နေမာကိုကာကွယ်တာလား ကိုယ့်ကိုယ်ကိုယ်ကာကွယ်တာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယမန်နေ့ညက,ကစားခဲ့တဲ့ မာဆေး – ပီအက်စ်ဂျီပွဲဟာ တစ်ဖက်နဲ့တစ်ဖက်ဂိုးမသွင်းနိုင်ဘဲ ဝ-၀ သရေကျခဲ့ပေမယ့် စိတ်လှုပ်ရှားစရာဖြစ်ရပ်အချို့ဖြစ်ပွားခဲ့ပါတယ်။

အစဉ်အလာပြိုင်ဘက်ဟောင်း ၂သင်းရဲ့အားပြိုင်ပွဲဖြစ်တာမို့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သလို ပွဲကြမ်းတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။

အိမ်ရှင် မာဆေးဘက်ကနည်းပြဆမ်ပါအိုလီအဝါကတ်ပြသတိပေးခံခဲ့ရသလို ပီအက်စ်ဂျီဘက်ကလည်း မော်ရိုကိုညာနောက်ခံလူဟာကီမီ ဖျက်ထုတ်ပုံကြမ်းလွန်းတဲ့အတွက် တိုက်ရိုက် အနီကတ်ပြပြီး အထုတ်ခံခဲ့ရပါတယ်။

မာဆေးပရိသတ်တွေရဲ့လုပ်ရပ်ကလည်း ပွဲကိုပိုပြီး အရုပ်ဆိုးစေခဲ့ပါတယ်။

မာဆေးပရိသတ်တွေဟာ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာ ကော်နာကန်ဖို့ အလံတိုင်နားရောက်လာတဲ့အခါတိုင်း အော်ဟစ်လှောင်ပြောင်ခဲ့သလို ရေဗူးတွေနဲ့လည်းပစ်ပေါက်ခဲ့ကြပါတယ်။

ဒါကြောင့် မာဆေးအသင်းခေါင်းဆောင် ပါယက်က တောင် ကွင်းထဲရောက်လာတဲ့ရေဗူးကိုကိုင်ပြီးပရိသတ်တွေကို ဆက်မလုပ်ဖို့တောင်းပန်ခဲ့ရပါတယ်။

ဒါပေမဲ့ မာဆေးပရိသတ်တွေက နားမထောင်ဘဲ ဆက်ပေါက်မြဲပေါက်နေတာမို့ ကွင်းလုံခြုံရေးဝန်ထမ်းတစ်ဦးကနေ ကော်နာကန်နေတဲ့နေမာကို ရေဗူးမမှန်အောင် အဓိကရုဏ်းနှိမ်နင်းရေးရဲတွေကိုင်တဲ့ဒိုင်းနဲ့ကာကွယ်ပေးခဲ့ရပါတယ်။

အဲဒီလိုကာကွယ်ရာမှာ လုံခြုံရေးဝန်ထမ်းဖြစ်သူက ဒိုင်းကိုသူ့မျက်နှာနဲ့ကိုယ်အထက်ပိုင်းရှေ့မှာသာကိုင်မြှောက်ထားတာမို့

ငိုအားထက် ရယ်အားသန်စရာဖြစ်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း နေမာကိုကာကွယ်တာလား ကိုယ့်ကိုယ်ကိုယ်ကာကွယ်တာလားဆိုပြီး မေးခွန်းထုတ်လှောင် ပြောင်သူတွေရှိနေပါတယ်။

နောက်တစ်ပုံမှာတော့ ဒိုင်းကိုင်ကာကွယ်ပေးတဲ့ လုံ ခြုံရေးဝန်ထမ်းက ၂ဦးတောင်ရှိတာတွေ့ရတာမို့ ဘေးကမပစ်ဘဲ နောက်ကျောဘက်ကပစ်ရင်တော့ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေနမာကိုကာကြယ္တာလား ကိုယ့္ကိုယ္ကိုယ္ကာကြယ္တာလား

ယမန္ေန႔ညက,ကစားခဲ့တဲ့ မာေဆး – ပီအက္စ္ဂ်ီပြဲဟာ တစ္ဖက္နဲ႔တစ္ဖက္ဂိုးမသြင္းႏိုင္ဘဲ ဝ-၀ သေရက်ခဲ့ေပမယ့္ စိတ္လႈပ္ရွားစရာျဖစ္ရပ္အခ်ိဳ႕ျဖစ္ပြားခဲ့ပါတယ္။

အစဥ္အလာၿပိဳင္ဘက္ေဟာင္း ၂သင္းရဲ႕အားၿပိဳင္ပြဲျဖစ္တာမို႔ ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့သလို ပြဲၾကမ္းတစ္ပြဲလည္းျဖစ္ခဲ့ပါတယ္။

အိမ္ရွင္ မာေဆးဘက္ကနည္းျပဆမ္ပါအိုလီအဝါကတ္ျပသတိေပးခံခဲ့ရသလို ပီအက္စ္ဂ်ီဘက္ကလည္း ေမာ္႐ိုကိုညာေနာက္ခံလူဟာကီမီ ဖ်က္ထုတ္ပုံၾကမ္းလြန္းတဲ့အတြက္ တိုက္႐ိုက္ အနီကတ္ျပၿပီး အထုတ္ခံခဲ့ရပါတယ္။ မာေဆးပရိသတ္ေတြရဲ႕လုပ္ရပ္ကလည္း ပြဲကိုပိုၿပီး အ႐ုပ္ဆိုးေစခဲ့ပါတယ္။

မာေဆးပရိသတ္ေတြဟာ ပီအက္စ္ဂ်ီတိုက္စစ္မႉးေနမာ ေကာ္နာကန္ဖို႔ အလံတိုင္နားေရာက္လာတဲ့အခါတိုင္း ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့သလို ေရဗူးေတြနဲ႔လည္းပစ္ေပါက္ခဲ့ၾကပါတယ္။

ဒါေၾကာင့္ မာေဆးအသင္းေခါင္းေဆာင္ ပါယက္က ေတာင္ ကြင္းထဲေရာက္လာတဲ့ေရဗူးကိုကိုင္ၿပီးပရိသတ္ေတြကို ဆက္မလုပ္ဖို႔ေတာင္းပန္ခဲ့ရပါတယ္။

ဒါေပမဲ့ မာေဆးပရိသတ္ေတြက နားမေထာင္ဘဲ ဆက္ေပါက္ၿမဲေပါက္ေနတာမို႔ ကြင္းလုံၿခဳံေရးဝန္ထမ္းတစ္ဦးကေန ေကာ္နာကန္ေနတဲ့ေနမာကို ေရဗူးမမွန္ေအာင္ အဓိက႐ုဏ္းႏွိမ္နင္းေရးရဲေတြကိုင္တဲ့ဒိုင္းနဲ႔ကာကြယ္ေပးခဲ့ရပါတယ္။

အဲဒီလိုကာကြယ္ရာမွာ လုံၿခဳံေရးဝန္ထမ္းျဖစ္သူက ဒိုင္းကိုသူ႔မ်က္ႏွာနဲ႔ကိုယ္အထက္ပိုင္းေရွ႕မွာသာကိုင္ေျမႇာက္ထားတာမို႔ ငိုအားထက္ ရယ္အားသန္စရာျဖစ္ခဲ့ၿပီး လူမႈကြန္ရက္စာမ်က္ႏွာေတြမွာလည္း ေနမာကိုကာကြယ္တာလား ကိုယ့္ကိုယ္ကိုယ္ကာကြယ္တာလားဆိုၿပီး ေမးခြန္းထုတ္ေလွာင္ ေျပာင္သူေတြရွိေနပါတယ္။

ေနာက္တစ္ပုံမွာေတာ့ ဒိုင္းကိုင္ကာကြယ္ေပးတဲ့ လုံ ၿခဳံေရးဝန္ထမ္းက ၂ဦးေတာင္ရွိတာေတြ႕ရတာမို႔ ေဘးကမပစ္ဘဲ ေနာက္ေက်ာဘက္ကပစ္ရင္ေတာ့ ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။