်လို့ ပြောသွားတာပါ။ သူက”ဘာစီလိုနာမှာငွေကြေး အခက်အခဲရှိနေတယ်ဆိုတာက ကျွန်တော်တို့ သိခဲ့ပါတယ်။

Photo- Internet

ဘဏ္ဍာရေးစည်းမျဉ်းကလည်းရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့လစာလျှော့ယူမယ်ဆိုရင် အဆင်ပြေနိုင်မလားလို့ ဥက္ကဋ္ဌ ဘာတိုမြူ ဆီပြောကြားခဲ့ပါသေးတယ်။ နေမာ ဒီကနေထွက်သွားတုန်းက မင်းဟာရွှေရောင်ဘောင်ခတ်ထားတဲ့နေရာ တစ်ခုဆီရောက်သွားပေမယ့် မင်းအတွက် ဘာစီလိုနာက အမြဲတမ်းတံခါးဖွင့်ထားပါမယ်လို့ သူ့ကိုပြောခဲ့ပါတယ်” လို့ထုတ်ဖော်ပြောကြားသွားပါတယ်။

Photo- Internet

Zawgyi

ေနမာကိုျပန္ေခၚဖုိ႔အတြက္ လစာေလွ်ာ႔ယူဖို႔ကမ္းလွမ္းခဲ့ေသးတယ္လို႔ ပီေကးဖြင့္ဟ

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ႔ေႏြရာသီမွာ ေနမာကိုျပန္ေခၚဖို႔ႀကိဳးစားခဲ့တုန္းက ဘ႑ာေရးအရ အေထာက္အကူျဖစ္ေစဖို႔အတြက္ သူကိုယ္တိုင္ေရာ ကစားေဖာ္ေတြကပါ လစာေလွ်ာ႔ယူေပးသြားဖို႔ ကလပ္ထံကမ္းလွမ္းခဲ့ၾကတယ္လို႔ ဘာစီလိုနာေနာက္ခံလူ ပီေကးက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဘရာဇီးလက္ေရြးစင္ျဖစ္တဲ႔ ေနမာဟာ ၂၀၁၇ ကဘာစီလိုနာကေနကမၻာ႔စံခ်ိန္တင္ေၾကးေပါင္ ၁၉၈ သန္းနဲ႔ ပီအက္စ္ဂ်ီကို ေျပာင္းသြားေပမယ္႔ ကြင္းတြင္း၊ ကြင္းျပ ျပႆ     နာအခ်ဳိ႕ေၾကာင့္ အသင္းေဟာင္းကို ျပန္လည္သြားေရာက္လိုေနတာျဖစ္ပါတယ္။ ဘာစီလိုနာဟာ ဂရစ္ဇ္မန္းကိုေပါင္ ၁၀၇ သန္းနဲ႔ အက္သလက္တီကိုကေနေခၚယူခဲ့ၿပီးျဖစ္ေပမယ္႔ ေနမာကိုထပ္မံအလိုရွိခဲ့ တာျဖစ္ပါတယ္။

ဘာစီလိုနာဟာ ၿပီးခဲ့တဲ႔ေႏြရာသီေစ်းကြက္ထဲမွာ ေနမာကိုျပန္လည္ေခၚယူဖို႔ႀကိဳးစားခဲ့ေပမယ္႔ မေအာင္ျမင္ခဲ့ပါဘူး။ အဲဒီတုန္းက ဘာစီလိုနာဟာ ေငြေၾကးအရ အခက္အခဲရွိေနလို႔ ကစာသမားေတြကို အလိုက္ေပးၿပီး ကမ္းလွမ္းခဲ့ေပမယ္႔ ပီအက္စ္ဂ်ီဘက္ ကလက္မခံခဲ့ပါဘူး။

ဒါေၾကာင့္လည္း ပီေကးက ေနမာကိုေခၚယူရာမွာ ဘ႑ာေရးအရအေထာက္အကူျဖစ္ဖို႔နဲ႔ ယူအီးအက္ဖ္ေအရဲ႕ဘ႑ာေရးစည္းမ်ဥ္းနဲ႔ ကိုက္ညီေစဖို႔အတြက္ သူတို႔ေတြလစာေလွ်ာ႔ယူေပးဖို႔ ကလပ္ဥကၠ႒ ဘာတိုျမဴ ထံကမး္လွမး္ခဲ့တယ္လို႔ ေျပာသြားတာပါ။ သူက”ဘာစီလိုနာမွာေငြေၾကး အခက္အခဲရွိေနတယ္ဆိုတာက က်ြန္ေတာ္တို႔ သိခဲ့ပါတယ္။

ဘ႑ာေရးစည္းမ်ဥ္းကလည္းရွိေနတဲ႔အတြက္ က်ြန္ေတာ္တို႔ရဲ႕လစာေလွ်ာ႔ယူမယ္ဆိုရင္ အဆင္ေျပႏိုင္မလားလို႔ ဥကၠ႒ ဘာတိုျမဴ ဆီေျပာၾကားခဲ့ပါေသးတယ္။ ေနမာ ဒီကေနထြက္သြားတုန္းက မင္းဟာေရႊေရာင္ေဘာင္ခတ္ထားတဲ႔ေနရာ တစ္ခုဆီေရာက္သြားေပမယ္႔ မင္းအတြက္ ဘာစီလိုနာက အၿမဲတမ္းတံခါးဖြင့္ထားပါမယ္လို႔ သူ႔ကိုေျပာခဲ့ပါတယ္” လို႔ထုတ္ေဖာ္ေျပာၾကားသြားပါတယ္။