နိုဝင်ဘာလထဲမှာပဲ အမှတ်ပေးချန်ပီယံက လီဗာပူးအသင်းဆိုတာ သိသာသွားမှာပါ – ဟားဂရေ့ဗ်

Photo Credit

Photo Credit

လက်ရှိအချိန်မှာ လီဗာပူးအသင်းဟာ ယမန်နှစ်ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးကို ၈ မှတ်အထိကွာဟသွားအောင် အမှတ်ဖြတ်ထားနိုင်ခဲ့ပါပြီ။ လီဗာပူးအသင်းဟာ ဒီရာသီမှာပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ နိုဝင်ဘာလမှာယှဉ်ပြိုင်မယ့်ပွဲစဉ်မှာတော့ အနိုင်ကန်ပြီးအခွင့်အရေးကိုအပိုင်ဖမ်းဆုပ်ထားဖို့လိုတယ်လို့ မန်စီးတီးကွင်းလယ်လူဟောင်းအိုဝင် ဟားဂရေ့ဗ် က တွက်ဆထားပါတယ်။

Photo Credit

လီဗာပူးအသင်းဟာ ပြီခဲ့တဲ့အပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၈ ယှဉ်ပြိုင်ကစားအပြီးမှာ ဒုတိယနေရာက စီးတီးကို ၈ မှတ်အထိကွာဟသွားအောင် အမှတ်ဖြတ်ထားနိုင်ခဲပြီး စီးတီးကတော့ တနင်္ဂနွေနေ့က ဝုဗ်အသင်းကို အိမ်ကွင်းမှာ ၂-ဝနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးချန်ပီယံဆုကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ချက်တွေ နည်းပါးသွားခဲ့ရပါပြီ။

Photo Credit

လီဗာပူးနဲ့ မန်စီးတီးအသင်းဟာ နိုဝင်ဘာ ၁၀ ရက်နေ့ရောက်ရင် အန်ဖီးလ်ကွင်းမှာ ထိပ်တိုက်တွေ့ဆုံယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဟားဂရေ့ဗ်ကတော့ ထိုနေ့ဟာ အမှတ်ပေးချန်ပီယံကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ကြီးကျယ်တဲ့ နေ့ရက်ဖြစ်တယ်လို့ တွက်ဆပြောဆိုလိုက်ပါတယ်။

Photo Credit

”လက်ရှိမှာ ယခုလိုအမှတ်ကွာဟနေမှုက ကြီးမားတဲ့အရာပါ၊ လီဗာပူးက ဒီအတိုင်းဆက်ထိန်းနိုင်ဖို့ လိုပါတယ်၊ အသင်းတိုင်းဟာ အမှတ်ပေးချန်ပီယံဖြစ်ဖို့ ကစားနေကြတာလို့ ကျွန်တေ်ာထင်ပါတယ်၊ ၄ပွဲ၊ ၅ ပွဲ (သို့) ၆ ပွဲလောက် အနိုင်ရခဲ့ပြီဆိုရင်တော့ ဒါကချန်ပီယံဖြစ်ဖို့ အကူအညီပေးနိုင်ပါပြီ”လို့ ဟားဂရေ့ဗ်ကပြောပါတယ်။

Photo Credit

ဆက်လက်ပြီး အင်္ဂလန်လက်ရွေးစင်ဟောင်း ဟားဂရေ့ဗ်က ”အခု ၈ မှတ်တောင် ကွာဟနေတာပါ၊ ဒါကိုသူတို့ ဆက်ထိန်းနိုင်ဖို့ လိုပါတယ်၊ စီတီးနဲ့ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မှာလီဗာပူးအသင်းက ၈ မှတ်ကွာဟနေရာက ၁၁ မှတ်ကွာအောင် ပြောင်းလဲနိုင်မယ်ဆိုရင်တော့ နိုဝင်ဘာ၊ ဒီဇင်ဘာစတဲ့ အချိန်ကာလမှာပဲ ဒီ ၂ သင်းအားပြိုင်မှုကအားလုံးပြီးဆုံးသွားပါပြီ။ လီဗာပူးချန်ပီယံဆိုတာသေချာသွားမှာပါ”လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

Photo Credit

Zawgyi

ႏိုဝင္ဘာလထဲမွာပဲ အမွတ္ေပးခ်န္ပီယံက လီဗာပူးအသင္းဆုိတာ သိသာသြားမွာပါ – ဟားဂေရ႕ဗ္

လက္ရွိအခ်ိန္မွာ လီဗာပူးအသင္းဟာ ယမန္ႏွစ္ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးကို ၈ မွတ္အထိကြာဟသြားေအာင္ အမွတ္ျဖတ္ထားႏိုင္ခဲ့ပါၿပီ။ လီဗာပူးအသင္းဟာ ဒီရာသီမွာပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ႏိုင္ပါတယ္၊ ဒါေပမဲ့ ႏိုဝင္ဘာလမွာယွဥ္ၿပိဳင္မယ့္ပြဲစဥ္မွာေတာ့ အႏိုင္ကန္ၿပီးအခြင့္အေရးကိုအပိုင္ဖမ္းဆုပ္ထားဖို႔လိုတယ္လို႔ မန္စီးတီးကြင္းလယ္လူေဟာင္းအိုဝင္ ဟားဂေရ႕ဗ္ က တြက္ဆထားပါတယ္။
လီဗာပူးအသင္းဟာ ၿပီခဲ့တဲ့အပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၈ ယွဥ္ၿပိဳင္ကစားအၿပီးမွာ ဒုတိယေနရာက စီးတီးကို ၈ မွတ္အထိကြာဟသြားေအာင္ အမွတ္ျဖတ္ထားႏိုင္ခဲၿပီး စီးတီးကေတာ့ တနဂၤေႏြေန႔က ဝုဗ္အသင္းကို အိမ္ကြင္းမွာ ၂-၀နဲ႔ ရံႈးနိမ့္ခဲ့တာေၾကာင့္ အမွတ္ေပးခ်န္ပီယံဆုကိုဆက္လက္ထိန္းသိမ္းႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ နည္းပါးသြားခဲ့ရပါၿပီ။
လီဗာပူးနဲ႔ မန္စီးတီးအသင္းဟာ ႏိုဝင္ဘာ ၁၀ ရက္ေန႔ေရာက္ရင္ အန္ဖီးလ္ကြင္းမွာ ထိပ္တိုက္ေတြ႕ဆံုယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ဟားဂေရ႕ဗ္ကေတာ့ ထိုေန႔ဟာ အမွတ္ေပးခ်န္ပီယံကံၾကမၼာကို အဆံုးအျဖတ္ေပးမယ့္ ႀကီးက်ယ္တဲ့ ေန႔ရက္ျဖစ္တယ္လို႔ တြက္ဆေျပာဆိုလိုက္ပါတယ္။
”လက္ရွိမွာ ယခုလိုအမွတ္ကြာဟေနမႈက ႀကီးမားတဲ့အရာပါ၊ လီဗာပူးက ဒီအတိုင္းဆက္ထိန္းႏိုင္ဖို႔ လိုပါတယ္၊ အသင္းတိုင္းဟာ အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ ကစားေနၾကတာလို႔ ကၽြန္ေတ္ာထင္ပါတယ္၊ ၄ပြဲ၊ ၅ ပြဲ (သို႔) ၆ ပြဲေလာက္ အႏိုင္ရခဲ့ၿပီဆိုရင္ေတာ့ ဒါကခ်န္ပီယံျဖစ္ဖို႔ အကူအညီေပးႏိုင္ပါၿပီ”လို႔ ဟားဂေရ႕ဗ္ကေျပာပါတယ္။
ဆက္လက္ၿပီး အဂၤလန္လက္ေရြးစင္ေဟာင္း ဟားဂေရ႕ဗ္က ”အခု ၈ မွတ္ေတာင္ ကြာဟေနတာပါ၊ ဒါကိုသူတို႔ ဆက္ထိန္းႏိုင္ဖို႔ လိုပါတယ္၊ စီတီးနဲ႔ယွဥ္ၿပိဳင္ကစားမယ့္ ပြဲစဥ္မွာလီဗာပူးအသင္းက ၈ မွတ္ကြာဟေနရာက ၁၁ မွတ္ကြာေအာင္ ေျပာင္းလဲႏိုင္မယ္ဆိုရင္ေတာ့ ႏိုဝင္ဘာ၊ ဒီဇင္ဘာစတဲ့ အခ်ိန္ကာလမွာပဲ ဒီ ၂ သင္းအားၿပိဳင္မႈကအားလံုးၿပီးဆံုးသြားပါၿပီ။ လီဗာပူးခ်န္ပီယံဆိုတာေသခ်ာသြားမွာပါ”လို႔ ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။