နိုင်ငံအသင်းအတွက် သွင်းဂိုးအများဆုံးစာရင်းမှာ အိုဝင်ကိုကျော်ဖြတ်ပြီးတဲ့နောက် ရွန်နီရဲ့စံချိန်ကိုချိုးဖျက်ဖို့ ဟယ်ရီကိန်း (၁၃)ဂိုးသာလို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းနာမည်ကျော်တိုက်စစ်မှူးဟယ်ရီကိန်း လက်ရွေးစင်အသင်းအတွက် ပုံစံကောင်းတွေဆက်တိုက်ပြသနေပြီး ပိုလန်နဲ့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ လှပတဲ့အဝေးကန်ချက်နဲ့ဂိုးသွင်းယူခဲ့တာကြောင့်

အခုဆိုရင် နာမည်ကျော်တိုက်စစ်မှူးဟောင်းမိုက်ကယ်အိုဝင်ရဲ့ လက်ရွေးစင်သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

ပိုလန်နဲ့ပွဲက သွင်းဂိုးဟာ ဟယ်ရီကိန်းအတွက် လက်ရွေးစင်ကစားသမားဘဝ(၄၁)ဂိုးမြောက်ဖြစ်ပြီး အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ အဆင့်(၅)နေရာကို တက်လှမ်းလာပြီဖြစ်သလို

သွင်းဂိုးအများဆုံးကစားသမားအဖြစ်ရပ်တည်နေတဲ့ ရွန်နီရဲ့စံချိန်ကို ချိုးဖျက်နိုင်ဖို့ နောက်ထပ်(၁၃)ဂိုးသာလိုပါတော့တယ်။

အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးရွန်နီဟာ လက်ရွေးစင်အသင်းအတွက် ၂၀၀၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ (၁၅)နှစ်ကြာကစားခဲ့တဲ့ကာလအတွင်း ပွဲပေါင်း(၁၂၀)ကစား၊ (၅၃)ဂိုးနဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ်စံချိန်တင်ထားတာပါ။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ဟယ်ရီကိန်းဟာ ၂၀၁၅ ခုနှစ်ကစလို့ အင်္ဂလန်လက်ရွေးစင်အသင်းမှာရွေးချယ်ခံခဲ့ရပြီး ပြီးခဲ့တဲ့(၄)နှစ်တာကာလအတွင်း ကမ္ဘာ့ဖလားဒါမှမဟုတ် ယူရိုခြေစစ်ပွဲတွေမှာ သူပါဝင်ကစားတဲ့ပွဲတိုင်းလိုလိုဂိုးသွင်းခဲ့တဲ့အပြင်

စုစုပေါင်း(၁၅)ပွဲမှာ (၁၉)ဂိုးအထိသွင်းယူခဲ့သလို ၂၀၁၇၊ စက်တင်ဘာလတုန်းက ဆလိုဗက်ကီးယားနဲ့ကစားခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာသာ ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် အင်္ဂလန်အသင်းအတွက် (၆၄)ပွဲကစားပြီးချိန်မှာပဲ (၄၁)ဂိုးသွင်းယူထားတာကြောင့် ရွန်နီကစားခဲ့တဲ့ပွဲအရေအတွက်ထက် တစ်ဝက်နီးပါးနည်းပါးနေပြီး ရွန်နီရဲ့စံချိန်ကို ချိုးဖျက်နိုင်ဖို့ တဖြည်းဖြည်းနီးစပ်လာပါပြီ။

ဒါ့အပြင် ဟယ်ရီကိန်းရဲ့တစ်ပွဲပျမ်းမျှသွင်းဂိုးအရေအတွက်က (၀.၆၄)ဂိုးအထိရှိတာကြောင့် အင်္ဂလန်ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ လိုင်နီကာ(၀.၅၉ဂိုး)၊ ဆာဘော်ဘီချာလ်တန်(၀.၄၆ဂိုး)နဲ့ စံချိန်ရှင်ရွန်နီ(၀.၄၄ဂိုး)တို့ထက်တောင် သာလွန်နေပါတယ်။

အင်္ဂလန်အသင်းအတွက် သွင်းဂိုးအများဆုံးထိပ်ဆုံး(၅)ဦးစာရင်းမှာ ဟယ်ရီကိန်းထက် တစ်ပွဲပျမ်းမျှသွင်းဂိုးအရေအတွက် သာလွန်တာဆိုလို့ ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ဂျင်မီဂရိဗ်တစ်ယောက်သာရှိပြီး

ဂျင်မီဂရိဗ်က (၅၇)ပွဲကစား၊ (၄၄)ဂိုးသွင်းယူခဲ့တာကြောင့် တစ်ပွဲပျမ်းမျှသွင်းဂိုး(၀.၇၇)ဂိုးအထိရှိနေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ႏိုင္ငံအသင္းအတြက္ သြင္းဂိုးအမ်ားဆုံးစာရင္းမွာ အိုဝင္ကိုေက်ာ္ျဖတ္ၿပီးတဲ့ေနာက္ ႐ြန္နီရဲ႕စံခ်ိန္ကိုခ်ိဳးဖ်က္ဖို႔ ဟယ္ရီကိန္း (၁၃)ဂိုးသာလို

အဂၤလန္အသင္းနာမည္ေက်ာ္တိုက္စစ္မႉးဟယ္ရီကိန္း လက္ေ႐ြးစင္အသင္းအတြက္ ပုံစံေကာင္းေတြဆက္တိုက္ျပသေနၿပီး ပိုလန္နဲ႔(၁-၁)ဂိုးစီသေရက်ခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲမွာ လွပတဲ့အေဝးကန္ခ်က္နဲ႔ဂိုးသြင္းယူခဲ့တာေၾကာင့္ အခုဆိုရင္ နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္းမိုက္ကယ္အိုဝင္ရဲ႕ လက္ေ႐ြးစင္သြင္းဂိုးအေရအတြက္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါၿပီ။

ပိုလန္နဲ႔ပြဲက သြင္းဂိုးဟာ ဟယ္ရီကိန္းအတြက္ လက္ေ႐ြးစင္ကစားသမားဘဝ(၄၁)ဂိုးေျမာက္ျဖစ္ၿပီး အဂၤလန္အသင္းသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားစာရင္းမွာ အဆင့္(၅)ေနရာကို တက္လွမ္းလာၿပီျဖစ္သလို သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ေနတဲ့ ႐ြန္နီရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔ ေနာက္ထပ္(၁၃)ဂိုးသာလိုပါေတာ့တယ္။ အဂၤလန္ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီဟာ လက္ေ႐ြးစင္အသင္းအတြက္ ၂၀၀၃ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိ (၁၅)ႏွစ္ၾကာကစားခဲ့တဲ့ကာလအတြင္း ပြဲေပါင္း(၁၂၀)ကစား၊ (၅၃)ဂိုးနဲ႔ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္စံခ်ိန္တင္ထားတာပါ။

အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဟယ္ရီကိန္းဟာ ၂၀၁၅ ခုႏွစ္ကစလို႔ အဂၤလန္လက္ေ႐ြးစင္အသင္းမွာေ႐ြးခ်ယ္ခံခဲ့ရၿပီး ၿပီးခဲ့တဲ့(၄)ႏွစ္တာကာလအတြင္း ကမာၻ႔ဖလားဒါမွမဟုတ္ ယူ႐ိုေျခစစ္ပြဲေတြမွာ သူပါဝင္ကစားတဲ့ပြဲတိုင္းလိုလိုဂိုးသြင္းခဲ့တဲ့အျပင္ စုစုေပါင္း(၁၅)ပြဲမွာ (၁၉)ဂိုးအထိသြင္းယူခဲ့သလို ၂၀၁၇၊ စက္တင္ဘာလတုန္းက ဆလိုဗက္ကီးယားနဲ႔ကစားခဲ့တဲ့ ၂၀၁၈ ကမာၻ႔ဖလားေျခစစ္ပြဲမွာသာ ဂိုးမသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အခုဆိုရင္ အဂၤလန္အသင္းအတြက္ (၆၄)ပြဲကစားၿပီးခ်ိန္မွာပဲ (၄၁)ဂိုးသြင္းယူထားတာေၾကာင့္ ႐ြန္နီကစားခဲ့တဲ့ပြဲအေရအတြက္ထက္ တစ္ဝက္နီးပါးနည္းပါးေနၿပီး ႐ြန္နီရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔ တျဖည္းျဖည္းနီးစပ္လာပါၿပီ။ ဒါ့အျပင္ ဟယ္ရီကိန္းရဲ႕တစ္ပြဲပ်မ္းမွ်သြင္းဂိုးအေရအတြက္က (၀.၆၄)ဂိုးအထိရွိတာေၾကာင့္ အဂၤလန္ဂႏၴဝင္ကစားသမားေတြျဖစ္တဲ့ လိုင္နီကာ(၀.၅၉ဂိုး)၊ ဆာေဘာ္ဘီခ်ာလ္တန္(၀.၄၆ဂိုး)နဲ႔ စံခ်ိန္ရွင္႐ြန္နီ(၀.၄၄ဂိုး)တို႔ထက္ေတာင္ သာလြန္ေနပါတယ္။

အဂၤလန္အသင္းအတြက္ သြင္းဂိုးအမ်ားဆုံးထိပ္ဆုံး(၅)ဦးစာရင္းမွာ ဟယ္ရီကိန္းထက္ တစ္ပြဲပ်မ္းမွ်သြင္းဂိုးအေရအတြက္ သာလြန္တာဆိုလို႔ ၁၉၆၆ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ဂ်င္မီဂရိဗ္တစ္ေယာက္သာရွိၿပီး ဂ်င္မီဂရိဗ္က (၅၇)ပြဲကစား၊ (၄၄)ဂိုးသြင္းယူခဲ့တာေၾကာင့္ တစ္ပြဲပ်မ္းမွ်သြင္းဂိုး(၀.၇၇)ဂိုးအထိရွိေနတာျဖစ္ပါတယ္။