နိုင်ပေမယ့်လည်း အပူတွေရှိနေပြန်တဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပထမအကျော့ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဂရန်နာဒါကို အ ဝေးကွင်းမှာ ကစားရတာဖြစ်ပေမယ့် နှစ်ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ဖို့အတွက် အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီကလည်း ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ လူစုံထုတ်အသုံးပြုခဲ့ပြီး ဂရန်နာဒါကိုရင်ဆိုင်ခဲ့ပါတယ်။ အသင်းလိုက်ကစားပုံမာကျောတဲ့ ဂရန်နာဒါက ခံစစ်ကို ဦးစားပေးကစားခဲ့လို့ ယူနိုက်တက်တို့အခက်အခဲအနည်းငယ်ရှိခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်က ၃၁မိနစ်မှာအဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဂရန်နာဒါဘက်က ချေပဂိုးချက်ချင်းပြန်ရဖို့ နီးစပ်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့နစ်နာခဲ့ရပါတယ်။ဒုတိယပိုင်းမှာ ကာဗာနီဝင်လာပြီးနောက် ယူနိုက်တက်တို့ နောက်ဂိုးတွေရဖို့ကြိုးစားလာခဲ့ပါတယ်။

မိနစ်ကိုးဆယ်ပြည့်လို့ နာကျင်အချိန်ပိုတစ်မိနစ်မှာတော့ ဖာနန်ဒက်စ်က သူ့ကြောင့်ရတဲ့ ပယ်နယ်တီကနေကိုယ်တိုင်ကန်သွင်းယူပြီး ယူနိုက်တက်ကို ၂-၀ ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း ပထမအကျော့မှာအဝါကဒ်ကိုယ်စီပြသခံခဲ့ရတဲ့အသင်းခေါင်းဆောင်မက်ဂွိုင်းယား၊နောက်ခံလူလုခ်ရှောနဲ့ကွင်းလယ်လူမက်တော်မီနေးတို့ဟာဒုတိယအကျော့ကိုလွဲချော်မှာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြဟာအိုးထရက်ဖို့ဒ်မှာယှဉ်ပြိုင်ကစားမယ့်ဒုတိယအကျော့ပွဲစဉ်အတွက်အသင်းကိုပြန်လည်ပြင်ဆင်ရဦးမှာပါ။ပွဲအပြီးမှာဆိုးလ်ရှားက”ပြီးပြည့်စုံတဲ့ညတစ်ညတော့မဟုတ်ခဲ့ပါဘူး။ကစားသမား၃ယောက်အဝါကဒ်ထိပြီးပွဲပယ်ခံရတော့မှာပါ။ဒါပေမယ့် ၂ဂိုးပြတ်နဲ့နိုင်တာကောင်းမွန်တဲ့ရလဒ်ပါ’‘

“ကျွန်တော်တို့ကတော့ ပွဲတိုင်းကိုအနိုင်လိုချင်ပါတယ်။အသင်းကအချိန်နဲ့အမျှတိုးတက်နေဖို့လိုပါတယ်။ပျင်းနေမယ်၊ ကြိုးစားမှုတွေလျှော့ပြီး နားလိုက်တာနဲ့ကိုယ်ကကျန်ခဲ့မှာပါ”လို့ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ႏိုင္ေပမယ့္လည္း အပူေတြရွိေနျပန္တဲ့ ဆိုးလ္ရွား

မ​ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပထမအေက်ာ့ပြဲစဥ္မွာ ယူႏိုက္တက္ဟာ ဂရန္နာဒါကို အ ေဝးကြင္းမွာ ကစားရတာျဖစ္ေပမယ့္ ႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ဆီမီးဖိုင္နယ္တက္ေရာက္ဖို႔အတြက္ အေျခအေနေကာင္းတစ္ခုကို ပိုင္ဆိုင္သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီကလည္း ဆီမီးဖိုင္နယ္တက္ေရာက္ႏိုင္ခဲ့တဲ့ ယူႏိုက္တက္ဟာ လူစုံထုတ္အသုံးျပဳခဲ့ၿပီး ဂရန္နာဒါကိုရင္ဆိုင္ခဲ့ပါတယ္။ အသင္းလိုက္ကစားပုံမာေက်ာတဲ့ ဂရန္နာဒါက ခံစစ္ကို ဦးစားေပးကစားခဲ့လို႔ ယူႏိုက္တက္တို႔အခက္အခဲအနည္းငယ္ရွိခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္က ၃၁မိနစ္မွာအဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ဂရန္နာဒါဘက္က ေခ်ပဂိုးခ်က္ခ်င္းျပန္ရဖို႔ နီးစပ္ခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့လို႔နစ္နာခဲ့ရပါတယ္။ဒုတိယပိုင္းမွာ ကာဗာနီဝင္လာၿပီးေနာက္ ယူႏိုက္တက္တို႔ ေနာက္ဂိုးေတြရဖို႔ႀကိဳးစားလာခဲ့ပါတယ္။

မိနစ္ကိုးဆယ္ျပည့္လို႔ နာက်င္အခ်ိန္ပိုတစ္မိနစ္မွာေတာ့ ဖာနန္ဒက္စ္က သူ႔ေၾကာင့္ရတဲ့ ပယ္နယ္တီကေနကိုယ္တိုင္ကန္သြင္းယူၿပီး ယူႏိုက္တက္ကို ၂-၀ ျဖစ္​ေစခဲ့ပါတယ္။

ဒါေပမယ့္လည္း ပထမအေက်ာ့မွာအဝါကဒ္ကိုယ္စီျပသခံခဲ့ရတဲ့အသင္းေခါင္းေဆာင္မက္ဂြိဳင္းယား၊ေနာက္ခံလူလုခ္ေရွာနဲ႔ကြင္းလယ္လူမက္ေတာ္မီေနးတို႔ဟာဒုတိယအေက်ာ့ကိုလြဲေခ်ာ္မွာျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပဟာအိုးထရက္ဖို႔ဒ္မွာယွဥ္ၿပိဳင္ကစားမယ့္ဒုတိယအေက်ာ့ပြဲစဥ္အတြက္အသင္းကိုျပန္လည္ျပင္ဆင္ရဦးမွာပါ။ပြဲအၿပီးမွာဆိုးလ္ရွားက”ၿပီးျပည့္စုံတဲ့ညတစ္ညေတာ့မဟုတ္ခဲ့ပါဘူး။ကစားသမား၃ေယာက္အဝါကဒ္ထိၿပီးပြဲပယ္ခံရေတာ့မွာပါ။ဒါ​ေပမယ့္ ၂ဂိုးျပတ္နဲ႔ႏိုင္တာေကာင္းမြန္တဲ့ရလဒ္ပါ’‘

“ကြၽန္ေတာ္တို႔က​ေတာ့ ပြဲတိုင္းကိုအႏိုင္လိုခ်င္ပါတယ္။အသင္းကအခ်ိန္နဲ႔အမွ်တိုးတက္ေနဖို႔လိုပါတယ္။ပ်င္း​ေနမယ္၊ ႀကိဳးစားမႈ​ေတြ​ေလွ်ာ့ၿပီး နားလိုက္တာနဲ႔ကိုယ္ကက်န္ခဲ့မွာပါ”လို႔ေျပာပါတယ္။