နူးကမ့်ကွင်းကို နှစ်အတော်ကြာအောင် စွန့်ခွာရဖို့ရှိနေတဲ့ ဘာစီလိုနာ

1xbet မှာ အကောင့်ဖွင့်ပြီး ကစားမယ့်ဆိုရင် ဒီ viber link ကိုနှိပ်ပါ…

ဘာစီလိုနာအသင်းဟာ အိမ်ကွင်းအဖြစ်အသုံးပြုနေတဲ့နူးကမ့်ကွင်းကို ပြန်လည်တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် နှစ်အတော်ကြာ စွန့်ခွာရဖို့ရှိတယ်လို့ အသင်းဥက္ကဌလာပေါ်တာကအတည်ပြုလိုက်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ နူးကမ့်ကွင်းပြုပြင်ရေးလုပ်ငန်းတွေကို လာမယ့်၂၀၂၂ ခုနှစ်မှာစတင်သွားဖို့ရှိနေပြီး (၄)နှစ်လောက်အထိအချိန်ယူရမယ့်အနေအထားပါပဲ။

ဘာစီလိုနာအသင်းရဲ့စီမံကိန်းတွေထဲမှာ နူးကမ့်ကွင်းအတွင်း ထိုင်ခုံအရေအတွက်(၁၁,၀၀၀)တိုးချဲ့သွားမှာဖြစ်တာကြောင့် စုစုပေါင်းပရိသတ်(၁၁၀,၀၀၀)အထိဝင်ဆံ့မယ့်ကွင်းဖြစ်လာမယ့်အပြင်

ကွင်းပတ်ပတ်လည်က ကလပ်အသင်းစတိုးဆိုင်နဲ့၊ အထိမ်းအမှတ်ပြခန်းကိုလည်း ပြန်လည်ပြင်ဆင်မွမ်းမံသွားမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီစီမံကိန်းကြီးအထမြောက်ဖို့အတွက် အရေးကြီးဆုံးအချက်က ဘာစီလိုနာအသင်း ချေးငွေရရှိဖို့ပါပဲ။

အခုလောလောဆယ် ဘာစီလိုနာအသင်းဟာ ချေးငွေရဖို့အတွက် ရင်းနှီးမြုပ်နှံမှုဘဏ်တစ်ခုဖြစ်တဲ့ Goldman Sachs နဲ့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သတင်းထွက်နေပြီး ချေးငွေအဖြစ် ပေါင်(၁.၂၇)ဘီလီယံအထိရရှိသွားဖို့ရှိနေပါတယ်။

နူးကမ့်ကွင်းပြန်လည်တည်ဆောက်ရေးကိစ္စက ချေးငွေရရှိမှုအပေါ်မူတည်နေပေမယ့် ဘုတ်အဖွဲ့တာဝန်ရှိသူတွေကတော့ ဒီစီမံကိန်းစတင်ဖို့ အားလုံးသဘောတူညီခဲ့ပြီးဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ၂၀၂၀-၂၁ ရာသီမှာ ပေါင်(၄၀၈)သန်းအရှုံးပေါ်ခဲ့တယ်လို့ မကြာသေးခင်ကမှထုတ်ပြန်ကြေညာခဲ့ပေမယ့် အခု နူးကမ့်ကွင်းပြန်လည်တည်ဆောက်ရေးစီမံကိန်း စတင်ဖို့ကြိုးပမ်းနေတာကြောင့်

ဘဏ္ဍာရေးအခက်အခဲတွေကြားထဲက အသင်းအတွက်အကောင်းဆုံးဖြစ်အောင် လာပေါ်တာ ဆောင်ရွက်နေတယ်လို့သတ်မှတ်ရမှာပါ။

လာပေါ်တာက “နူးကမ့်ကွင်းသစ်စီမံကိန်းက အသင်းအတွက်အလားအလာကောင်းမယ့် အဓိကစီမံကိန်းတစ်ခုဖြစ်သလို အနာဂတ်အတွက်လည်းရည်ရွယ်ပါတယ်။

ဒီစီမံကိန်းပြီးသွားရင် အသင်းအတွက် အကျိုးကျေးဇူးတွေအများကြီးရရှိမှာဖြစ်ပြီး ကွင်းတိုးချဲ့တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ဆောင်ပြီးဖြစ်တဲ့ ပြိုင်ဘက်အသင်းတွေကိုလည်း အမီလိုက်နိုင်ဖို့ရှိနေပါတယ်။

နူးကမ့်ကွင်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်နေချိန်အတွင်း တခြားကွင်းတစ်ခုကို အိမ်ကွင်းအဖြစ်အသုံးပြုသွားမှာဖြစ်ပြီး အဖြစ်နိုင်ဆုံးကတော့ ယိုဟန်ခရိုက်ဖ်ကွင်းပဲဖြစ်ပါတယ်”လို့ဆိုခဲ့ပါတယ်။

ယိုဟန်ခရိုက်ဖ်ကွင်းဟာ ဘာစီလိုနာအမျိုးသမီးအသင်းအိမ်ကွင်းအဖြစ်အသုံးပြုနေတဲ့ကွင်းဖြစ်ပြီး နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ ၁၉၉၂ အိုလံပစ်ဖွင့်ပွဲကျင်းပခဲ့တဲ့ Montjuic Stadium ကို အသုံးပြုသွားဖို့ပဲဖြစ်ပါတယ်။

နူးကမ့်ကွင်းကို ၁၉၅၄ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့သလို ၁၉၉၅၊ ၂၀၀၈၊ ၂၀၁၈ ခုနှစ်တွေမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေပြုလုပ်ခဲ့ရပါတယ်။

ပရိသတ်အရေအတွက်(၉၉,၃၅၄)ဦးဝင်ဆံ့တဲ့ နူးကမ့်ကွင်းဟာ ဥရောပမှာ အကြီးမားဆုံးကွင်းအဖြစ်သတ်မှတ်ခံထားရသလို ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အကြီးဆုံးကွင်းအဖြစ်စာရင်းဝင်နေတာလည်းဖြစ်ပါတယ်။

1xbet မှာ အကောင့်ဖွင့်ပြီး ကစားမယ့်ဆိုရင် ဒီ viber link ကိုနှိပ်ပါ…

zawgyi

ႏူးကမ့္ကြင္းကို ႏွစ္အေတာ္ၾကာေအာင္ စြန႔္ခြာရဖို႔ရွိေနတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင္းဟာ အိမ္ကြင္းအျဖစ္အသုံးျပဳေနတဲ့ႏူးကမ့္ကြင္းကို ျပန္လည္တိုးခ်ဲ႕တည္ေဆာက္ေရးလုပ္ငန္းေတြလုပ္ေဆာင္သြားမွာျဖစ္တဲ့အတြက္ ႏွစ္အေတာ္ၾကာ စြန႔္ခြာရဖို႔ရွိတယ္လို႔ အသင္းဥကၠဌလာေပၚတာကအတည္ျပဳလိုက္ပါတယ္။ ဘာစီလိုနာအသင္းအေနနဲ႔ ႏူးကမ့္ကြင္းျပဳျပင္ေရးလုပ္ငန္းေတြကို လာမယ့္၂၀၂၂ ခုႏွစ္မွာစတင္သြားဖို႔ရွိေနၿပီး (၄)ႏွစ္ေလာက္အထိအခ်ိန္ယူရမယ့္အေနအထားပါပဲ။ ဘာစီလိုနာအသင္းရဲ႕စီမံကိန္းေတြထဲမွာ ႏူးကမ့္ကြင္းအတြင္း ထိုင္ခုံအေရအတြက္(၁၁,၀၀၀)တိုးခ်ဲ႕သြားမွာျဖစ္တာေၾကာင့္ စုစုေပါင္းပရိသတ္(၁၁၀,၀၀၀)အထိဝင္ဆံ့မယ့္ကြင္းျဖစ္လာမယ့္အျပင္ ကြင္းပတ္ပတ္လည္က ကလပ္အသင္းစတိုးဆိုင္နဲ႔၊ အထိမ္းအမွတ္ျပခန္းကိုလည္း ျပန္လည္ျပင္ဆင္မြမ္းမံသြားမွာျဖစ္ပါတယ္။

ဒါေပမဲ့ ဒီစီမံကိန္းႀကီးအထေျမာက္ဖို႔အတြက္ အေရးႀကီးဆုံးအခ်က္က ဘာစီလိုနာအသင္း ေခ်းေငြရရွိဖို႔ပါပဲ။ အခုေလာေလာဆယ္ ဘာစီလိုနာအသင္းဟာ ေခ်းေငြရဖို႔အတြက္ ရင္းႏွီးျမဳပ္ႏွံမႈဘဏ္တစ္ခုျဖစ္တဲ့ Goldman Sachs နဲ႔ေဆြးေႏြးမႈေတြျပဳလုပ္ေနတယ္လို႔ သတင္းထြက္ေနၿပီး ေခ်းေငြအျဖစ္ ေပါင္(၁.၂၇)ဘီလီယံအထိရရွိသြားဖို႔ရွိေနပါတယ္။ ႏူးကမ့္ကြင္းျပန္လည္တည္ေဆာက္ေရးကိစၥက ေခ်းေငြရရွိမႈအေပၚမူတည္ေနေပမယ့္ ဘုတ္အဖြဲ႕တာဝန္ရွိသူေတြကေတာ့ ဒီစီမံကိန္းစတင္ဖို႔ အားလုံးသေဘာတူညီခဲ့ၿပီးျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ၂၀၂၀-၂၁ ရာသီမွာ ေပါင္(၄၀၈)သန္းအရႈံးေပၚခဲ့တယ္လို႔ မၾကာေသးခင္ကမွထုတ္ျပန္ေၾကညာခဲ့ေပမယ့္ အခု ႏူးကမ့္ကြင္းျပန္လည္တည္ေဆာက္ေရးစီမံကိန္း စတင္ဖို႔ႀကိဳးပမ္းေနတာေၾကာင့္ ဘ႑ာေရးအခက္အခဲေတြၾကားထဲက အသင္းအတြက္အေကာင္းဆုံးျဖစ္ေအာင္ လာေပၚတာ ေဆာင္႐ြက္ေနတယ္လို႔သတ္မွတ္ရမွာပါ။ လာေပၚတာက “ႏူးကမ့္ကြင္းသစ္စီမံကိန္းက အသင္းအတြက္အလားအလာေကာင္းမယ့္ အဓိကစီမံကိန္းတစ္ခုျဖစ္သလို အနာဂတ္အတြက္လည္းရည္႐ြယ္ပါတယ္။

ဒီစီမံကိန္းၿပီးသြားရင္ အသင္းအတြက္ အက်ိဳးေက်းဇူးေတြအမ်ားႀကီးရရွိမွာျဖစ္ၿပီး ကြင္းတိုးခ်ဲ႕တည္ေဆာက္ေရးလုပ္ငန္းေတြလုပ္ေဆာင္ၿပီးျဖစ္တဲ့ ၿပိဳင္ဘက္အသင္းေတြကိုလည္း အမီလိုက္ႏိုင္ဖို႔ရွိေနပါတယ္။ ႏူးကမ့္ကြင္းျပန္လည္တည္ေဆာက္ေရးလုပ္ငန္းေတြေဆာင္႐ြက္ေနခ်ိန္အတြင္း တျခားကြင္းတစ္ခုကို အိမ္ကြင္းအျဖစ္အသုံးျပဳသြားမွာျဖစ္ၿပီး အျဖစ္ႏိုင္ဆုံးကေတာ့ ယိုဟန္ခ႐ိုက္ဖ္ကြင္းပဲျဖစ္ပါတယ္”လို႔ဆိုခဲ့ပါတယ္။

ယိုဟန္ခ႐ိုက္ဖ္ကြင္းဟာ ဘာစီလိုနာအမ်ိဳးသမီးအသင္းအိမ္ကြင္းအျဖစ္အသုံးျပဳေနတဲ့ကြင္းျဖစ္ၿပီး ေနာက္ထပ္ေ႐ြးခ်ယ္စရာတစ္ခုကေတာ့ ၁၉၉၂ အိုလံပစ္ဖြင့္ပြဲက်င္းပခဲ့တဲ့ Montjuic Stadium ကို အသုံးျပဳသြားဖို႔ပဲျဖစ္ပါတယ္။ ႏူးကမ့္ကြင္းကို ၁၉၅၄ ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့ၿပီး ၁၉၅၇ ခုႏွစ္မွာစတင္ဖြင့္လွစ္ခဲ့သလို ၁၉၉၅၊ ၂၀၀၈၊ ၂၀၁၈ ခုႏွစ္ေတြမွာ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းေတြျပဳလုပ္ခဲ့ရပါတယ္။ ပရိသတ္အေရအတြက္(၉၉,၃၅၄)ဦးဝင္ဆံ့တဲ့ ႏူးကမ့္ကြင္းဟာ ဥေရာပမွာ အႀကီးမားဆုံးကြင္းအျဖစ္သတ္မွတ္ခံထားရသလို ကမာၻေပၚမွာ စတုတၳေျမာက္အႀကီးဆုံးကြင္းအျဖစ္စာရင္းဝင္ေနတာလည္းျဖစ္ပါတယ္။