နိုင်ငံအသင်းအတွက် ဂိုးအများဆုံးသွင်းနိုင်သူဖြစ်ရန် စီရော်နယ်ဒို ၇ဂိုး သာလိုအပ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆားဘီးယားနဲ့ပွဲမှာ သူသွင်းယူနိုင်ခဲ့တဲ့ ဂိုးကို ခွင့်မပြုခဲ့လို့ပေါက်ကွဲသွားတဲ့ စီရော်နယ်ဒိုဟာ နိုင်ငံတကာပြိုင်ပွဲ သွင်းဂိုးအများဆုံး ကစားသမားဖြစ်တဲ့ အီရန်တိုက်စစ်မှုးဟောင်း အလီဒါအီရဲ့ စံချိန်ကိုမီဖို့ ၇ဂိုးသာ လိုပါတော့တယ်။

လက်ရှိမြက်ခင်းပြင်ပေါ်မှာ ကစားနေတဲ့ ဘောလုံးသမားတွေထဲမှာ စီရော်နယ်ဒိုဟာ ဒီစံချိန်မှတ်တမ်းကို လိုက်မီနိုင်ဖို့ အခွင့်အရေး အကောင်းဆုံးပါပဲ။ နိုင်ငံအသင်းအတွက် သွင်းဂိုးတွေ သွင်းယူပေးထားတဲ့ ထိပ်ဆုံး ၁၀ဦး အနေအထားကို ခေဖာ်ပြပေးလိုက်ပါတယ်။

အလီဒါယီ (၁၀၉ ဂိုး ၁၄၉ပွဲ)

အီရန်တိုက်စစ်မှုးဟောင်းဖြစ်တဲ့ အလီဒါယီဟာ နိုင်ငံအသင်းအတွက် ၁၄၉ပွဲ ကစားပေးခဲ့ပြီး ၁၀၉ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။

ဘွန်ဒက်စ်လီဂါက ဘိုင်ယန်မြူးနစ်အသင်းမှာလည်း ကစားခဲ့တဲ့ သူဟာ ၁၉၉၃ခုနှစ်ကနေ ၂၀၀၆ အတွင်းမှာ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ စံချိန်မှတ်တမ်းဟာ နှစ်ပေါင်းများစွာ ရှည်ကြာခဲ့ပါတယ်။

စီရော်နယ်ဒို (၁၀၂ဂိုး ၁၇၂ပွဲ)

အလီယာယီရဲ့ နိုင်ငံသွင်းဂိုးမှတ်တမ်းကို အမီလိုက်ဖို့ ကြိုးစားနေတဲ့ စီရော်နယ်ဒိုသာ စံချိန်သစ်တင်နိုင်ခဲ့ရင် သူ့ရဲ့ နိုင်ငံသွင်းဂိုး မှတ်တမ်းကို လိုက်မီဖို့ နှစ်ပေါင်းများစွာ ထပ်စောင့်ရဦးမယ့် သဘောမှာရှိပါတယ်။

၃၆နှစ် ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုအတွက် ယူရို ၂၀၂၀ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေဟာ နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲတွေ ဖြစ်လာဖို့ရှိနေပါတယ်။

ပွပ်ရှ်ကပ် (၈၄ဂိုး ၈၉ပွဲ)

ဟန်ဂေရီ၈န္တဝင်ကစားသမားကြီးဖြစ်တဲ့ ပွပ်ရှ်ကပ်ဟာ ၁၉၅၀ပြည့်နှစ်ဝန်းကျင်တျွှော ခြေစွမ်းပြ ဂိုးသွင်းနိုင်ခဲ့တဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက တိုက်စစ်မှုးလည်းဖြစ်ခဲ့ပြီး သူဟာ စပိန်နိုင်ငံသားခံယူခဲ့ပါတယ်။

စပိန်လက်ရွေးစင်အသင်းအတွက် ၄ပွဲ ကစားပေးခဲ့ဖူးပြီး ဂိုးတော့ မသွင်းနိုင်ခဲ့ပါဘူး။

ထိပ်ဆုံး သူတို့ ၃ယောက် အပြင် ကာမာမိုတို (ဂျပန်)၊ ချီတာလူး (ဇမ်ဘီးယား)၊ ဟူစိန်ဆာဒ် (အီရတ်)၊ ပီလီ (ဘရာဇီး)၊ ဆန်ဒါကိုဆစ် (ဟန်ဂေရီ)၊ ဘာရှားအဘူဒူလာ (ကူဝိတ်)၊ ဆွန်နီချီထရိုင်း (အန္ဒိယ) တို့ကလည်း သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသင်းတွေအတွက် သွင်းဂိုး ၇၀ကျော် သွင်းယူထားပေးနိုင်ခဲ့ပြီး ဂိုးအများဆုံး သွင်းထားတဲ့ ထိပ်ဆုံး ၁၀ဦး စာရင်းထဲမှာ ရှိနေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ႏိုင္ငံအသင္းအတြက္ ဂိုးအမ်ားဆုံးသြင္းႏိုင္သူျဖစ္ရန္ စီေရာ္နယ္ဒို ၇ ဂိုး သာလိုအပ္ေန

ဆားဘီးယားနဲ႔ပြဲမွာ သူသြင္းယူႏိုင္ခဲ့တဲ့ ဂိုးကို ခြင့္မျပဳခဲ့လို႔ေပါက္ကြဲသြားတဲ့ စီေရာ္နယ္ဒိုဟာ ႏိုင္ငံတကာၿပိဳင္ပြဲ သြင္းဂိုးအမ်ားဆုံး ကစားသမားျဖစ္တဲ့ အီရန္တိုက္စစ္မႈးေဟာင္း အလီဒါအီရဲ႕ စံခ်ိန္ကိုမီဖို႔ ၇ဂိုးသာ လိုပါေတာ့တယ္။ လက္ရွိျမက္ခင္းျပင္ေပၚမွာ ကစားေနတဲ့ ေဘာလုံးသမားေတြထဲမွာ စီေရာ္နယ္ဒိုဟာ ဒီစံခ်ိန္မွတ္တမ္းကို လိုက္မီႏိုင္ဖို႔ အခြင့္အေရး အေကာင္းဆုံးပါပဲ။ ႏိုင္ငံအသင္းအတြက္ သြင္းဂိုးေတြ သြင္းယူေပးထားတဲ့ ထိပ္ဆုံး ၁၀ဦး အေနအထားကို ေခဖာ္ျပေပးလိုက္ပါတယ္။

အလီဒါယီ (၁၀၉ ဂိုး ၁၄၉ပြဲ)

အီရန္တိုက္စစ္မႈးေဟာင္းျဖစ္တဲ့ အလီဒါယီဟာ ႏိုင္ငံအသင္းအတြက္ ၁၄၉ပြဲ ကစားေပးခဲ့ၿပီး ၁၀၉ဂိုး သြင္းယူေပးႏိုင္ခဲ့တာပါ။ ဘြန္ဒက္စ္လီဂါက ဘိုင္ယန္ျမဴးနစ္အသင္းမွာလည္း ကစားခဲ့တဲ့ သူဟာ ၁၉၉၃ခုႏွစ္ကေန ၂၀၀၆ အတြင္းမွာ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ စံခ်ိန္မွတ္တမ္းဟာ ႏွစ္ေပါင္းမ်ားစြာ ရွည္ၾကာခဲ့ပါတယ္။

စီေရာ္နယ္ဒို (၁၀၂ဂိုး ၁၇၂ပြဲ)

အလီယာယီရဲ႕ ႏိုင္ငံသြင္းဂိုးမွတ္တမ္းကို အမီလိုက္ဖို႔ ႀကိဳးစားေနတဲ့ စီေရာ္နယ္ဒိုသာ စံခ်ိန္သစ္တင္ႏိုင္ခဲ့ရင္ သူ႔ရဲ႕ ႏိုင္ငံသြင္းဂိုး မွတ္တမ္းကို လိုက္မီဖို႔ ႏွစ္ေပါင္းမ်ားစြာ ထပ္ေစာင့္ရဦးမယ့္ သေဘာမွာရွိပါတယ္။ ၃၆ႏွစ္ ရွိၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုအတြက္ ယူ႐ို ၂၀၂၀ နဲ႔ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲေတြဟာ ေနာက္ဆုံးႏိုင္ငံတကာၿပိဳင္ပြဲေတြ ျဖစ္လာဖို႔ရွိေနပါတယ္။

ပြပ္ရွ္ကပ္ (၈၄ဂိုး ၈၉ပြဲ)

ဟန္ေဂရီ၈ႏၲဝင္ကစားသမားႀကီးျဖစ္တဲ့ ပြပ္ရွ္ကပ္ဟာ ၁၉၅၀ျပည့္ႏွစ္ဝန္းက်င္တႊၽော ေျခစြမ္းျပ ဂိုးသြင္းႏိုင္ခဲ့တဲ့ သူတစ္ဦးလည္းျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ အဓိက တိုက္စစ္မႈးလည္းျဖစ္ခဲ့ၿပီး သူဟာ စပိန္ႏိုင္ငံသားခံယူခဲ့ပါတယ္။ စပိန္လက္ေ႐ြးစင္အသင္းအတြက္ ၄ပြဲ ကစားေပးခဲ့ဖူးၿပီး ဂိုးေတာ့ မသြင္းႏိုင္ခဲ့ပါဘူး။

ထိပ္ဆုံး သူတို႔ ၃ေယာက္ အျပင္ ကာမာမိုတို (ဂ်ပန္)၊ ခ်ီတာလူး (ဇမ္ဘီးယား)၊ ဟူစိန္ဆာဒ္ (အီရတ္)၊ ပီလီ (ဘရာဇီး)၊ ဆန္ဒါကိုဆစ္ (ဟန္ေဂရီ)၊ ဘာရွားအဘူဒူလာ (ကူဝိတ္)၊ ဆြန္နီခ်ီထ႐ိုင္း (အႏၵိယ) တို႔ကလည္း သူတို႔ရဲ႕ သက္ဆိုင္ရာ ႏိုင္ငံအသင္းေတြအတြက္ သြင္းဂိုး ၇၀ေက်ာ္ သြင္းယူထားေပးႏိုင္ခဲ့ၿပီး ဂိုးအမ်ားဆုံး သြင္းထားတဲ့ ထိပ္ဆုံး ၁၀ဦး စာရင္းထဲမွာ ရွိေနၾကပါတယ္။