နိုင်ပွဲနဲ့အတူ မှတ်တမ်းကောင်းတွေရယူကြတဲ့ ဖာနန်ဒက်စ်နဲ့ ဂရင်းဝုဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ နည်းပြဆိုးလ်ရှားရဲ့အသင်းဟာ အနိုင်ရလဒ်ရရှိခဲ့သလို၊ သရဲနီအသင်းသားတချို့လည်း မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

အက်စတွန်ဗီလာကို 3 ဂိုး 1 ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အက်စတွန်ဗီလာအသင်းအတွက် ဂိုးသွင်းသူကတော့ ဘာထရန် (၂၄) မိနစ်ဖြစ်ပြီး၊ ဦးဆိုးလ်အတွက် ကြိုးစားပေးခဲ့တဲ့သူတွေကတော့ ဘရူနိုဖာနန်ဒက်စ် (၅၂) မိနစ် (ပင်နယ်တီ) ၊ ဂရင်းဝုဒ် (၅၆) မိနစ်၊ ကာဗာနီ (၈၇) မိနစ်တို့ဖြစ်ပါတယ်။

အဲဒီ ပွဲစဉ်အပြီး ယူနိုက်တက်ကနေ ပေးအပ်တဲ့ Man Of The Match ဆုကို ကွင်းလယ်လူ ဖာနန်ဒက်စ်က ရရှိခဲ့ပါတယ်။

ပေါ်တူဂီ ကွင်းလယ်လူ ဟာ ဒီရာသီ မှာ ပြိုင်ပွဲစုံ ၂၇ ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ် သမိုင်း တစ်လျောက် ကွင်းလယ်လူ တစ်ဦး ကနေ ဂိုးအများဆုံး သွင်းယူ နိုင်တဲ့ စံချိန်ဟောင်းကို လိုက်မီ သွားခဲ့ ပါတယ်။

ယခင် က အဲဒီစံချိန် ကို ချယ်လ်ဆီး ကွင်းလယ်လူ ဖရန့် လမ်းပတ် က ရယူ ထားတာ ဖြစ်ပြီး ဖာနန်ဒက်စ် အနေနဲ့ လက်ကျန် ၄ ပွဲမှာ ဂိုးထပ်သွင်း နိုင်ခဲ့ပါက စံချိန်သစ် ပိုင်ရှင် ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် သမိုင်း တစ်လျောက် သွင်းဂိုး ၂၅ ဂိုးနဲ့ အထက် သွင်းယူ နိုင်တဲ့ စတုတ္ထမြောက် ပေါ်တူဂီသားလည်း ဖြစ်လာခဲ့ ပါတယ်။

ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ယခုနှစ်ဘောလုံးရာသီပြိုင်ပွဲစုံတွင် ယူနိုက်တက်အတွက်ပယ်နတီမှ (13) ဂိုး အထိသွင်းယူခဲ့ပြီး ယူနိုက်တက်သမိုင်းတစ်လျှောက်တစ်ရာသီအတွင်း ပယ်နတီမှ (13)ဂိုးအထိသွင်းယူနိုင်တဲ့ ပထမဆုံးကစား သမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂရင်းဝုဒ်ကတော့ အက်စတွန်ဗီလာနှင့်ပွဲတွင်ဂိုးသွင်းယူ ပြီးနောက် ယူနိုက်တက်အတွက်ပရီးမီးယားလိဂ်သွင်းဂိုး (16)ဂိုးအထိရှိခဲ့ပြီးဖြစ်ရာ ယူနိုက်တက်အတွက်ပရီးမီးယားလိဂ်တွင်အများဆုံးဂိုးသွင်းပေးထားတဲ့ ဆယ်ကျော်သတ်ကစားသမား ဝိန်ရွန်နီ (15)ဂိုးစံချိန်ကိုကျော် ဖြတ်ခဲ့ပြီးဖြစ် ပါတယ်။

အဲဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ မန်စီးတီးထက်တစ်ပွဲလျော့ကစားပြီး ၃၄ ပွဲကန်အပြီးမှာ ရမှတ် ၇၀ နဲ့ ၁၀ မှတ်အကွာမှာ ရှိနေပါတယ်။ လီဗာပူးလ်နဲ့ကစားရမယ့် ပွဲကျန်ကို အနိုင်ရခဲ့မယ်ဆိုရင်တော့ ၇ မှတ်သာကွာဟတော့မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ႏိုင္ပြဲနဲ႔အတူ မွတ္တမ္းေကာင္းေတြရယူၾကတဲ့ ဖာနန္ဒက္စ္နဲ႔ ဂရင္း၀ုဒ္

မေန႔က အက္စတြန္ဗီလာနဲ႔ ပြဲစဥ္မွာ နည္းျပဆိုးလ္ရွားရဲ႕အသင္းဟာ အႏိုင္ရလဒ္ရရိွခဲ့သလုိ၊ သရဲနီအသင္းသားတခ်ဳိ႕လည္း မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ပါတယ္။ အက္စတြန္ဗီလာကို 3 ဂိုး 1 ဂိုးနဲ႔ အႏိုင္ရရိွခဲ့တဲ့ပြဲမွာ အက္စတြန္ဗီလာအသင္းအတြက္ ဂိုးသြင္းသူကေတာ့ ဘာထရန္ (၂၄) မိနစ္ျဖစ္ၿပီး၊ ဦးဆိုးလ္အတြက္ ႀကိဳးစားေပးခဲ့တဲ့သူေတြကေတာ့ ဘ႐ူနိုဖာနန္ဒက္စ္ (၅၂) မိနစ္ (ပင္နယ္တီ) ၊ ဂရင္းဝုဒ္ (၅၆) မိနစ္၊ ကာဗာနီ (၈၇) မိနစ္တို႔ျဖစ္ပါတယ္။

အဲဒီ ပြဲစဥ္အၿပီး ယူႏိုက္တက္ကေန ေပးအပ္တဲ့ Man Of The Match ဆုကို ကြင္းလယ္လူ ဖာနန္ဒက္စ္က ရရိွခဲ့ပါတယ္။ ေပၚတူဂီ ကြင္းလယ္လူ ဟာ ဒီရာသီ မွာ ၿပိဳင္ပြဲစုံ ၂၇ ဂိုး သြင္းယူထားၿပီး ပရီးမီးယားလိဂ္ သမိုင္း တစ္ေလ်ာက္ ကြင္းလယ္လူ တစ္ဦး ကေန ဂိုးအမ်ားဆုံး သြင္းယူ နိုင္တဲ့ စံခ်ိန္ေဟာင္းကို လိုက္မီ သြားခဲ့ ပါတယ္ ။

ယခင္ က အဲဒီစံခ်ိန္ ကို ခ်ယ္လ္ဆီး ကြင္းလယ္လူ ဖရန္႔ လမ္းပတ္ က ရယူ ထားတာ ျဖစ္ၿပီး ဖာနန္ဒက္စ္ အေနနဲ႔ လက္က်န္ ၄ ပြဲမွာ ဂိုးထပ္သြင္း နိုင္ခဲ့ပါက စံခ်ိန္သစ္ ပိုင္ရွင္ ျဖစ္လာမွာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္ သမိုင္း တစ္ေလ်ာက္ သြင္းဂိုး ၂၅ ဂိုးနဲ႔ အထက္ သြင္းယူ နိုင္တဲ့ စတုတၳေျမာက္ ေပၚတူဂီသားလည္း ျဖစ္လာခဲ့ပါတယ္။

ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ ယခုႏွစ္ေဘာလုံးရာသီၿပိဳင္ပြဲစုံတြင္ ယူႏိုက္တက္အတြက္ပယ္နတီမွ (13) ဂိုး အထိသြင္းယူခဲ့ၿပီး ယူႏိုက္တက္သမိုင္းတစ္ေလွ်ာက္တစ္ရာသီအတြင္း ပယ္နတီမွ (13)ဂိုးအထိသြင္းယူႏိုင္တဲ့ ပထမဆုံးကစား သမားအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

ဂရင္းဝုဒ္ကေတာ့ အက္စတြန္ဗီလာႏွင့္ပြဲတြင္ဂိုးသြင္းယူ ၿပီးေနာက္ ယူႏိုက္တက္အတြက္ပရီးမီးယားလိဂ္သြင္းဂိုး (16)ဂိုးအထိရွိခဲ့ၿပီးျဖစ္ရာ ယူႏိုက္တက္အတြက္ပရီးမီးယားလိဂ္တြင္အမ်ားဆုံးဂိုးသြင္းေပးထားတဲ့ ဆယ္ေက်ာ္သတ္ကစားသမား ဝိန္႐ြန္နီ (15)ဂိုးစံခ်ိန္ကိုေက်ာ္ ျဖတ္ခဲ့ၿပီးျဖစ္ပါတယ္။

အဲဒီနိုင္ပြဲေၾကာင့္ ယူနိုက္တက္ဟာ မန္စီးတီးထက္တစ္ပြဲေလ်ာ့ကစားၿပီး ၃၄ ပြဲကန္အၿပီးမွာ ရမွတ္ ၇၀ နဲ႔ ၁၀ မွတ္အကြာမွာ ရွိေနပါတယ္။ လီဗာပူးလ္နဲ႔ကစားရမယ့္ ပြဲက်န္ကို အနိုင္ရခဲ့မယ္ဆိုရင္ေတာ့ ၇ မွတ္သာကြာဟေတာ့မွာျဖစ္ပါတယ္။