
photo-gettyimages

နိုင်ငံတကာပွဲတွေကြားဖြတ်ဝင်လာမှုကြောင့် ပရီးမီးယားလိဂ်ဘောလုံးရာသီဟာ တစ်ပတ်တာ ရပ်တန့်သွားမှာပါ။ ဒါပေမဲ့ ဒီတစ်ခါ International Break ဟာ ၂၀၁၉ အတွင်းမှာ နောက်ဆုံးအကြိမ်အဖြစ် ကြားဖြတ်ဝင်ခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံတကာကြားဖြတ်မှာတော့ ယူရိုခြေစစ်ပွဲရဲ့အုပ်စုနောက်ဆုံးပွဲတွေ၊အသက်အရွယ်အလိုက်ခြေစစ်ပွဲတွေနဲ့ နိုင်ငံတကာခြေစမ်းပွဲတွေကစားကြမှာပါ။ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ပရိသတ်အခိုင်အမာရှိထားတဲ့ မန်ယူအသင်းရဲ့ ဘယ်ကြယ်ပွင့်ကစားသမားတွေက နိုင်ငံတကာရက်သတ္တပတ်မှာ အလှည့်ကျတာလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

အင်္ဂလန်အသင်းမှာတော့ သရဲနီတပ်သား ၃ ယောက်ရွေးချယ်ခံထားရပါတယ်။ တိုက်စစ်မှုးရက်ရှ်ဖို့ဒ်၊ နောက်ခံလူမက်ဂွိုင်းယားနဲ့ ရှက်ဖီးယူနိုက်တက်မှာ အငှားသွားကစားနေတဲ့ ဂိုးသမားဒင်းဟန်ဒါဆန်တို့ပါ။ အဲဒီထဲမှာ ရက်ရှ်ဖို့ဒ်နဲ့မက်ဂွိုင်းယားတို့ဟာ အင်္ဂလန်အသင်းရဲ့ပွဲ ၁၀၀၀ ပြည့်ဖြစ်တဲ့ မွန်တီနီဂရိုးနဲ့ခြေစစ်ပွဲမှာ ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် မန်ယူဟာ အင်္ဂလန်ယူ-၂၁၊ယူ-၂၀ နဲ့ ယူ-၁၉ အသင်းတွေအတွက် ကစားသမားတစ်ယောက်စီစေလွှတ်ပေးထားရပြီး အဲဒီထဲမှာ ဂရင်းဝုဒ်ကတော့ အင်္ဂလန်ယူ-၂၁ အသင်းရဲ့ခြေစစ်ပွဲတွေမှာ ပါဝင်မှာပါ။ လိဂ်-၁ ကလပ်ဘာတန်မှာ အငှားထွက်ကစားနေတဲ့ ဂိုးသမားအိုဟားရားဟာလည်း အိုင်ယာလန်အသင်းမှာ ရွေးချယ်ခံထားရပါတယ်။
photo-gettyimages
ဂိုးသမားဒီဂီယာကတော့ ထုံးစံအတိုင်း စပိန်အသင်းမှာ ပါဝင်မှာပါ။ ဗဟိုနောက်ခံလူလင်ဒီလော့ဖ်ဟာလည်း ဆွီဒင်ရဲ့အဆုံးအဖြတ်ယူရိုခြေစစ်ပွဲတွေမှာ ဦးဆောင်ကစားပါလိမ့်မယ်။ သူဟာ ဆွီဒင်အကောင်းဆုံးကစားသမားဆုကို ပူပူနွေးနွေးရထားတာပါ။ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ရာသီမှာပဲ အထူးခြေစွမ်းပြနေတဲ့တောင်ပံကစားသမားဒန်နီရယ်ဂျိမ်းစ်ကတော့ ဝေးလ်ရဲ့လာမယ့်ယူရိုခြေစစ်ပွဲတွေမှာ ပါဝင်ကစားရမှာပါ။ နောက်ခံလူရိုဂျိုကတော့ အာဂျင်တီးနားအတွက် ရွေးချယ်ခံရပေမယ့် ဒဏ်ရာကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။ ကွင်းလယ်လူတွမ်မီနေးဟာလည်း ဘရိုက်တန်နဲ့ပွဲက ဒဏ်ရာကြောင့် စကော့တလန်အတွက် ကစားပေးနိုင်ခြင်း မရှိပါဘူး။
[Zawgyi]
ႏိုင္ငံအတြက္ အလွည့္က်တာက ဘယ္သရဲနီေတြလဲ
ႏိုင္ငံတကာပြဲေတြၾကားျဖတ္၀င္လာမႈေၾကာင့္ ပရီးမီးယားလိဂ္ေဘာလုံးရာသီဟာ တစ္ပတ္တာ ရပ္တန္႔သြားမွာပါ။ ဒါေပမဲ့ ဒီတစ္ခါ International Break ဟာ ၂၀၁၉ အတြင္းမွာ ေနာက္ဆုံးအႀကိမ္အျဖစ္ ၾကားျဖတ္၀င္ျခင္းပဲ ျဖစ္ပါတယ္။ လက္ရွိႏိုင္ငံတကာၾကားျဖတ္မွာေတာ့ ယူရိုေျခစစ္ပြဲရဲ႕အုပ္စုေနာက္ဆုံးပြဲေတြ၊အသက္အရြယ္အလုိက္ေျခစစ္ပြဲေတြနဲ႔ ႏိုင္ငံတကာေျခစမ္းပြဲေတြကစားၾကမွာပါ။ ပရီးမီးယားလိဂ္အသင္းေတြထဲမွာ ပရိသတ္အခိုင္အမာရွိထားတဲ့ မန္ယူအသင္းရဲ႕ ဘယ္ၾကယ္ပြင့္ကစားသမားေတြက ႏိုင္ငံတကာရက္သတၱပတ္မွာ အလွည့္က်တာလဲဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္။
အဂၤလန္အသငး္မွာေတာ့ သရဲနီတပ္သား ၃ ေယာက္ေရြးခ်ယ္ခံထားရပါတယ္။ တိုက္စစ္မႈးရက္ရွ္ဖုိ႔ဒ္၊ ေနာက္ခံလူမက္ဂြိဳင္းယားနဲ႔ ရွက္ဖီးယူႏိုက္တက္မွာ အငွားသြားကစားေနတဲ့ ဂိုးသမားဒင္းဟန္ဒါဆန္တို႔ပါ။ အဲဲဒီထဲမွာ ရက္ရွ္ဖို႔ဒ္နဲ႔မက္ဂြိဳင္းယားတုိ႔ဟာ အဂၤလန္အသင္းရဲ႕ပြဲ ၁၀၀၀ ျပည့္ျဖစ္တဲ့ မြန္တီနီဂရိုးနဲ႔ေျခစစ္ပြဲမွာ ပါ၀င္လာႏိုင္ပါတယ္။ ဒါ့အျပင္ မန္ယူဟာ အဂၤလန္ယူ-၂၁၊ယူ-၂၀ နဲ႔ ယူ-၁၉ အသင္းေတြအတြက္ ကစားသမားတစ္ေယာက္စီေစလႊတ္ေပးထားရၿပီး အဲဒီထဲမွာ ဂရင္း၀ုဒ္ကေတာ့ အဂၤလန္ယူ-၂၁ အသင္းရဲ႕ေျခစစ္ပြဲေတြမွာ ပါ၀င္မွာပါ။ လိဂ္-၁ ကလပ္ဘာတန္မွာ အငွားထြက္ကစားေနတ့ဲ ဂိုးသမားအုိဟားရားဟာလည္း အိုင္ယာလန္အသင္းမွာ ေရြးခ်ယ္ခံထားရပါတယ္။
ဂိုးသမားဒီဂီယာကေတာ့ ထုံးစံအတိုင္း စပိန္အသင္းမွာ ပါ၀င္မွာပါ။ ဗဟုိေနာက္ခံလူလင္ဒီေလာ့ဖ္ဟာလည္း ဆီြဒင္ရဲ႕အဆုံးအျဖတ္ယူရိုေျခစစ္ပြဲေတြမွာ ဦးေဆာင္ကစားပါလိမ့္မယ္။ သူဟာ ဆြီဒင္အေကာင္းဆုံးကစားသမားဆုကို ပူပူေႏြးေႏြးရထားတာပါ။ သူ႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ရာသီမွာပဲ အထူးေျခစြမ္းျပေနတဲ့ေတာင္ပံကစားသမားဒန္နီရယ္ဂ်ိမ္းစ္ကေတာ့ ေ၀းလ္ရဲ႕လာမယ့္ယူရိုေျခစစ္ပြဲေတြမွာ ပါ၀င္ကစားရမွာပါ။ ေနာက္ခံလူရိုဂ်ိဳကေတာ့ အာဂ်င္တီးနားအတြက္ ေရြးခ်ယ္ခံရေပမယ့္ ဒဏ္ရာေၾကာင့္ လူစာရင္းကေန ႏုတ္ထြက္ခဲ့ရပါတယ္။ ကြင္းလယ္လူတြမ္မီေနးဟာလည္း ဘရိုက္တန္နဲ႔ပြဲက ဒဏ္ရာေၾကာင့္ စေကာ့တလန္အတြက္ ကစားေပးႏိုင္ျခင္း မရွိပါဘူး။