နိုဝင်ဘာအကောင်းဆုံးဆုတွေကို ကလော့ပ်နဲ့ မာနေးတို့ဆွတ်ခူး

Photo- Internet
Photo- Internet

နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး ဆုတွေကိုပေးအပ်ခဲ့ရာမှာ လီဗာပူးအသင်းကဆုတွေကို ရယူသွားနိုင်ခဲ့ပြီး နည်းပြ ဂျာဂင်ကလော့ပ်နဲ့ တိုက်စစ်မှူ း မာနေး တို့ကအကောင်းဆုံးနည်းပြဆုနဲ့ အကောင်းဆုံးကစားသမား ဆုတွေကိုဆွတ်ခူးခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ကမှလီဗာပူးနဲ့ ၂၀၂၄ အထိစာချုပ်သစ်လက်မှတ်ရေးထိုးခဲ့တဲ့ ကလော့ပ်ဟာ လီဗာပူးကိုနိုဝင်ဘာလအတွင်းမှာ ကစားခဲ့တဲ့ ၄ ပွဲစလုံးကိုအနိုင်ရအောင်စွမ်းဆောင်ပေးခဲ့လို့ အခုလိုမျိုးဆုရခဲ့တာဖြစ်ပါတယ်။ လီဗာပူးဟာ အက်စ်တွန်ဗီလာ၊ မန်စီးတီး၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဘရိုက်တန်တို့ကို အနိုင်ရရှိခဲ့တာပါ။

Photo- Internet

ကလော့ပ်ဟာ ဒီဆုအတွက် ဝုဗ်နည်းပြ နူနိုဆန်တို၊ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ၊ ရှဖီးယူနိုက်တက်အသင်းနည်းပြ ခရစ္စဝါလ်ဒယ်တို့နဲ့အြ့ပိုင်ဖြစ်ခဲ့ပြီးမှာ ဆုကိုဆွတ်ခူးခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာတို့အတွက်လည်းဆုရခဲ့သေးလို့ အင်္ဂလန်ကိုရောက်ပြီးနောက် ဒီဆုကို ၆ ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့မှုလည်း ဖြစ်ခဲ့ပါတယ်။

Photo- Internet

လီဗာပူးရဲ့နိုင်ပွဲတွေမှာခြေစွမ်းပြပြီး အကောင်းဆုံအထောက်အပံ့ပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူ း မာနေးဟာလည်းအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ သူူဟာအဲဒီ ၄ ပွဲမှာ ၃ ဂိုးသွင်းယူပြီး တစ်ဂိုးဖန်တီးပေးခဲ့လို့ သူ့ရဲ့စွမ်းဆောင်ရည်ဟာ လီဗာပူးကိုနိုင်ပွဲဆက်စေဖို့ အကူအညီဖြစ်စေခဲ့ပါတယ်။

Photo- Internet

သူဟာ ဗီလာနဲ့ပွဲမှာ အသင်းရှုံးမလိုအခြေအနေကနေ ရောဘတ်ဆန်ရဲ့ချေပဂိုးကိုဖန်တီးပေးခဲ့တဲ့အပြင် အနိုင်ဂိုးကိုပါသွင်းယူခဲ့တာပါ။ ဆီနီဂေါလက်ေ်ရွးစင်ဖြစ်တဲ့ မာနေးဟာဒီဆုကို ၃ ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီး အရင် ၂ ကြိမ်က ၂၀၁၇ သြဂုတ်နဲ့၂၀၁၉ မတ်လအတွင်းမှာဖြစ်ပါတယ်။

Photo- Internet

Zawgyi

ႏို၀င္ဘာအေကာင္းဆုံးဆုေတြကို ကေလာ႔ပ္နဲ႔ မာေနးတို႔ဆြတ္ခူး

ႏို၀င္ဘာလအတြက္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံး ဆုေတြကိုေပးအပ္ခဲ့ရာမွာ လီဗာပူးအသင္းကဆုေတြကို ရယူသြားႏိုင္ခဲ့ၿပီး နည္းျပ ဂ်ာဂင္ကေလာ႔ပ္နဲ႔ တိုက္စစ္မွဴ း မာေနး တို႔ကအေကာင္းဆုံးနည္းျပဆုနဲ႔ အေကာင္းဆုံးကစားသမား ဆုေတြကိုဆြတ္ခူးခဲ့ၾကတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ႔ ရက္ကမွလီဗာပူးနဲ႔ ၂၀၂၄ အထိစာခ်ဳပ္သစ္လက္မွတ္ေရးထိုးခဲ့တဲ႔ ကေလာ႔ပ္ဟာ လီဗာပူးကိုႏို၀င္ဘာလအတြင္းမွာ ကစားခဲ့တဲ႔ ၄ ပြဲစလုံးကိုအႏိုင္ရေအာင္စြမ္းေဆာင္ေပးခဲ့လို႔ အခုလိုမ်ဳိးဆုရခဲ့တာျဖစ္ပါတယ္။ လီဗာပူးဟာ အက္စ္တြန္ဗီလာ၊ မန္စီးတီး၊ ခရစၥတယ္ပဲေလ႔စ္နဲ႔ ဘရိုက္တန္တို႔ကို အႏိုင္ရရွိခဲ့တာပါ။

ကေလာ႔ပ္ဟာ ဒီဆုအတြက္ ၀ုဗ္နည္းျပ ႏူႏိုဆန္တို၊ လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာ၊ ရွဖီးယူႏိုက္တက္အသင္းနည္းျပ ခရစၥ၀ါလ္ဒယ္တို႔နဲ႔အၿ႔ပိဳင္ျဖစ္ခဲ့ၿပီးမွာ ဆုကိုဆြတ္ခူးခဲ့တာပါ။ သူဟာ ၿပီးခဲ့တဲ႔ ၾသဂုတ္လနဲ႔ စက္တင္ဘာတို႔အတြက္လည္းဆုရခဲ့ေသးလို႔ အဂၤလန္ကိုေရာက္ၿပီးေနာက္ ဒီဆုကို ၆ ႀကိမ္ေျမာက္ဆြတ္ခူးႏိုင္ခဲ့မႈလည္း ျဖစ္ခဲ့ပါတယ္။

လီဗာပူးရဲ႕ႏိုင္ပြဲေတြမွာေျခစြမ္းျပၿပီး အေကာင္းဆုံအေထာက္အပံ႔ေပးႏိုင္ခဲ့တဲ႔ တိုက္စစ္မွဴ း မာေနးဟာလည္းအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ပါတယ္။ သူူဟာအဲဒီ ၄ ပြဲမွာ ၃ ဂိုးသြင္းယူၿပီး တစ္ဂိုးဖန္တီးေပးခဲ့လို႔ သူ႔ရဲ႕စြမ္းေဆာင္ရည္ဟာ လီဗာပူးကိုႏိုင္ပြဲဆက္ေစဖုိ႔ အကူအညီျဖစ္ေစခဲ့ပါတယ္။

သူဟာ ဗီလာနဲ႔ပြဲမွာ အသင္းရႈံးမလိုအေျခအေနကေန ေရာဘတ္ဆန္ရဲ႕ေခ်ပဂိုးကိုဖန္တီးေပးခဲ့တဲ႔အျပင္ အႏိုင္ဂိုးကိုပါသြင္းယူခဲ့တာပါ။ ဆီနီေဂါလက္ေ္ရြးစင္ျဖစ္တဲ႔ မာေနးဟာဒီဆုကို ၃ ႀကိမ္ေျမာက္ရယူႏိုင္ခဲ့တာျဖစ္ၿပီး အရင္ ၂ ႀကိမ္က ၂၀၁၇ ၾသဂုတ္နဲ႔၂၀၁၉ မတ္လအတြင္းမွာျဖစ္ပါတယ္။