နိုင်ပွဲ ဆာလောင်နေတဲ့ စိတ်နဲ့ ထူးရှယ်ခြေစွမ်း ပြသနိုင်ခဲ့တဲ့ ဘိုင်လီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းမှာ ပုံမှန် ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ခံစစ်ကစားသမား ဘိုင်လီကတော့

အတ္တလန်တာအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ပွဲထွက် ကစားခွင့် ရခဲ့ပါတယ်။

လင်ဒီလော့ဖ် ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ အနေအထားမှာ ဆိုးလ်ရှားက ဘိုင်လီကို အခွင့်အရေးပေးခဲ့ပြီး

ဘိုင်လီကလည်း ရလာတဲ့အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုပြသနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ မန်ယူအသင်းရဲ့ ခံစစ်က ဂိုးပေးရလောက်တဲ့ အနေအထား တချို့ကို

ဘိုင်လီက ဖျက်ထုတ်ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ အခုလိုမျိုး ပြောဆိုခဲ့ပါတယ်။

” အတ္တလန်တာ နဲ့ ပွဲက ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ကျွန်တော်တို့ ဒီပွဲကို အနိုင် မကစားနိုင်ဘူး။

ကျွန်တော့်အနေနဲ့ ကွင်းထဲမှာ ပြန်ပြီးခြေချခွင့်ရတဲ့ ခံစားချက်က ပြောမပြတတ်အောင် အရမ်းကောင်းပါတယ်။

နိုင်ပွဲဆာလောင်နေတဲ့စိတ်နဲ့ အတူ မြက်ခင်းစိမ်းတွေပေါ် ပြန်ပြီးလာခဲ့တာပါ။

အရှုံးတွေ ၊ ခက်ခဲမှုတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက်သွားမှာပါ။

အခုတော့ လာမယ့် စနေနေ့မှာ ကစားမယ့် ဒါဘီပွဲအတွက် အပြည့်အဝ အာရုံစိုက်ထားပါတယ်။

အားပေးကြတဲ့ မန်ယူအသင်းရဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” လို့ ဘိုင်လီက ပြောဆိုခဲ့ပါတယ်။

လင်ဒီလော့ဖ်ဟာ အတ္တလန်တာ နဲ့ ပွဲမတိုင်မီ အသေးစား ဒဏ်ရရခဲ့သလို ဗာရန်းကလည်း

အတ္တလန်တာအသင်းနဲ့ပွဲစဉ် ပထမပိုင်းမှာဒဏ်ရာ ရသွားခဲ့တာကြောင့်

ဘိုင်လီအနေနဲ့ မန်ချက်စတာဒါဘီ ပွဲစဉ်မှာ ထပ်မံ ပွဲထွက်ခွင့်ရနိုင်ချေရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ႏိုင္ပြဲ ဆာေလာင္ေနတဲ့ စိတ္နဲ႔ ထူးရွယ္ေျခစြမ္း ျပသႏိုင္ခဲ့တဲ့ ဘိုင္လီ

မန္ယူအသင္းမွာ ပုံမွန္ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနတဲ့ ခံစစ္ကစားသမား ဘိုင္လီကေတာ့ အတၱလန္တာအသင္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္မွာ ပြဲထြက္ ကစားခြင့္ ရခဲ့ပါတယ္။

လင္ဒီေလာ့ဖ္ ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္တဲ့ အေနအထားမွာ ဆိုးလ္ရွားက ဘိုင္လီကို အခြင့္အေရးေပးခဲ့ၿပီး

ဘိုင္လီကလည္း ရလာတဲ့အခြင့္အေရးကို အေကာင္းဆုံး အသုံးခ်ၿပီး ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္တစ္ခုျပသႏိုင္ခဲ့ပါတယ္။

ဒီပြဲမွာ မန္ယူအသင္းရဲ႕ ခံစစ္က ဂိုးေပးရေလာက္တဲ့ အေနအထား တခ်ိဳ႕ကို ဘိုင္လီက ဖ်က္ထုတ္ကာကြယ္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ၿပီး ပြဲအၿပီးမွာေတာ့ အခုလိုမ်ိဳး ေျပာဆိုခဲ့ပါတယ္။

” အတၱလန္တာ နဲ႔ ပြဲက ခက္ခဲတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ ဒီပြဲကို အႏိုင္ မကစားႏိုင္ဘူး။

ကြၽန္ေတာ့္အေနနဲ႔ ကြင္းထဲမွာ ျပန္ၿပီးေျခခ်ခြင့္ရတဲ့ ခံစားခ်က္က ေျပာမျပတတ္ေအာင္ အရမ္းေကာင္းပါတယ္။

ႏိုင္ပြဲဆာေလာင္ေနတဲ့စိတ္နဲ႔ အတူ ျမက္ခင္းစိမ္းေတြေပၚ ျပန္ၿပီးလာခဲ့တာပါ။

အရႈံးေတြ ၊ ခက္ခဲမႈေတြကေန သင္ခန္းစာယူၿပီး ေရွ႕ဆက္သြားမွာပါ။

အခုေတာ့ လာမယ့္ စေနေန႔မွာ ကစားမယ့္ ဒါဘီပြဲအတြက္ အျပည့္အဝ အာ႐ုံစိုက္ထားပါတယ္။

အားေပးၾကတဲ့ မန္ယူအသင္းရဲ႕ ပရိသတ္ေတြကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္” လို႔ ဘိုင္လီက ေျပာဆိုခဲ့ပါတယ္။

လင္ဒီေလာ့ဖ္ဟာ အတၱလန္တာ နဲ႔ ပြဲမတိုင္မီ အေသးစား ဒဏ္ရရခဲ့သလို

ဗာရန္းကလည္း အတၱလန္တာအသင္းနဲ႔ပြဲစဥ္ ပထမပိုင္းမွာ ဒဏ္ရာ ရသြားခဲ့တာေၾကာင့္

ဘိုင္လီအေနနဲ႔ မန္ခ်က္စတာဒါဘီ ပြဲစဥ္မွာ ထပ္မံ ပြဲထြက္ခြင့္ရႏိုင္ေခ်ရွိေနပါတယ္။