
photo-daily mail
photo-reuters
နော်ဝေနဲ့ ၁-၁ သရေကျခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ ပါဝင်ကစားခဲ့တာကြောင့် နောက်ခံလူရာမို့စ်ဟာ စပိန်အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသူအဖြစ် ကာဆီးလက်စ်ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် အဲဒီရီးရဲလ်နောက်ခံလူဟာ အခုဆိုရင် စပိန်အတွက် ၁၆၈ ပွဲကစားပေးနိုင်ခဲ့ပြီး အသင်းဖော်ဟောင်း ကာဆီးလက်စ်ထက် ၁ ပွဲပိုသာသွားခဲ့တာပါ။ ဒါပေမဲ့ နော်ဝေနဲ့ပွဲမှာ နောက်ဆုံးမိနစ်ပင်နယ်တီပေးခဲ့ရပြီး အုပ်စုတွင်းမှာ စပိန်ရဲ့ရာနှုန်းပြည့်နိုင်ပွဲရမှု ရပ်တန့်သွားခဲ့ရတာကြောင့် သူ့ရဲ့စံချိန်သစ်အတွက် ရာမို့စ်တစ်ယောက် အပြည့်အဝမပျော်နိုင်ဖြစ်နေပါတယ်။
photo-gettyimages
“ကိုယ်ရေးကိုယ်တာအားလုံးကတော့ နည်းနည်းလေးကိုဒုတိယဦးစားပေးပေါ့။ နိုင်ပွဲအတွက်ဆိုရင် ဒီ ၁၆၈ ပွဲဆိုတဲ့စံချိန်သစ်ကို ပျော်ရွှင်စွာနဲ့ လဲပစ်လိုက်မှာပါ။ ထားပါတော့။ ဒါပေမဲ့ နှစ်ပေါင်းများစွာအပြီးမှာ ဒီစံချိန်ရခဲ့တာဟာ ကြီးကျယ်တဲ့ဆုလာဘ်တစ်ခုပါပဲ။ ကြီးမားတဲ့ဂုဏ်ယူမှုတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအင်္ကျီဝတ်ဆင်ကစားတဲ့အချိန်တိုင်း ကျွန်တော် စိတ်ခံစားမှုကြီးပါတယ်။ ဒါဟာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ နောင်နှစ်ပေါင်းမာျးစွာတိုင်အောင် ဒီလိုမျိုးဆက်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ နော်ဝေနဲ့ပွဲအပြီးမှာ ရာမို့စ်က ပြောခဲ့ပါတယ်။
photo-US Presswire
အဲဒီရီးရဲလ်အသင်းခေါင်းဆောင်ဟာ စပိန်နဲ့အတူ ၂၀၀၈ ယူရို၊ ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၂ ယူရိုပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲတွေရဲ့ဗိုလ်လုပွဲ ၃ ကြိမ်စလုံးမှာလည်း ပွဲချိန်ပြည့်ကစားခဲ့ပြီး ၃ ပွဲလုံးပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ် စပိန်အတွက် ၂၀၀၅ ခုနှစ်မှာ စတင်ကစားခွင့်ရရှိခဲ့တဲ့ရာမို့စ်ဟာ စုစုပေါင်း ၂၁ ဂိုးနဲ့ နိုင်ငံအသင်းသမိုင်းတစ်လျှောက် ၁၀ ယောက်မြောက်ဂိုးအများဆုံးသွင်းသူအဖြစ် ပူးတွဲရပ်တည်နေပါတယ်။
[Zawgyi]
ႏိိုင္ပြဲအတြက္ဆိုရင္ သူ႔ရဲ႕စပိန္ပြဲအမ်ားဆုံးစံခ်ိန္သစ္ကို ေပ်ာ္ရႊင္စြာနဲ႔ လဲလိုက္မယ္လုိ႔ ေနာ္ေ၀နဲ႔ပြဲအၿပီး ရာမို႔စ္ဖြင့္ဟ
ေနာ္ေ၀နဲ႔ ၁-၁ သေရက်ခဲ့တဲ့ ယူရိုေျခစစ္ပြဲမွာ ပါ၀င္ကစားခဲ့တာေၾကာင့္ ေနာက္ခံလူရာမုိ႔စ္ဟာ စပိန္အသင္းသမိုင္းတစ္ေလွ်ာက္ ပြဲအမ်ားဆုံးကစားသူအျဖစ္ ကာဆီးလက္္စ္ရဲ႕စံခ်ိန္ကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့ပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ အဲဒီရီးရဲလ္ေနာက္ခံလူဟာ အခုဆိုရင္ စပိန္အတြက္ ၁၆၈ ပြဲကစားေပးႏိုင္ခဲ့ၿပီး အသင္းေဖာ္ေဟာင္း ကာဆီးလက္စ္ထက္ ၁ ပြဲပိုသာသြားခဲ့တာပါ။ ဒါေပမဲ့ ေနာ္ေ၀နဲ႔ပြဲမွာ ေနာက္ဆုံးမိနစ္ပင္နယ္တီေပးခဲ့ရၿပီး အုပ္စုတြင္းမွာ စပိန္ရဲ႕ရာႏႈန္းျပည့္ႏိုင္ပြဲရမႈ ရပ္တန္႔သြားခဲ့ရတာေၾကာင့္ သူ႔ရဲ႕စံခ်ိန္သစ္အတြက္ ရာမို႔စ္တစ္ေယာက္ အျပည့္အ၀မေပ်ာ္ႏိုင္ျဖစ္ေနပါတယ္။
“ကိုယ္ေရးကုိယ္တာအားလုံးကေတာ့ နည္းနည္းေလးကိုဒုတိယဦးစားေပးေပါ့။ ႏိုုင္ပြဲအတြက္ဆုိရင္ ဒီ ၁၆၈ ပြဲဆုိတဲ့စံခ်ိန္သစ္ကို ေပ်ာ္ရႊင္စြာနဲ႔ လဲပစ္လုိက္မွာပါ။ ထားပါေတာ့။ ဒါေပမဲ့ ႏွစ္ေပါင္းမ်ားစြာအၿပီးမွာ ဒီစံခ်ိန္ရခဲ့တာဟာ ႀကီးက်ယ္တဲ့ဆုလာဘ္တစ္ခုပါပဲ။ ႀကီးမားတဲ့ဂုဏ္ယူမႈတစ္ခုလည္း ျဖစ္ပါတယ္။ ဒီအက်ၤီ၀တ္ဆင္ကစားတဲ့အခ်ိန္တိုင္း ကၽြန္ေတာ္ စိတ္ခံစားမႈႀကီးပါတယ္။ ဒါဟာ ေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။ ေနာင္ႏွစ္ေပါင္းမာ်းစြာတိုင္ေအာင္ ဒီလိုမ်ိဳးဆက္လုပ္ႏိုင္လိမ့္မယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္”လို႔ ေနာ္ေ၀နဲ႔ပြဲအၿပီးမွာ ရာမို႔စ္က ေျပာခဲ့ပါတယ္။
အဲဒီရီးရဲလ္အသင္းေခါင္းေဆာင္ဟာ စပိန္နဲ႔အတူ ၂၀၀၈ ယူရို၊ ၂၀၁၀ ကမာၻ႔ဖလားနဲ႔ ၂၀၁၂ ယူရိုၿပိဳင္ပြဲေတြမွာ ဗိုလ္စြဲႏိုင္ခဲ့ပါတယ္။ အဲဒီၿပိဳင္ပြဲေတြရဲ႕ဗိုလ္လုပြဲ ၃ ႀကိမ္စလုံးမွာလည္း ပြဲခ်ိန္ျပည့္ကစားခဲ့ၿပီး ၃ ပြဲလုံးေပးဂိုးမရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္ စပိန္အတြက္ ၂၀၀၅ ခုႏွစ္မွာ စတင္ကစားခြင့္ရရွိခဲ့တဲ့ရာမို႔စ္ဟာ စုစုေပါင္း ၂၁ ဂိုးနဲ႔ ႏိုင္ငံအသင္းသမိုင္း္တစ္ေလွ်ာက္ ၁၀ ေယာက္ေျမာက္ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ ပူးတြဲရပ္တည္ေနပါတယ္။