နိုင်ငံအသင်းတွေရဲ့ ဂျာစီမှာ စပွန်ဆာအမှတ်တံဆိပ် မပါရတဲ့အကြောင်းရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီးပွားရေးနဲ့ပတ်သက်တဲ့ ကဏ္ဍတိုင်းမှာ အရေးကြီးဆုံးက စပွန်ဆာပါပဲ။ လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်ဖို့ဆိုတာက စပွန်ဆာဆီကနေ ရရှိတဲ့ငွေကြေးက အဓိကနေရာမှာ ပါဝင်နေပြီး ဘောလုံးလောကမှာလည်း ထိပ်သီးကလပ်အသင်းတွေ ဝင်ငွေကောင်းနေတာက စပွန်ဆာကုမ္ပဏီတွေကနေ မြင့်မားတဲ့ ငွေကြေးတွေ ရရှိနေတာကြောင့်လို့ ပြောရမှာပါ။

ကလပ်အသင်းတွေအနေနဲ့ စံချိန်တင်ကြေးတွေနဲ့ အင်္ကျီစပွန်ဆာစာချုပ်တွေ ချုပ်ဆိုနေကြပြီး အခုနောက်ပိုင်း ဂျာစီလက်မောင်းနဲ့ ဘောင်းဘီတွေမှာပါ စပွန်ဆာပေးတဲ့ ကုမ္ပဏီတွေ ရှိလာပါပြီ။ ဒါက ဘောလုံးရပ်ဝန်းတစ်ခုတည်း မဟုတ်ဘဲ ကျန်တဲ့အားကစားကဏ္ဍအသီးသီးမှာ စပွန်ဆာယဉ်ကျေးမှုက အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေတာပါ။

ဒါပေမဲ့ နိုင်ငံလက်ရွေးစင်အသင်းတွေရဲ့ ဂျာစီမှာ ဘယ်လိုစပွန်ဆာမျိုးမှ မပါဝင်တာကို ပရိသတ်တွေ သတိထားမိပါလိမ့်မယ်။ ဘာကြောင့်များ လက်ရွေးစင်အသင်းတွေရဲ့ ဂျာစီမှာ စပွန်ဆာမပါရတာလဲ . . .

အဓိကအချက်ကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ချမှတ်ထားတဲ့စည်းမျဉ်းကြောင့်ပါပဲ။ FIFA ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေထဲမှာ “လက်ရွေးစင်အသင်းတွေအနေနဲ့ Official နိုင်ငံတကာပွဲစဉ်တွေမှာ သူတို့ဝတ်ဆင်မယ့် ဂျာစီမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကွင်းထဲမှာပဲဖြစ်ဖြစ် စပွန်ဆာကုမ္ပဏီကို ကြော်ငြာခွင့် မပြုရ”ဆိုတဲ့ အချက်ပါဝင်နေပါတယ်။

အဲဒီမှာ စဉ်းစားစရာဖြစ်လာတာက FIFA ဟာ ဘာအကြောင်းကြောင့် လက်ရွေးစင်အသင်းတွေရဲ့ ဂျာစီမှာ စပွန်ဆာကုမ္ပဏီနာမည်ကို ဖော်ပြခွင့် ပိတ်ပင်ထားတာလဲဆိုတာပါ။ ပုံမှန်အတိုင်းဆိုရင်တော့ FIFA က အသင်းတစ်သင်းရဲ့ ဂျာစီမှာ စပွန်ဆာနာမည်ဖော်ပြတာကို ပိတ်ပင်တာမျိုး မရှိပါဘူး။

FIFA အဖွဲ့အစည်းကိုယ်တိုင်ကလည်း စပွန်ဆာကုမ္ပဏီတွေနဲ့ မကင်းရာမကင်းကြောင်းဖြစ်ပြီး အဲဒီကရတဲ့ ငွေကြေးတွေကို ကမ္ဘာ့ဖလား၊ FIFA ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဆုကြေးအဖြစ် ပြန်ချီးမြှင့်နေတာပါ။

FIFA က Official ပွဲတွေမှာ လက်ရွေးစင်အသင်းတွေကို ဂျာစီမှာ စပွန်ဆာကုမ္ပဏီနာမည် ဖော်ပြခွင့် မပေးပေမယ့် လေ့ကျင့်ရေးဝတ်စုံ၊ ဂျာကင်တွေမှာတော့ ဖော်ပြခွင့်ပြုထားပါတယ်။ ဒါကြောင့်လည်း နိုင်ငံအသင်းတွေရဲ့ လေ့ကျင့်ရေးကွင်းမှာ ဝတ်ဆင်တဲ့ ဂျာစီတွေက ကြော်ငြာဆိုင်းဘုတ်လိုမျိုး၊ Advertising Wallpaper လိုမျိုး ဖြစ်နေပြီး စပွန်ဆာနာမည်တွေ အများကြီးပါနေတာဖြစ်ပါတယ်။

လက်ရွေးစင်အသင်းတွေရဲ့ ဂျာစီမှာ စပွန်ဆာနာမည်ဖော်ပြခွင့်မရလို့ ငွေကြေးအရ ဆုံးရှုံးမှုတွေ ရှိနိုင်တယ်လို့ ပြောလို့ရပါတယ်။ ဥပမာပြောရရင် လာလီဂါထိပ်သီး ရီးယဲလ်အသင်းဟာ Adidas နဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်အရ (၁)နှစ်ကို အမေရိကန်ဒေါ်လာ (၇၈)သန်းအထိရရှိနေပြီး ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းကတော့ Nike နဲ့ ၂၀၂၆ခုနှစ်အထိ ချုပ်ဆိုထားတဲ့စာချုပ်ကနေ အမေရိကန်ဒေါ်လာ (၅၆)သန်းသာ ရရှိနေတာဖြစ်ပါတယ်။

ဒါပေမဲ့ လေ့ကျင့်ရေးကွင်းဝတ်စုံအတွက် ချုပ်ဆိုထားတဲ့ တခြားစပွန်ဆာတွေတော့ ရှိပါတယ်။ ဂျာစီမှာ စပွန်ဆာမပါတာနဲ့ အင်္ကျီရောင်းအား ကျဆင်းသွားလားဆိုတော့ မဟုတ်ပါဘူး။ ဥပမာ ထပ်ပြောရရင် ဘာစီလိုနာအသင်းဟာ အရင်တုန်းက ဂျာစီစပွန်ဆာအတွက် ဘယ်လိုကုမ္ပဏီနဲ့မှ လက်တွဲခဲ့ခြင်းမရှိတဲ့အချိန်မှာတောင် အင်္ကျီရောင်းလိုအားက (၉)သိန်းအထိ ရှိခဲ့ပါတယ်။

အခုလည်း နိုင်ငံလက်ရွေးစင်အသင်းတွေအနေနဲ့ FIFA ရဲ့ Official ပွဲတွေမှာ ဂျာစီစပွန်ဆာနာမည်ဖော်ပြခွင့် မရှိပေမယ့် လေ့ကျင့်ရေးဝတ်စုံအတွက် ချုပ်ဆိုထားတဲ့ စပွန်ဆာကြေးတွေ၊ အင်္ကျီရောင်းချရမှုတွေက ရရှိတဲ့ဝင်ငွေတွေအရ ကြီးကြီးမားမားထိခိုက်တာမျိုးတော့ မရှိသေးပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ႏိုင္ငံအသင္းေတြရဲ႕ ဂ်ာစီမွာ စပြန္ဆာအမွတ္တံဆိပ္ မပါရတဲ့အေၾကာင္းရင္း

စီးပြားေရးနဲ႔ပတ္သက္တဲ့ က႑တိုင္းမွာ အေရးႀကီးဆုံးက စပြန္ဆာပါပဲ။ လုပ္ငန္းတစ္ခု ေရရွည္ရပ္တည္ဖို႔ဆိုတာက စပြန္ဆာဆီကေန ရရွိတဲ့ေငြေၾကးက အဓိကေနရာမွာ ပါဝင္ေနၿပီး ေဘာလုံးေလာကမွာလည္း ထိပ္သီးကလပ္အသင္းေတြ ဝင္ေငြေကာင္းေနတာက စပြန္ဆာကုမၸဏီေတြကေန ျမင့္မားတဲ့ ေငြေၾကးေတြ ရရွိေနတာေၾကာင့္လို႔ ေျပာရမွာပါ။ ကလပ္အသင္းေတြအေနနဲ႔ စံခ်ိန္တင္ေၾကးေတြနဲ႔ အက်ႌစပြန္ဆာစာခ်ဳပ္ေတြ ခ်ဳပ္ဆိုေနၾကၿပီး အခုေနာက္ပိုင္း ဂ်ာစီလက္ေမာင္းနဲ႔ ေဘာင္းဘီေတြမွာပါ စပြန္ဆာေပးတဲ့ ကုမၸဏီေတြ ရွိလာပါၿပီ။ ဒါက ေဘာလုံးရပ္ဝန္းတစ္ခုတည္း မဟုတ္ဘဲ က်န္တဲ့အားကစားက႑အသီးသီးမွာ စပြန္ဆာယဥ္ေက်းမႈက အရွိန္ျပင္းျပင္းနဲ႔ စီးဆင္းေနတာပါ။ ဒါေပမဲ့ ႏိုင္ငံလက္ေ႐ြးစင္အသင္းေတြရဲ႕ ဂ်ာစီမွာ ဘယ္လိုစပြန္ဆာမ်ိဳးမွ မပါဝင္တာကို ပရိသတ္ေတြ သတိထားမိပါလိမ့္မယ္။ ဘာေၾကာင့္မ်ား လက္ေ႐ြးစင္အသင္းေတြရဲ႕ ဂ်ာစီမွာ စပြန္ဆာမပါရတာလဲ . . .

အဓိကအခ်က္ကေတာ့ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ (FIFA)က ခ်မွတ္ထားတဲ့စည္းမ်ဥ္းေၾကာင့္ပါပဲ။ FIFA ရဲ႕ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းေတြထဲမွာ “လက္ေ႐ြးစင္အသင္းေတြအေနနဲ႔ Official ႏိုင္ငံတကာပြဲစဥ္ေတြမွာ သူတို႔ဝတ္ဆင္မယ့္ ဂ်ာစီမွာပဲျဖစ္ျဖစ္ ဒါမွမဟုတ္ ကြင္းထဲမွာပဲျဖစ္ျဖစ္ စပြန္ဆာကုမၸဏီကို ေၾကာ္ျငာခြင့္ မျပဳရ”ဆိုတဲ့ အခ်က္ပါဝင္ေနပါတယ္။ အဲဒီမွာ စဥ္းစားစရာျဖစ္လာတာက FIFA ဟာ ဘာအေၾကာင္းေၾကာင့္ လက္ေ႐ြးစင္အသင္းေတြရဲ႕ ဂ်ာစီမွာ စပြန္ဆာကုမၸဏီနာမည္ကို ေဖာ္ျပခြင့္ ပိတ္ပင္ထားတာလဲဆိုတာပါ။ ပုံမွန္အတိုင္းဆိုရင္ေတာ့ FIFA က အသင္းတစ္သင္းရဲ႕ ဂ်ာစီမွာ စပြန္ဆာနာမည္ေဖာ္ျပတာကို ပိတ္ပင္တာမ်ိဳး မရွိပါဘူး။ FIFA အဖြဲ႕အစည္းကိုယ္တိုင္ကလည္း စပြန္ဆာကုမၸဏီေတြနဲ႔ မကင္းရာမကင္းေၾကာင္းျဖစ္ၿပီး အဲဒီကရတဲ့ ေငြေၾကးေတြကို ကမာၻ႔ဖလား၊ FIFA ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ဆုေၾကးအျဖစ္ ျပန္ခ်ီးျမႇင့္ေနတာပါ။ FIFA က Official ပြဲေတြမွာ လက္ေ႐ြးစင္အသင္းေတြကို ဂ်ာစီမွာ စပြန္ဆာကုမၸဏီနာမည္ ေဖာ္ျပခြင့္ မေပးေပမယ့္ ေလ့က်င့္ေရးဝတ္စုံ၊ ဂ်ာကင္ေတြမွာေတာ့ ေဖာ္ျပခြင့္ျပဳထားပါတယ္။ ဒါေၾကာင့္လည္း ႏိုင္ငံအသင္းေတြရဲ႕ ေလ့က်င့္ေရးကြင္းမွာ ဝတ္ဆင္တဲ့ ဂ်ာစီေတြက ေၾကာ္ျငာဆိုင္းဘုတ္လိုမ်ိဳး၊ Advertising Wallpaper လိုမ်ိဳး ျဖစ္ေနၿပီး စပြန္ဆာနာမည္ေတြ အမ်ားႀကီးပါေနတာျဖစ္ပါတယ္။

လက္ေ႐ြးစင္အသင္းေတြရဲ႕ ဂ်ာစီမွာ စပြန္ဆာနာမည္ေဖာ္ျပခြင့္မရလို႔ ေငြေၾကးအရ ဆုံးရႈံးမႈေတြ ရွိႏိုင္တယ္လို႔ ေျပာလို႔ရပါတယ္။ ဥပမာေျပာရရင္ လာလီဂါထိပ္သီး ရီးယဲလ္အသင္းဟာ Adidas နဲ႔ ခ်ဳပ္ဆိုထားတဲ့ စပြန္ဆာစာခ်ဳပ္အရ (၁)ႏွစ္ကို အေမရိကန္ေဒၚလာ (၇၈)သန္းအထိရရွိေနၿပီး ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံ ျပင္သစ္အသင္းကေတာ့ Nike နဲ႔ ၂၀၂၆ခုႏွစ္အထိ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ကေန အေမရိကန္ေဒၚလာ (၅၆)သန္းသာ ရရွိေနတာျဖစ္ပါတယ္။ ဒါေပမဲ့ ေလ့က်င့္ေရးကြင္းဝတ္စုံအတြက္ ခ်ဳပ္ဆိုထားတဲ့ တျခားစပြန္ဆာေတြေတာ့ ရွိပါတယ္။ ဂ်ာစီမွာ စပြန္ဆာမပါတာနဲ႔ အက်ႌေရာင္းအား က်ဆင္းသြားလားဆိုေတာ့ မဟုတ္ပါဘူး။ ဥပမာ ထပ္ေျပာရရင္ ဘာစီလိုနာအသင္းဟာ အရင္တုန္းက ဂ်ာစီစပြန္ဆာအတြက္ ဘယ္လိုကုမၸဏီနဲ႔မွ လက္တြဲခဲ့ျခင္းမရွိတဲ့အခ်ိန္မွာေတာင္ အက်ႌေရာင္းလိုအားက (၉)သိန္းအထိ ရွိခဲ့ပါတယ္။

အခုလည္း ႏိုင္ငံလက္ေ႐ြးစင္အသင္းေတြအေနနဲ႔ FIFA ရဲ႕ Official ပြဲေတြမွာ ဂ်ာစီစပြန္ဆာနာမည္ေဖာ္ျပခြင့္ မရွိေပမယ့္ ေလ့က်င့္ေရးဝတ္စုံအတြက္ ခ်ဳပ္ဆိုထားတဲ့ စပြန္ဆာေၾကးေတြ၊ အက်ႌေရာင္းခ်ရမႈေတြက ရရွိတဲ့ဝင္ေငြေတြအရ ႀကီးႀကီးမားမားထိခိုက္တာမ်ိဳးေတာ့ မရွိေသးပါဘူး။