နီကိုလက်စ်ပီပီရဲ့ဖရီးကစ်စွမ်းရည်လျှို့ဝှက်ချက်ကို ဖွင့်ဟလိုက်တဲ့ အာဆင်နယ်လူငယ်ကြယ်ပွင့်ရိုဝီ

photo-daily star

photo-gettyimages

အာဆင်နယ်လူငယ်ကြယ်ပွင့်စမစ်ရိုဝီက ပေါ်တူဂီကလပ်ဂွီမာရေးစ်နဲ့ယူရိုပါလိဂ်အိမ်ကွင်းပွဲမှာ နောက်ကျဖရီးကစ်သွင်းဂိုးတွေနဲ့ အာဆင်နယ်ရဲ့ကယ်တင်ရှင် နီကိုလက်စ်ပီပီဖြစ်သွားတာဟာ အံ့သြစရာမရှိကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲဒီပွဲမှာ အာဆင်နယ်ရဲ့စံချိန်တင်ကြေးရှင်ဖြစ်တဲ့ပီပီဟာ ဒုတိယပိုင်း ၇၅ မိနစ်ရောက်မှ လူစားဝင်အဖြစ် ဝင်ရောက်လာခဲ့တာပါ။ သူဝင်လာချိန်မှာ အာဆင်နယ်ဟာ ၂-၁ ဂိုးနဲ့ရှုံးနေတာဖြစ်ပြီး မိနစ် ၈၀ မှာ အာဆင်နယ်အတွက် ချေပဂိုးကို ဖရီးကစ်ကနေ သွင်းပေးခဲ့ကာ နာကျင်အချိန်ပိုမှာလည်း အာဆင်နယ်အတွက် အနိုင်ဂိုးကို ဖရီးကစ်ကနေပဲ သွင်းပေးခဲ့ပါတယ်။

photo-gettyimages

အဲဒီပွဲ့အာဆင်နယ်ကွင်းလယ်မှာ ပါဝင်ကစားခဲ့တဲ့ အင်္ဂလန်သားလေးစမစ်ရိုဝီက”ပီပီရဲ့တိုးတက်မှုက နေ့စဉ်နေ့တိုင်းလို့ ထင်ပါတယ်။ သူကောင်းကောင်းကစားနိုင်သလို ခြေစွမ်းလည်း တည်ငြိမ်ပါတယ်။ သူ့ရဲ့သွင်းဂိုးတွေကို စောင့်ခဲ့ရပေမယ့် ဒီညမှာတော့ မယုံနိုင်ဖွယ်ရာ ဖရီးကစ်ဂိုးတွေကို သူသွင်းနိုင်ခဲ့တာပါ။ သူ့အတွက် ကျွန်တော်တို့ အရမ်းပျော်ရပါတယ်။ သူဟာ ဖရီးကစ်နဲ့ပင်နယ်တီတွေကို အများကြီးလေ့ကျင့်နေတာပါ။ ဒါကြောင့် သူ ဖရီးကစ်ဂိုး ၂ ဂိုးသွင်းတာကို ကျွန်တော် မအံ့သြပါဘူး။ လေ့ကျင့်ရေးကွင်းမှာ အရမ်းကိုကြိုးစားပြီး ပုံမှန်လေ့ကျင့်မှုပြီးရင်လည်း တည်ကန်ဘောတွေလေ့ကျင့်ဖို့ တည်ကန်ဘောတွေ လေ့ကျင့်ဖို့ အမြဲကျန်နေတတ်ပါတယ်”လို့ ပြောကြားခဲ့တာပါ။

photo-gettyimages

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက လိုင်လီကနေ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၇၂ သန်းနဲ့ ရောက်လာတဲ့ ပီပီဟာ အာဆင်နယ်ကစားသမားဘဝအစမှာ ရုန်းကန်ခဲ့ရပါတယ်။ ဂွီမာရေးစ်နဲ့ပွဲမတိုင်ခင် အာဆင်နယ်က သူ့ရဲ့ပထမဆုံး ၁၁ ပွဲမှာ ပင်နယ်တီ ၁ ဂိုးသာ သွင်းနိုင်ခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့တနင်္လာနေ့ ရှက်ဖီးယူနိုက်တက်နဲ့ပရီးမီးယားလိဂ်ပွဲတုန်းကလည်း အပိုင်အခွင့်အရေးကို လွဲချော်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရသေးတယ်။ ဂွီမာရေးစ်နဲ့ပွဲရောက်မှသာ အာဆင်နယ်ရဲ့သူရဲကောင်းဖြစ်လာခဲ့တာပါ။

[Unicode]

နီကိုလက္စ္ပီပီရဲ႕ဖရီးကစ္စြမ္းရည္လွ်ိဳ႕၀ွက္ခ်က္ကို ဖြင့္ဟလိုက္တ့ဲ အာဆင္နယ္လူငယ္ၾကယ္ပြင့္ရို၀ီ

အာဆင္နယ္လူငယ္ၾကယ္ပြင့္စမစ္ရို၀ီက ေပၚတူဂီကလပ္ဂြီမာေရးစ္နဲ႔ယူရိုပါလိဂ္အိမ္ကြင္းပြဲမွာ ေနာက္က်ဖရီးကစ္သြင္းဂုိးေတြနဲ႔ အာဆင္နယ္ရဲ႕ကယ္တင္ရွင္ နီကိုလက္စ္ပီပီျဖစ္သြားတာဟာ အံ့ၾသစရာမရွိေၾကာင္း ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ အဲဒီပြဲမွာ အာဆင္နယ္ရဲ႕စံခ်ိန္တင္ေၾကးရွင္ျဖစ္တဲ့ပီပီဟာ ဒုတိယပိုင္း ၇၅ မိနစ္ေရာက္မွ လူစား၀င္အျဖစ္ ၀င္ေရာက္လာခဲ့တာပါ။ သူ၀င္လာခ်ိန္မွာ အာဆင္နယ္ဟာ ၂-၁ ဂိုးနဲ႔ရႈံးေနတာျဖစ္ၿပီး မိနစ္ ၈၀ မွာ အာဆင္နယ္အတြက္ ေခ်ပဂိုးကို ဖရီးကစ္ကေန သြင္းေပးခဲ့ကာ နာက်င္အခ်ိန္ပိုမွာလည္း အာဆင္နယ္အတြက္ အႏိုင္ဂိုးကို ဖရီးကစ္ကေနပဲ သြင္းေပးခဲ့ပါတယ္။

အဲဒီပြဲ႕အာဆင္နယ္ကြင္းလယ္မွာ ပါ၀င္ကစားခ့ဲတဲ့ အဂၤလန္သားေလးစမစ္ရို၀ီက”ပီပီရဲ႕တိုးတက္မႈက ေန႔စဥ္ေန႔တိုင္းလုိ႔ ထင္ပါတယ္။ သူေကာင္းေကာင္းကစားႏိုင္သလို ေျခစြမ္းလည္း တည္ၿငိမ္ပါတယ္။ သူ႔ရဲ႕သြင္းဂိုးေတြကို ေစာင့္ခဲ့ရေပမယ့္ ဒီညမွာေတာ့ မယုံႏိုင္ဖြယ္ရာ ဖရီးကစ္ဂိုးေတြကို သူသြင္းႏိုင္ခဲ့တာပါ။ သူ႔အတြက္ ကၽြန္ေတာ္တို႔ အရမ္းေပ်ာ္ရပါတယ္။ သူဟာ ဖရီးကစ္နဲ႔ပင္နယ္တီေတြကို အမ်ားႀကီးေလ့က်င့္ေနတာပါ။ ဒါေၾကာင့္ သူ ဖရီးကစ္ဂိုး ၂ ဂိုးသြင္းတာကို ကၽြန္ေတာ္ မအံ့ၾသပါဘူး။ ေလ့က်င့္ေရးကြင္းမွာ အရမ္းကိုႀကိဳးစားၿပီး ပုံမွန္ေလ့က်င့္မႈၿပီးရင္လည္း တည္ကန္ေဘာေတြေလ့က်င့္ဖို႔ တည္ကန္ေဘာေတြ ေလ့က်င့္ဖို႔ အၿမဲက်န္ေနတတ္ပါတယ္”လို႔ ေျပာၾကားခဲ့တာပါ။

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက လိုင္လီကေန အသင္းစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပါင္ ၇၂ သန္းနဲ႔ ေရာက္လာတဲ့ ပီပီဟာ အာဆင္နယ္ကစားသမားဘ၀အစမွာ ရုန္းကန္ခဲ့ရပါတယ္။ ဂြီမာေရးစ္နဲ႔ပြဲမတိုင္ခင္ အာဆင္နယ္က သူ႔ရဲ႕ပထမဆုံး ၁၁ ပြဲမွာ ပင္နယ္တီ ၁ ဂိုးသာ သြင္းႏိုင္ခဲ့တာပါ။ ဒါ့အျပင္ ၿပီးခဲ့တဲ့တနလၤာေန႔ ရွက္ဖီးယူႏိုက္တက္နဲ႔ပရီးမီးယားလိဂ္ပြဲတုန္းကလည္း အပိုင္အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာေၾကာင့္ ေ၀ဖန္မႈေတြနဲ႔ႀကဳံေတြ႕ခဲ့ရေသးတယ္။ ဂြီမာေရးစ္နဲ႔ပြဲေရာက္မွသာ အာဆင္နယ္ရဲ႕သူရဲေကာင္းျဖစ္လာခဲ့တာပါ။