နိုင်ပွဲအတွက် အန်ဖီးလ်ကို ရောက်လာခြင်းဖြစ်ကြောင်း ဆဲလ်ဘတ်ကွင်းလယ်လူ ဆိုဘိုဇ်လိုင်း သတိပေး

Photo Credit

Photo Credit

ဆဲလ်ဘတ်အသင်းကွင်းလယ်လူ ဒိုမီနစ်ဆိုဘိုဇ်လိုင်းက ယခုရာသီပြိုင်ပွဲစုံရှုံးပွဲမရှိစံချိန်တင်ထားမှုက အသင်းသားတွေကို ယုံကြည်မှုအပြည့်ရှိစေကြောင်းနဲ့ ချန်ပီယံလိဂ်ချန်ပီယံကို ကမောက်ကမဖြစ်စေနိုင်တယ်ဆိုတဲ့အချက်က အားလုံးကို စိတ်လှုပ်ရှားစေကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Photo Credit

အသက် ၁၈နှစ်အရွယ်သာရှိသေးတဲ့ ဟန်ဂေရီနိုင်ငံသား ဆိုဘိုဇ်လိုင်းဟာ သူ့ရဲ့ချန်ပီယံလိဂ်ပွဲဦးထွက်အဖြစ် အုပ်စုအဖွင့်ပွဲမှာ ဂျန့်အသင်းကို ၆-၂ ဂိုးနဲ့အနိုင်ရရှိခဲ့ရာမှာ ပထမဆုံးဂိုးပါသွင်းယူနိုင်ခဲ့ပြီး တစ်ချိန်တည်းမှာလည်း လက်ရှိချန်ပီယံ လီဗာပူးကတော့ နေပယ်မှာ အိမ်ရှင်လီဗာပူးကို ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit

လီဗာပူးက ယခုအိမ်ကွင်းပွဲမှာ အဖွင့်ပွဲရှုံးနိမ့်မှုကို ပြန်လည်ချေဖျက်နိုင်ဖို့ အခွင့်အရေးရှိနေပေမယ့် ဆိုဘိုဇ်လိုင်းကတော့ မိမိတို့အသင်းအနေနဲ့ လီဗာပူးရဲ့အောင်ပွဲခံပါတီကို လက်တွေ့မဖြစ်လာအောင် ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဆိုလိုဇ်လိုင်းကတော့ လီဗာပူးရဲ့သမိုင်းကြောင်းကို လေးစားမှုအပြည့်ရှိပြီး အထူးသဖြင့် နည်းပြကလော့ပ်နဲ့ တိုက်စစ်မှူး ဖာမီနိုတို့ရဲ့အရည်အသွေးတွေကို အားကျမိကြောင်း ဆိုပါတယ်။

Photo Credit

”ကလော့ပ်ဟာ လီဗာပူးအသင်းသမိုင်းမှာ စာမျက်နှာသစ်ဖွင့်လှစ်နိုင်ခဲ့ပြီး ကစားပုံကို စောင့်ကြည့်ရတာလည်း ရင်ခုန်စရာပါပဲ။ အသင်းသားတွေအားလုံးက အံ့အားသင့်စရာကောင်းတဲ့စွမ်းရည်တွေပိုင်ဆိုင်ထားပေမယ့် ဖာမီနိုကတော့ ပိုထူးခြားပါတယ်။ သူတို့ဟာ မယုံနိုင်စရာကောင်းတဲ့နည်းပြရဲ့ဦးဆောင်မှုအောက်မှာ ထိပ်တန်းအသင်းအဖြစ် ရပ်တည်နေပါတယ်”

Photo Credit

”ပရီးမီးယားလိဂ်ကလည်း ကမ္ဘာ့အကောင်းဆုံးအမှတ်ပေးပြိုင်ပွဲတစ်ခုဖြစ်တယ်ဆိုတာ မေးခွန်းထုတ်စရာတောင်မလိုပါဘူး။ ကျွန်တော်တို့ဘက်ကလည်း အနိုင်ရဖို့အတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။ ပြီးတော့ ယုံကြည်မှုလည်း အပြည့်ရှိပါတယ်။ ကျွန်တော်တို့အသင်းက လူငယ်အများစုနဲ့အတူ အရည်အသွေးအပြည့်ရှိတဲ့အသင်းဖြစ်ပြီး လီဗာပူးကလည်း ဒါကို အလေးအနက်ထားလိမ့်မယ်လို့ ပြောရဲပါတယ်”လို့ ဆိုဘိုဇ်လိုင်းက ပြောပါတယ်။

Photo Credit

ဥရောပအဆင့်မြင့်ဆုံးပြိုင်ပွဲမှာ ပထမဆုံးကစားခွင့်ရရှိခဲ့ချိန် ဗွေဆော်ဦးဂိုးပါသွင်းယူနိုင်ခဲ့တဲ့ ဆိုဘိုဇ်လိုင်းဟာ သိပ်မကြာခင်ကာလအတွင်း ဥရောပအသင်းကြီးတစ်သင်းထံ ရောက်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာပြီး အာဆင်နယ်၊ ဂျူဗင်တပ်စ်နဲ့အင်တာမီလန်တို့က သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပေမယ့် ကာကယံရှင်ဖြစ်သူကတော့ လက်ရှိအချိန်မှာ အနာဂတ်ကို စဉ်းစားထားခြင်းမရှိကြောင်း ဆိုပါတယ်။

Photo Credit

Zawgyi

ႏိုင္ပဲြအတြက္ အန္ဖီးလ္ကို ေရာက္လာျခင္းျဖစ္ေၾကာင္း ဆဲလ္ဘတ္ကြင္းလယ္လူ ဆုိဘိုဇ္လုိင္း သတိေပး

ဆဲလ္ဘတ္အသင္းကြင္းလယ္လူ ဒိုမီနစ္ဆိုဘုိဇ္လုိင္းက ယခုရာသီၿပိဳင္ပဲြစုံ႐ံႈးပဲြမရွိစံခ်ိန္တင္ထားမႈက အသင္းသားေတြကုိ ယုံၾကည္မႈအျပည့္ရွိေစေၾကာင္းနဲ႔ ခ်န္ပီယံလိဂ္ခ်န္ပီယံကို ကေမာက္ကမျဖစ္ေစႏိုင္တယ္ဆုိတဲ့အခ်က္က အားလုံးကို စိတ္လႈပ္ရွားေစေၾကာင္း ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။
အသက္ ၁၈ႏွစ္အရြယ္သာရွိေသးတဲ့ ဟန္ေဂရီႏိုင္ငံသား ဆိုဘုိဇ္လုိင္းဟာ သူ႕ရဲ႕ခ်န္ပီယံလိဂ္ပြဲဦးထြက္အျဖစ္ အုပ္စုအဖြင့္ပဲြမွာ ဂ်န္႔အသင္းကို ၆-၂ ဂိုးနဲ႔အႏုိင္ရရွိခဲ့ရာမွာ ပထမဆုံးဂိုးပါသြင္းယူႏုိင္ခဲ့ၿပီး တစ္ခ်ိန္တည္းမွာလည္း လက္ရွိခ်န္ပီယံ လီဗာပူးကေတာ့ ေနပယ္မွာ အိမ္ရွင္လီဗာပူးကို ၂-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ရပါတယ္။
လီဗာပူးက ယခုအိမ္ကြင္းပြဲမွာ အဖြင့္ပဲြ႐ံႈးနိမ့္မႈကို ျပန္လည္ေခ်ဖ်က္ႏိုင္ဖို႔ အခြင့္အေရးရွိေနေပမယ့္ ဆိုဘုိဇ္လုိင္းကေတာ့ မိမိတုိ႔အသင္းအေနနဲ႔ လီဗာပူးရဲ႕ေအာင္ပြဲခံပါတီကို လက္ေတြ႕မျဖစ္လာေအာင္ ႀကိဳးစားသြားမွာျဖစ္ေၾကာင္း ေျပာၾကားလုိက္ပါတယ္။ ဒါေပမဲ့ ဆုိလိုဇ္လုိင္းကေတာ့ လီဗာပူးရဲ႕သမုိင္းေၾကာင္းကို ေလးစားမႈအျပည့္ရွိၿပီး အထူးသျဖင့္ နည္းျပကေလာ့ပ္နဲ႔ တုိက္စစ္မွဴး ဖာမီႏိုတို႔ရဲ႕အရည္အေသြးေတြကို အားက်မိေၾကာင္း ဆုိပါတယ္။
”ကေလာ့ပ္ဟာ လီဗာပူးအသင္းသမိုင္းမွာ စာမ်က္ႏွာသစ္ဖြင့္လွစ္ႏိုင္ခဲ့ၿပီး ကစားပုံကို ေစာင့္ၾကည့္ရတာလည္း ရင္ခုန္စရာပါပဲ။ အသင္းသားေတြအားလုံးက အံ့အားသင့္စရာေကာင္းတဲ့စြမ္းရည္ေတြပိုင္ဆုိင္ထားေပမယ့္ ဖာမီႏုိကေတာ့ ပိုထူးျခားပါတယ္။ သူတုိ႔ဟာ မယုံႏိုင္စရာေကာင္းတဲ့နည္းျပရဲ႕ဦးေဆာင္မႈေအာက္မွာ ထိပ္တန္းအသင္းအျဖစ္ ရပ္တည္ေနပါတယ္”
”ပရီးမီးယားလိဂ္ကလည္း ကမၻာ့အေကာင္းဆုံးအမွတ္ေပးၿပိဳင္ပြဲတစ္ခုျဖစ္တယ္ဆိုတာ ေမးခြန္းထုတ္စရာေတာင္မလိုပါဘူး။ ကၽြန္ေတာ္တုိ႔ဘက္ကလည္း အႏုိင္ရဖို႔အတြက္ အေကာင္းဆုံးႀကိဳးစားသြားမွာပါ။ ၿပီးေတာ့ ယုံၾကည္မႈလည္း အျပည့္ရွိပါတယ္။ ကၽြန္ေတာ္တုိ႔အသင္းက လူငယ္အမ်ားစုနဲ႔အတူ အရည္အေသြးအျပည့္ရွိတဲ့အသင္းျဖစ္ၿပီး လီဗာပူးကလည္း ဒါကို အေလးအနက္ထားလိမ့္မယ္လုိ႔ ေျပာရဲပါတယ္”လုိ႔ ဆိုဘိုဇ္လုိင္းက ေျပာပါတယ္။
ဥေရာပအဆင့္ျမင့္ဆုံးၿပိဳင္ပြဲမွာ ပထမဆုံးကစားခြင့္ရရွိခဲ့ခ်ိန္ ေဗြေဆာ္ဦးဂိုးပါသြင္းယူႏိုင္ခဲ့တဲ့ ဆိုဘုိ္ဇ္လုိင္းဟာ သိပ္မၾကာခင္ကာလအတြင္း ဥေရာပအသင္းႀကီးတစ္သင္းထံ ေရာက္ဖြယ္ရွိတယ္လုိ႔ သတင္းေတြထြက္ေပၚလာၿပီး အာဆင္နယ္၊ ဂ်ဴဗင္တပ္စ္နဲ႔အင္တာမီလန္တုိ႔က သူ႕ကို ေခၚယူဖုိ႔ ခ်ိတ္ဆက္မႈေတြရွိေနေပမယ့္ ကာကယံရွင္ျဖစ္သူကေတာ့ လက္ရွိအခ်ိန္မွာ အနာဂတ္ကို စဥ္းစားထားျခင္းမရွိေၾကာင္း ဆုိပါတယ္။