နိုင်ငံဘောလုံးမှာ ဟက်ထရစ်နဲ့ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လူဇင်ဘတ်နဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းက ၅ ဂိုးပြတ်နဲ့အနိုင်ရခဲ့သလို အသင်းခေါင်းဆောင်စီရော်နယ်ဒိုဟာလည်း ဟက်ထရစ်သွင်းပြီး နောက်ထပ်ကမ္ဘာ့စံချိန်တစ်ခု ရရှိခဲ့ပါတယ်။

အဲဒီပွဲမှာ ကွင်းလယ်လူတွေဖြစ်ကြတဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ဂျာအိုပယ်ဟင်ဟာတို့လည်း ဂိုးသွင်းနိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ အိမ်ကွင်းမှာ ၃ ဂိုးသွင်းပြီး ပွဲရဲ့သူရဲကောင်းဖြစ်ခဲ့တာက မန်ယူကြယ်ပွင့်စီရော်နယ်ဒိုပါ။

အဲဒီပွဲက ဟက်ထရစ်ဟာ ပေါ်တူဂီအတွက် စီရော်နယ်ဒိုရဲ့၁၀ ကြိမ်မြောက်ဟက်ထရစ်လည်း ဖြစ်ပါတယ်။

နိုင်ငံဘောလုံးသမိုင်းမှာ ဘယ်ကစားသမားကမှ သူ့လောက် ဟက်ထရစ်အကြိမ်ရေ မသွင်းနိုင်ခဲ့ပါဘူး။

စီရော်နယ်ဒိုဟာ အဲဒီပွဲမှာ ၄ ဂိုးတောင် ရလုနီးပါးဖြစ်ခဲ့သေးပြီး ရင်သပ်ရှုမောဖွယ်ရာ သူ့ရဲ့နောက်ပြန်ကန်ချက်ဟာ ပြိုင်ဘက်ဂိုးသမားရဲ့လက်စွမ်းပြကာကွယ်ခြင်း ခံလိုက်ရပါတယ်။

ဒီ့မတိုင်ခင် ကမ္ဘာ့ဖလားအိမ်ရှင်ကာတာနဲ့ခြေစမ်းပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့သေးတာကြောင့် အခုဆိုရင် အဲဒီဝါရင့်တိုက်စစ်မှုးဟာ ပေါ်တူဂီအတွက် ၁၁၅ ဂိုးရှိသွားခဲ့ပါပြီ။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လကပဲ အီရန်ဂန္ထဝင်အလီဒါယီရဲ့နိုင်ငံတကာသွင်းဂိုး ၁၀၉ ဂိုးစံချိန်ကို ချိုးနိုင်ခဲ့တာပါ။

သူဟာ ကာတာနဲ့ပွဲတုန်းကလည်း ပေါ်တူဂီအတွက် ၁၈၁ ပွဲမြောက်ကစားနိုင်ခဲ့လို့ ရီးရဲလ်အသင်းဖော်ဟောင်းရာမို့စ်ကိုကျော်ဖြတ်ပြီး နိုင်ငံတကာပွဲအများဆုံး ဥရောပကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာပွဲအများဆုံးစံချိန်ကို ချိုးနိုင်ဖို့အတွက်တော့ နောက်ထပ်ပွဲတွေလိုအပ်နေသေးပြီး လက်ရှိစံချိန်ရှင်က မလေးရှားက ဆော့ချင်အန်းဖြစ်ကာ ၁၉၅ ပွဲကစားထားတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ႏိုင္ငံေဘာလုံးမွာ ဟက္ထရစ္နဲ႔ကမာၻ႔စံခ်ိန္သစ္တင္ႏိုင္ခဲ့တဲ့ စီေရာ္နယ္ဒို

လူဇင္ဘတ္နဲ႔ကမာၻ႔ဖလားေျခစစ္ပြဲမွာ ေပၚတူဂီအသင္းက ၅ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့သလို အသင္းေခါင္းေဆာင္စီေရာ္နယ္ဒိုဟာလည္း ဟက္ထရစ္သြင္းၿပီး ေနာက္ထပ္ကမာၻ႔စံခ်ိန္တစ္ခု ရရွိခဲ့ပါတယ္။

အဲဒီပြဲမွာ ကြင္းလယ္လူေတြျဖစ္ၾကတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ဂ်ာအိုပယ္ဟင္ဟာတို႔လည္း ဂိုးသြင္းႏိုင္ခဲ့ၾကပါတယ္။ ဒါေပမဲ့ အိမ္ကြင္းမွာ ၃ ဂိုးသြင္းၿပီး ပြဲရဲ႕သူရဲေကာင္းျဖစ္ခဲ့တာက မန္ယူၾကယ္ပြင့္စီေရာ္နယ္ဒိုပါ။

အဲဒီပြဲက ဟက္ထရစ္ဟာ ေပၚတူဂီအတြက္ စီေရာ္နယ္ဒိုရဲ႕၁၀ ႀကိမ္ေျမာက္ဟက္ထရစ္လည္း ျဖစ္ပါတယ္။ ႏိုင္ငံေဘာလုံးသမိုင္းမွာ ဘယ္ကစားသမားကမွ သူ႔ေလာက္ ဟက္ထရစ္အႀကိမ္ေရ မသြင္းႏိုင္ခဲ့ပါဘူး။

စီေရာ္နယ္ဒိုဟာ အဲဒီပြဲမွာ ၄ ဂိုးေတာင္ ရလုနီးပါးျဖစ္ခဲ့ေသးၿပီး ရင္သပ္ရႈေမာဖြယ္ရာ သူ႔ရဲ႕ေနာက္ျပန္ကန္ခ်က္ဟာ ၿပိဳင္ဘက္ဂိုးသမားရဲ႕လက္စြမ္းျပကာကြယ္ျခင္း ခံလိုက္ရပါတယ္။

ဒီ့မတိုင္ခင္ ကမာၻ႔ဖလားအိမ္ရွင္ကာတာနဲ႔ေျခစမ္းပြဲမွာလည္း ဂိုးသြင္းႏိုင္ခဲ့ေသးတာေၾကာင့္ အခုဆိုရင္ အဲဒီဝါရင့္တိုက္စစ္မႈးဟာ ေပၚတူဂီအတြက္ ၁၁၅ ဂိုးရွိသြားခဲ့ပါၿပီ။

စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့လကပဲ အီရန္ဂႏၴဝင္အလီဒါယီရဲ႕ႏိုင္ငံတကာသြင္းဂိုး ၁၀၉ ဂိုးစံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့တာပါ။

သူဟာ ကာတာနဲ႔ပြဲတုန္းကလည္း ေပၚတူဂီအတြက္ ၁၈၁ ပြဲေျမာက္ကစားႏိုင္ခဲ့လို႔ ရီးရဲလ္အသင္းေဖာ္ေဟာင္းရာမို႔စ္ကိုေက်ာ္ျဖတ္ၿပီး ႏိုင္ငံတကာပြဲအမ်ားဆုံး ဥေရာပကစားသမားျဖစ္လာခဲ့ပါတယ္။

ဒါေပမဲ့ ႏိုင္ငံတကာပြဲအမ်ားဆုံးစံခ်ိန္ကို ခ်ိဳးႏိုင္ဖို႔အတြက္ေတာ့ ေနာက္ထပ္ပြဲေတြလိုအပ္ေနေသးၿပီး လက္ရွိစံခ်ိန္ရွင္က မေလးရွားက ေဆာ့ခ်င္အန္းျဖစ္ကာ ၁၉၅ ပြဲကစားထားတာပါ။