
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြီးခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ရီးရဲလ်မက်ဒရစ်အသင်းနဲ့ကစားတဲ့ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲဒုတိယအကျော့ပွဲစဉ်မှာ
ပြိုင်ဘက်အသင်းကို 5 ဂိုးလောက်သွင်းယူနိုင်သင့်ကြောင်းကွင်းလယ်လူမေဆန်မောင့်ကထုတ်ဖော်ပြောဆိုထားပါတယ်။
ချယ်လ်ဆီးအသင်းက တီမိုဝါနာ ၊ မေဆန်မောင့်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ (၂)ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပြီး နှစ်ကျော့ပေါင်း (၃)ဂိုး(၁)ဂိုးနဲ့ ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာရီးရဲလ်မက်ဒရစ်အသင်းနဲ့ပွဲမှာဂိုးပေါက်ကန်သွင်းမှု၁၅ကြိမ်အထိရှိခဲ့ပြီးအဆုံးသတ်ပိုင်းအားနည်းချက်တွေရှိခဲ့တယ်လို့ မေဆန်မောင့်ကပြောဆိုပါတယ်။
မေဆန်မောင့်က “အဲဒီပွဲက ခက်ခဲခဲ့ပါတယ်။ ပြိုင်ဘက်က ဒီပွဲမှာ သူတို့လုပ်ဆောင်နိုင်သမျှကို အားလုံးလုပ်ဆောင်သွားခဲ့တယ်။
ဒါပေမယ့် ကျွန်တော်တို့ကလည်း ဒီပွဲမှာ အတော်လေးကို ကြိုးစားအားထုတ်ကစားခဲ့ပါတယ်။”
“ကျွန်တော်ကတော့ လုပ်ဆောင်နိုင်သမျှကို အကုန်ထုတ်ပြခဲ့ပါတယ်။
ကျွန်တော်တို့အသင်းဟာပထမပိုင်းမှာအနိုင်ရဖို့ဆန္ဒရှိတဲ့အတိုင်းအကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။အခွင့်အရေးကောင်းတွေရယူနိုင်ခဲ့ပါတယ်”
“တကယ်ဆိုရင် ကျွန်တော်တို့ဘက်ကနေ သွင်းဂိုး(၅)ဂိုးလောက်ကို သွင်းယူနိုင်ခဲ့သင့်ပါတယ်။
ဒါပေမယ့် ဒါတွေထက် ပိုအရေးကြီးတာကတော့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့တာပါပဲ။
ကျွန်တော်တို့က ကစားရတဲ့ ပွဲစဉ်တိုင်းလိုလိုကို အနိုင်ရချင်တာပါ။”ဆိုပြီးပြောပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ႏိုင္လိုမင္းထက္ စိတ္ဓာတ္နဲ႔ ရီးရဲလ္ကို ဂိုးမ်ားစြာသြင္းခ်င္တဲ့ ေမဆန္ေမာင့္
ၿပီးခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းနဲ႔ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ကစားတဲ့ခ်န္ပီယံလိဂ္အႀကိဳဗိုလ္လုပြဲဒုတိယအေက်ာ့ပြဲစဥ္မွာ ၿပိဳင္ဘက္အသင္းကို 5 ဂိုးေလာက္သြင္းယူနိုင္သင့္ေၾကာင္းကြင္းလယ္လူေမဆန္ေမာင့္ကထုတ္ေဖာ္ေျပာဆိုထားပါတယ္။
ခ်ယ္လ္ဆီးအသင္းက တီမိုဝါနာ ၊ ေမဆန္ေမာင့္တို့ရဲ့ သြင္းဂိုးေတြနဲ႔အတူ (၂)ဂိုးျပတ္နဲ႔ အနိုင္ရသြားခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္း (၃)ဂိုး(၁)ဂိုးနဲ႔ ဗိုလ္လုပြဲအဆင့္ကို တက္လွမ္းသြားခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာရီးရဲလ္မက္ဒရစ္အသင္းနဲ႔ပြဲမွာဂိုးေပါက္ကန္သြင္းမွု၁၅ႀကိမ္အထိရွိခဲ့ၿပီးအဆုံးသတ္ပိုင္းအားနည္းခ်က္ေတြရွိခဲ့တယ္လို႔ ေမဆန္ေမာင့္ကေျပာဆိုပါတယ္။
ေမဆန္ေမာင့္က “အဲဒီပြဲက ခက္ခဲခဲ့ပါတယ္။ ၿပိဳင္ဘက္က ဒီပြဲမွာ သူတို့လုပ္ေဆာင္နိုင္သမၽွကို အားလုံးလုပ္ေဆာင္သြားခဲ့တယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို့ကလည္း ဒီပြဲမွာ အေတာ္ေလးကို ႀကိဳးစားအားထုတ္ကစားခဲ့ပါတယ္။”
“ကၽြန္ေတာ္ကေတာ့ လုပ္ေဆာင္နိုင္သမၽွကို အကုန္ထုတ္ျပခဲ့ပါတယ္။ ကၽြန္ေတာ္တို့အသင္းဟာပထမပိုင္းမွာအနိုင္ရဖို့ဆႏၵရွိတဲ့အတိုင္းအေကာင္းဆုံးေျခစြမ္းျပကစားနိုင္ခဲ့ပါတယ္။အခြင့္အေရးေကာင္းေတြရယူနိုင္ခဲ့ပါတယ္”
“တကယ္ဆိုရင္ ကၽြန္ေတာ္တို့ဘက္ကေန သြင္းဂိုး(၅)ဂိုးေလာက္ကို သြင္းယူနိုင္ခဲ့သင့္ပါတယ္။ ဒါေပမယ့္ ဒါေတြထက္ ပိုအေရးႀကီးတာကေတာ့ နိုင္ပြဲတစ္ပြဲကို ရယူနိုင္ခဲ့တာပါပဲ။ကၽြန္ေတာ္တို့က ကစားရတဲ့ ပြဲစဥ္တိုင္းလိုလိုကို အနိုင္ရခ်င္တာပါ။”ဆိုၿပီးေျပာပါတယ္။