နိုင်ပွဲရပြီး ကွာတားဖိုင်နယ်တက်ခဲ့ပေမယ့် ပေးဆပ်မှုကြီးမားခဲ့တဲ့ ဘယ်လ်ဂျီယံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာ့အဆင့်(၁)နေရာမှာရပ်တည်နေသလို လက်ရှိယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတစ်သင်းဖြစ်တဲ့ ဘယ်လ်ဂျီယံအသင်းဟာ

ရှုံးထွက်(၁၆)သင်းအဆင့်မှာ လက်ရှိချန်ပီယံပေါ်တူဂီအသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် သူတို့ရဲ့အဓိက,ကစားသမားနှစ်ဦးဖြစ်တဲ့ ဒီဘရိုင်းနားနဲ့ ဟာဇက်တို့ ဒဏ်ရာအသီးသီးရခဲ့တာကြောင့် ပေးဆပ်မှုကြီးမားခဲ့ရပါတယ်။

ဘယ်လ်ဂျီယံအသင်းရဲ့ အဓိကကွင်းလယ်လူ ဒီဘရိုင်းနားဟာ ပထမပိုင်းကတည်းက ပေါ်တူဂီကွင်းလယ်လူပေါ်လင်ညာရဲ့ ကြမ်းတမ်းတဲ့ကစားပုံကြောင့်

ဒဏ်ရာရခဲ့တာဖြစ်ပြီး ဒုတိယပိုင်းစလို့မိနစ်အနည်းငယ်အကြာမှာပဲ ပွဲဆက်လက်မကစားနိုင်တော့တဲ့အတွက် နည်းပြမာတီနက်ဇ်က သူ့ကို မာတင်စ်နဲ့လူစားလဲခဲ့ရပါတယ်။

ဒီဘရိုင်းနားဟာ ပြီးခဲ့တဲ့ရာသီတုန်းက တံကောက်ကြောဒဏ်ရာကြောင့် မန်စီးတီးအသင်းရဲ့ပွဲစဉ်တော်တော်များများကို လွဲချော်ခဲ့ဖူးပြီး

ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း မျက်လုံးမှာထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ဘယ်လ်ဂျီယံအသင်းရဲ့ အုပ်စုအဖွင့်ပွဲစဉ် ရုရှားနဲ့ကစားခဲ့တဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။

ဒီဘရိုင်းနားရဲ့ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး ဘယ်လောက်အထိ အနားယူရမလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။

ဒါ့အပြင် ပေါ်တူဂီနဲ့ပွဲမှာ အသင်းခေါင်းဆောင် ဟာဇက်ကလည်း ဒဏ်ရာပြဿနာကြောင့် ပွဲပြီးခါနီးမှာ ကာရက်စ်ကိုနဲ့ လူစားလဲခံခဲ့ရပါတယ်။

ဟာဇက်ဟာ ဘောလုံးယှဉ်လုဖို့ကြိုးစားရင်း ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ရုပ်သံပြကွက်တွေအရ တံကောက်ကြောဒဏ်ရာရရှိသွားပုံပါပဲ။

တကယ်လို့ တံကောက်ကြောဒဏ်ရာသာ သေချာခဲ့ရင်တော့ ဟာဇက်အနေနဲ့ အချိန်တိုအတွင်းသက်သာလာနိုင်ဖို့မရှိဘဲ ကာလအတော်ကြာအနားယူရမယ့်အနေအထားပါ။

ပေါ်တူဂီနဲ့ပွဲအပြီးမှာ နည်းပြမာတီနက်ဇ်က “လာမယ့် (၄၈)နာရီအတွင်း ဒီဘရိုင်းနားနဲ့ဟာဇက်တို့ရဲ့ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဒဏ်ရာအနေအထားနဲ့ပတ်သက်ပြီး အတိအကျပြောဖို့ စောပါသေးတယ်။

ဒီဘရိုင်းနားဟာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဟာဇက်က ကြွက်သားဒဏ်ရာရရှိခဲ့တာပါ။

သူတို့ရဲ့ဒဏ်ရာကို အတိအကျသိရဖို့ ဆေးစစ်ချက်ရလဒ် စောင့်ဆိုင်းရဦးမှာပဲဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လာမယ့်ဇူလိုင်(၂)ရက်မှာ ဥရောပထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ အီတလီနဲ့ မြူးနစ်မြို့မှာ

သွားရောက်ကစားရမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် ဒီဘရိုင်းနားနဲ့ ဟာဇက်တို့ ဒဏ်ရာက အချိန်မီပြန်သက်သာလာဖို့ ဘယ်လ်ဂျီယံပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ႏိုင္ပြဲရၿပီး ကြာတားဖိုင္နယ္တက္ခဲ့ေပမယ့္ ေပးဆပ္မႈႀကီးမားခဲ့တဲ့ ဘယ္လ္ဂ်ီယံ

ကမာၻ႔အဆင့္(၁)ေနရာမွာရပ္တည္ေနသလို လက္ရွိယူ႐ိုၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့အသင္းတစ္သင္းျဖစ္တဲ့ ဘယ္လ္ဂ်ီယံအသင္းဟာ ရႈံးထြက္(၁၆)သင္းအဆင့္မွာ လက္ရွိခ်န္ပီယံေပၚတူဂီအသင္းကို (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ သူတို႔ရဲ႕အဓိက,ကစားသမားႏွစ္ဦးျဖစ္တဲ့ ဒီဘ႐ိုင္းနားနဲ႔ ဟာဇက္တို႔ ဒဏ္ရာအသီးသီးရခဲ့တာေၾကာင့္ ေပးဆပ္မႈႀကီးမားခဲ့ရပါတယ္။

ဘယ္လ္ဂ်ီယံအသင္းရဲ႕ အဓိကကြင္းလယ္လူ ဒီဘ႐ိုင္းနားဟာ ပထမပိုင္းကတည္းက ေပၚတူဂီကြင္းလယ္လူေပၚလင္ညာရဲ႕ ၾကမ္းတမ္းတဲ့ကစားပုံေၾကာင့္ ဒဏ္ရာရခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းစလို႔မိနစ္အနည္းငယ္အၾကာမွာပဲ ပြဲဆက္လက္မကစားႏိုင္ေတာ့တဲ့အတြက္ နည္းျပမာတီနက္ဇ္က သူ႔ကို မာတင္စ္နဲ႔လူစားလဲခဲ့ရပါတယ္။ ဒီဘ႐ိုင္းနားဟာ ၿပီးခဲ့တဲ့ရာသီတုန္းက တံေကာက္ေၾကာဒဏ္ရာေၾကာင့္ မန္စီးတီးအသင္းရဲ႕ပြဲစဥ္ေတာ္ေတာ္မ်ားမ်ားကို လြဲေခ်ာ္ခဲ့ဖူးၿပီး ခ်ယ္လ္ဆီးကို ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာလည္း မ်က္လုံးမွာထိခိုက္ဒဏ္ရာရခဲ့တာေၾကာင့္ ဘယ္လ္ဂ်ီယံအသင္းရဲ႕ အုပ္စုအဖြင့္ပြဲစဥ္ ႐ုရွားနဲ႔ကစားခဲ့တဲ့ပြဲကို လြဲေခ်ာ္ခဲ့ပါတယ္။

ဒီဘ႐ိုင္းနားရဲ႕ဒဏ္ရာကို စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္သြားမွာျဖစ္ၿပီး ဘယ္ေလာက္အထိ အနားယူရမလဲဆိုတာေတာ့ အတိအက်မသိရေသးပါဘူး။ ဒါ့အျပင္ ေပၚတူဂီနဲ႔ပြဲမွာ အသင္းေခါင္းေဆာင္ ဟာဇက္ကလည္း ဒဏ္ရာျပႆနာေၾကာင့္ ပြဲၿပီးခါနီးမွာ ကာရက္စ္ကိုနဲ႔ လူစားလဲခံခဲ့ရပါတယ္။ ဟာဇက္ဟာ ေဘာလုံးယွဥ္လုဖို႔ႀကိဳးစားရင္း ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ႐ုပ္သံျပကြက္ေတြအရ တံေကာက္ေၾကာဒဏ္ရာရရွိသြားပုံပါပဲ။

တကယ္လို႔ တံေကာက္ေၾကာဒဏ္ရာသာ ေသခ်ာခဲ့ရင္ေတာ့ ဟာဇက္အေနနဲ႔ အခ်ိန္တိုအတြင္းသက္သာလာႏိုင္ဖို႔မရွိဘဲ ကာလအေတာ္ၾကာအနားယူရမယ့္အေနအထားပါ။ ေပၚတူဂီနဲ႔ပြဲအၿပီးမွာ နည္းျပမာတီနက္ဇ္က “လာမယ့္ (၄၈)နာရီအတြင္း ဒီဘ႐ိုင္းနားနဲ႔ဟာဇက္တို႔ရဲ႕ဒဏ္ရာကို စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္သြားမွာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ဒဏ္ရာအေနအထားနဲ႔ပတ္သက္ၿပီး အတိအက်ေျပာဖို႔ ေစာပါေသးတယ္။ ဒီဘ႐ိုင္းနားဟာ ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဟာဇက္က ႂကြက္သားဒဏ္ရာရရွိခဲ့တာပါ။

သူတို႔ရဲ႕ဒဏ္ရာကို အတိအက်သိရဖို႔ ေဆးစစ္ခ်က္ရလဒ္ ေစာင့္ဆိုင္းရဦးမွာပဲျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံအသင္းဟာ ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ လာမယ့္ဇူလိုင္(၂)ရက္မွာ ဥေရာပထိပ္သီးအသင္းတစ္သင္းျဖစ္တဲ့ အီတလီနဲ႔ ျမဴးနစ္ၿမိဳ႕မွာ သြားေရာက္ကစားရမွာျဖစ္ၿပီး အဲဒီပြဲမတိုင္ခင္ ဒီဘ႐ိုင္းနားနဲ႔ ဟာဇက္တို႔ ဒဏ္ရာက အခ်ိန္မီျပန္သက္သာလာဖို႔ ဘယ္လ္ဂ်ီယံပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကပါတယ္။