နူးကမ့်ကွင်းကြီးထဲမှာ ပရိသတ်ကင်းမဲ့ခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှုးသစ်ဘရိတ်ဝိတ်ရဲ့မိတ်ဆက်ပွဲ

photo-daily mail

photo-gettyimages

တိုက်စစ်မှုးဘရိတ်ဝိတ်ကတော့ ဒီအပတ်ထဲမှာပဲ သူ့ရဲ့အိပ်မက်ဆန်တဲ့အပြောင်းအရွှေ့အဖြစ် လီဂါနက်စ်ကနေ ဘာစီလိုနာကို ရောက်သွားပါတယ်။ ဒါပေမဲ့ အဲဒီမစ်ဒယ်ဘရော့တိုက်စစ်မှုးဟောင်းဟာ နူးကမ့်ကွင်းကြီးမှာ သူရဲကောင်းလိုကြိုဆိုခံရခြင်း မရှိခဲ့ပါဘူး။ နူးကမ့်က သူ့ရဲ့မိတ်ဆက်ပွဲဟာ ပရိသတ်ကင်းမဲ့ခဲ့လို့ ခမ်းခြောက်ခြောက်နိုင်ခဲ့ပါတယ်။

photo-gettyimages

ပုံမှန်အတိုင်းဆိုရင်တော့ ဘာစီလိုနာပရိသတ်တွေဟာ သူတို့ကစားသမားသစ်တွေရဲ့မိတ်ဆက်ပွဲဆိုရင် နူးကမ့်ကွင်းကြီးထဲ လာရောက်အားပေးတတ်ကြပါတယ်။ နာမည်ကြီးတဲ့အပေါ် မူတည်ပြီး ကွင်းလုံးပြည့်လည်း ဖြတ်တတ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကစားသမားသစ်မိတ်ဆက်ပွဲက ပရိသတ်တစ်ယောက်တစ်လေမှတောင် မရှိဘဲ ဓာတ်ပုံသမားတွေ၊ အသင်းတာဝန်ရှိသူတွေနဲ့ ကစားသမားရဲ့မိသားစုဝင်တွေသာ ရှိခဲ့တာပါ။

photo-gettyimages

လာလီဂါအဖွဲ့ချုပ်ဟာ အပြောင်းအရွှေ့ရာသီမဟုတ်ဘဲနဲ့ ဘာစီလိုနာရဲ့ဒီအပြောင်းအရွှေ့ကို အငြင်းပွားဖွယ်ခွင့်ပြုပေးခဲ့တာပါ။ ဒါကြောင့်လည်း ကစားသမားကို မိတ်ဆက်ပွဲလုပ်တော့ ကွင်းပိတ်ပြီး ပြုလုပ်ခဲ့ရတာပါ။ အရေးပေါ်ခေါ်ယူလိုက်ရတဲ့ ဘရိတ်ဝိတ်အတွက် ဘာစီလိုနာဟာ လီဂါနက်စ်ကို ယူရို ၁၈ သန်းပေးခဲ့ရပြီး ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဘရိတ်ဝိတ်ကတော့ ဘာစီလိုနာက စိတ်ဝင်စားတယ်ဆိုတာ စသိရတဲ့အချိန်မှာ အံ့သြရကြောင်းနဲ့ နှစ်ပေါင်းများစွာကြာအောင် သူအိပ်မက်ခဲ့ရတဲ့ တစ်စုံတစ်ခုဖြစ်ကြောင်းလည်း မိတ်ဆက်ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

[Zawgyi]

ႏူးကမ့္ကြင္းႀကီးထဲမွာ ပရိသတ္ကင္းမဲ့ခဲ့တဲ့ ဘာစီလိုနာတိုက္စစ္မႈးသစ္ဘရိတ္၀ိတ္ရဲ႕မိတ္ဆက္ပြဲ

တိုက္စစ္မႈးဘရိတ္၀ိတ္ကေတာ့ ဒီအပတ္ထဲမွာပဲ သူ႔ရဲ႕အိပ္မက္ဆန္တဲ့အေျပာင္းအေရႊ႕အျဖစ္ လီဂါနက္စ္ကေန ဘာစီလိုနာကို ေရာက္သြားပါတယ္။ ဒါေပမဲ့ အဲဒီမစ္ဒယ္ဘေရာ့တိုက္စစ္မႈးေဟာင္းဟာ ႏူးကမ့္ကြင္းႀကီးမွာ သူရဲေကာင္းလိုႀကိဳဆိုခံရျခင္း မရွိခဲ့ပါဘူး။ ႏူးကမ့္က သူ႔ရဲ႕မိတ္ဆက္ပြဲဟာ ပရိသတ္ကင္းမဲ့ခဲ့လို႔ ခမ္းေျခာက္ေျခာက္ႏိုင္ခဲ့ပါတယ္။

ပုံမွန္အတိုင္းဆုိရင္ေတာ့ ဘာစီလိုနာပရိသတ္ေတြဟာ သူတို႔ကစားသမားသစ္ေတြရဲ႕မိတ္ဆက္ပြဲဆိုရင္ ႏူးကမ့္ကြင္းႀကီးထဲ လာေရာက္အားေပးတတ္ၾကပါတယ္။ နာမည္ႀကီးတဲ့အေပၚ မူတည္ၿပီး ကြင္းလုံးျပည့္လည္း ျဖတ္တတ္ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ကစားသမားသစ္မိတ္ဆက္ပြဲက ပရိသတ္တစ္ေယာက္တစ္ေလမွေတာင္ မရွိဘဲ ဓာတ္ပံုသမားေတြ၊ အသင္းတာ၀န္ရွိသူေတြနဲ႔ ကစားသမားရဲ႕မိသားစု၀င္ေတြသာ ရွိခဲ့တာပါ။

လာလီဂါအဖြဲ႕ခ်ဳပ္ဟာ အေျပာင္းအေရႊ႕ရာသီမဟုတ္ဘဲနဲ႔ ဘာစီလုိနာရဲ႕ဒီအေျပာင္းအေရႊ႕ကို အျငင္းပြားဖြယ္ခြင့္ျပဳေပးခဲ့တာပါ။ ဒါေၾကာင့္လည္း ကစားသမားကို မိတ္ဆက္ပြဲလုပ္ေတာ့ ကြင္းပိတ္ၿပီး ျပဳလုပ္ခဲ့ရတာပါ။ အေရးေပၚေခၚယူလုိက္ရတဲ့ ဘရိတ္၀ိတ္အတြက္ ဘာစီလုိနာဟာ လီဂါနက္စ္ကို ယူရို ၁၈ သန္းေပးခဲ့ရၿပီး ၄ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ ဘရိတ္၀ိတ္ကေတာ့ ဘာစီလိုနာက စိတ္၀င္စားတယ္ဆုိတာ စသိရတဲ့အခ်ိန္မွာ အံ့ၾသရေၾကာင္းနဲ႔ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ သူအိပ္မက္ခဲ့ရတဲ့ တစ္စုံတစ္ခုျဖစ္ေၾကာင္းလည္း မိတ္ဆက္ပြဲမွာ ေျပာၾကားသြားခဲ့ပါတယ္။