နို့ဆွဲ ဆွဲနေတဲ့ ယူနိုက်တက် အားထားရတဲ့ မင်းသား
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်အသင်းကို ရောက်ရှိချိန်မှာ အသင်းနဲ့ မြန်မြန်ဆန်ဆန်အသားကျပြီး၊ ဆိုးလ်ရှားကို အများကြီး ကူညီပေးထားတဲ့ ကစားသမားကတော့ ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဖြစ်ပါတယ်။
ဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီး မှတ်မှတ်သားသားဖြစ်စရာ၊ ပြုံးစရာအချက်အလက်တစ်ခုရှိပါတယ်။ အဲဒါကတော့ သရဲနီ ကွင်းလယ်ရှင်ဟာ နို့တော်တော်ကြိုက်တဲ့အချက်ဖြစ်ပါတယ်။ နို့ကို ရေလိုသောက်တဲ့သူပါ။
ဖာနန်ဒက်စ်ကို “နို့ကြိုက်တဲ့မောင်”လို့ ခေါ်ရမလိုဖြစ်နေပါပြီ။ ဖာနန်ဒက်စ်က “ကျွန်တော်က နို့သောက်ရတာကိုကြိုက်ပါတယ်။ အဲဒါကြောင့် နို့သောက်ရတာမမုန်းပါဘူး။ အဆင်ပြေပါတယ်။”
“ကျွန်တော် နို့ကြိုက်တဲ့ ကိစ္စနဲ့ပတ် သက်လို့ မစိုးရိမ်လိုက်ပါနဲ့။ ကျွန်တော်ကတော့ဘာပဲဖြစ်ဖြစ် နို့ကို ဆက်သောက်နေဦးမှာပါပဲ။”
“ကျွန်တော် ဘယ်လောက်နို့ကြိုက်သလဲဆိုရင် တစ်ခါတလေ အဝတ်အစားလဲခန်း မှာ သောက်စရာနို့မရှိရင် ကျွန်တော့် အိမ်ကနေ ယူလာပြီး သောက်ပါတယ်။ “လို့ပြောဆိုပါတယ်။
ယခုနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အတွက် ပွဲအများဆုံးကစားပေးထားတဲ့ ကစားသမားဟာကွင်းလယ်လူ ဖာနန်ဒက်စ်ဖြစ်ပြီး (51)ပွဲ အထိကစားပေးထားတာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi