နိုင်ပွဲပြန်ရတဲ့ အောင်လအန်ဆန်ရဲ့ မြန်မာပြည်အတွက် ပြောစကား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ONE Championship အဖွဲ့အစည်းက စီစဉ်တဲ့ Battleground အမည်ရ MMA ပြိုင်ပွဲကို မနေ့က စင်ကာပူနိုင်ငံမှာ ကျင်းပရာ မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲတွင် မြန်မာကစားသမား အောင်လအန်ဆန်က ပြိုင်ဘက် ဘရာဇီးလ်ကစားသမား လီအန်ဒရိုကို ပထမအချီမှာပင် အလဲထိုးအနိုင်ယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် အောင်လအန်ဆန်ဟာ နှစ်ပွဲဆက် ရှုံးနိမ့်ထားမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ယခုနှစ်အတွက် ပထမဆုံးနိုင်ပွဲရယူနိုင်သလို အလဲထိုးနိုင်ပွဲလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲအပြီးမှာ အောင်လအန်ဆန်က”ONE Championship စီအီးအို နဲ့ ပွဲပြီးပြီးချင်းစကားသွားပြောခဲ့ပါတယ်။

ယှဉ်ပြိုင်ထိုးသတ်မယ့် ပြိုင်ဘက်အဖြစ် ဘယ်သူဖြစ်ဖြစ်ခေါ်ခဲ့ပါ။ ပွဲစီစဉ်ပါ။ ကျွန်တော် အသင့်ပဲလို့ပြောခဲ့ပါတယ်။”

“ကျွန်တော်ချန်ပီယံဖြစ်တုန်းက ကျွန်တော်နဲ့ ထိုးချင်တယ်ဆိုပြီး အများကြီးက ပြောကြတာရှိတယ်။

ဝယ်လတာဝိတ်တန်းချန်ပီယံကတောင် ထိုးချင်တယ်ပြောတယ်။

ပွဲတွေ စီစဉ်လိုက်ပါ။ ယူရှင် အိုကာမီကလည်း ထိုးချင်တယ်။

ဘစ်ဂ်ဒက်ရှ်နဲ့လည်း ၃ကြိမ်မြောက်ပွဲ စီစဉ်လို့ရပါတယ်။ စိတ်ဝင်စားစရာပွဲတွေ ရှိတယ်။ ဖြစ်အောင်သာ လုပ်ပါဗျာ။”

“ကျွန်တော် မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးချင်ပါတယ်။

ဒီနှစ်ဟာ ကျွန်တော်တို့အားလုံအတွက် ခက်ခဲတဲ့ နှစ်ပါ။

ကျွန်တော့်အတွက်လည်း အရမ်းပဲ ခက်ခဲခဲ့ပါတယ်။

မြန်မာပြည်တွင်းမှာ အမျိုးမျိုး ဖြစ်နေချိန် ကျွန်တော် လေ့ကျင့်ကွင်းထဲ သွားနေရတာကိုက စိတ်ပိုင်းအရ ကျွန်တော့်အတွက် အတော်ကြီးခက်ခဲပါတယ်။”

“မြန်မာပြည်အတွက် ဆုတောင်းပေးကြပါ။

မြန်မာပြည်သူတွေအတွက် စဉ်းစားပေးကြပါ။

တာဝန်ရှိသူတွေ၊ လုပ်ပေးနိုင်သူတွေဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စဉ်းစားပေးပါ။

ခင်ဗျားတို့ ကိုယ့်အတွက်ပဲ မစဉ်းစားကြပါနဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်။” ဆိုပြီး ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ႏိုင္ပြဲျပန္ရတဲ့ ေအာင္လအန္ဆန္ရဲ႕ ျမန္မာျပည္အတြက္ ေျပာစကား

ONE Championship အဖြဲ႕အစည္းက စီစဥ္တဲ့ Battleground အမည္ရ MMA ၿပိဳင္ပြဲကို မေန႔က စင္ကာပူႏိုင္ငံမွာ က်င္းပရာ မစ္ဒယ္ဝိတ္တန္းစိန္ေခၚပြဲတြင္ ျမန္မာကစားသမား ေအာင္လအန္ဆန္က ၿပိဳင္ဘက္ ဘရာဇီးလ္ကစားသမား လီအန္ဒ႐ိုကို ပထမအခ်ီမွာပင္ အလဲထိုးအႏိုင္ယူႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ ေအာင္လအန္ဆန္ဟာ ႏွစ္ပြဲဆက္ ရႈံးနိမ့္ထားမႈကို အဆုံးသတ္ႏိုင္ခဲ့ၿပီး ယခုႏွစ္အတြက္ ပထမဆုံးႏိုင္ပြဲရယူႏိုင္သလို အလဲထိုးႏိုင္ပြဲလည္း ျဖစ္ပါတယ္။ ၿပိဳင္ပြဲအၿပီးမွာ ေအာင္လအန္ဆန္က”ONE Championship စီအီးအို နဲ႔ ပြဲၿပီးၿပီးခ်င္းစကားသြားေျပာခဲ့ပါတယ္။ ယွဥ္ၿပိဳင္ထိုးသတ္မယ့္ ၿပိဳင္ဘက္အျဖစ္ ဘယ္သူျဖစ္ျဖစ္ေခၚခဲ့ပါ။ ပြဲစီစဥ္ပါ။ ကြၽန္ေတာ္ အသင့္ပဲလို႔ေျပာခဲ့ပါတယ္။”

“ကြၽန္ေတာ္ခ်န္ပီယံျဖစ္တုန္းက ကြၽန္ေတာ္နဲ႔ ထိုးခ်င္တယ္ဆိုၿပီး အမ်ားႀကီးက ေျပာၾကတာရွိတယ္။ ဝယ္လတာဝိတ္တန္းခ်န္ပီယံကေတာင္ ထိုးခ်င္တယ္ေျပာတယ္။ ပြဲ​ေတြ စီစဥ္လိုက္ပါ။ ယူရွင္ အိုကာမီကလည္း ထိုးခ်င္တယ္။ ဘစ္ဂ္ဒက္ရွ္နဲ႔လည္း ၃ႀကိမ္ေျမာက္ပြဲ စီစဥ္လို႔ရပါတယ္။ စိတ္ဝင္စားစရာပြဲေတြ ရွိတယ္။ ျဖစ္ေအာင္သာ လုပ္ပါဗ်ာ။”

“ကြၽန္ေတာ္ ျမန္မာျပည္သူေတြအတြက္ ဆုေတာင္းေပးခ်င္ပါတယ္။ ဒီႏွစ္ဟာ ကြၽန္ေတာ္တို႔အားလုံအတြက္ ခက္ခဲတဲ့ ႏွစ္ပါ။ ကြၽန္ေတာ့္အတြက္လည္း အရမ္းပဲ ခက္ခဲခဲ့ပါတယ္။ ျမန္မာျပည္တြင္းမွာ အမ်ိဳးမ်ိဳး ျဖစ္ေနခ်ိန္ ကြၽန္ေတာ္ ေလ့က်င့္ကြင္းထဲ သြားေနရတာကိုက စိတ္ပိုင္းအရ ကြၽန္ေတာ့္အတြက္ အေတာ္ႀကီးခက္ခဲပါတယ္။”

“ျမန္မာျပည္အတြက္ ဆုေတာင္းေပးၾကပါ။ ျမန္မာျပည္သူေတြအတြက္ စဥ္းစားေပးၾကပါ။ တာဝန္ရွိသူေတြ၊ လုပ္ေပးႏိုင္သူေတြဆိုရင္လည္း ျမန္မာႏိုင္ငံရဲ႕ အနာဂတ္အတြက္ စဥ္းစားေပးပါ။ ခင္ဗ်ားတို႔ ကိုယ့္အတြက္ပဲ မစဥ္းစားၾကပါနဲ႔၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။” ဆိုၿပီး ​ေျပာထားပါတယ္။