နိုင်ငံနဲ့ ကလပ် ပွဲစဉ်တွေကို လွဲချော်တော့မယ့် ကန်တီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ အန်ဂိုလိုကန်တီဟာ တစ်နေ့က ယူကရိန်းလက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ဥရောပဇုန် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်းမှာ အသေးစား တံကောက်ကြောဒဏ်ရာတစ်ခု ရရှိခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ကန်တီဟာ ယူကရိန်းနှင့် ပြင်သစ် ၁ ဂိုးစီ သရေကျတဲ့ပွဲတွင် မိနစ် ၉၀ အပြည့် ပါဝင်ကစားခဲ့ပါတယ်။

အခုတော့ ဒဏ်ရာပြဿနာကြောင့် ပြင်သစ်အသင်းရဲ့ နောက်ထပ်ခြေစစ်ပွဲစဉ်(၂)ပွဲကို လွဲချော်ရတော့မယ့်အပြင် ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်တချို့ကိုပါ လွဲချော်ရဖွယ် ရှိနေပါတယ်။ ကန်တီရဲ့ ဒဏ်ရာကို ချယ်လ်ဆီးအသင်း ဆေးအဖွဲ့က စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကန်တီဟာ လာမယ့် (၂၈)ရက်နေ့ ကာဇတ်စတန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ခြေစစ်ပွဲကိုရော ဘော့စနီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ခြေစစ်ပွဲကိုပါ ဆက်တိုက်လွဲချော်ရမှာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကန်တီမပါဝင်နိုင်တာက ပြဿနာ မဖြစ်လာနိုင်ပေမယ့် ပွဲကျပ်တွေ ဆက်တိုက်ကစားရဖို့ ရှိနေတဲ့ ချယ်လ်ဆီးအသင်းအတွက်ကတော့ ကန်တီရဲ့ဒဏ်ရာက အကျပ်အတည်း နည်းနည်းပါးပါးတော့ ဖြစ်လာနိုင်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လာမယ့် ဧပြီ(၃)ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဘရွန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲပြီးတာနဲ့ ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ကို ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။ ကန်တီဟာ ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲ ပါဝင်ကစားထားပြီး၊ အသင်းနည်းပြတူချယ်က ကန်တီဟာ ကမ္ဘာ့အဆင့်ကွင်းလယ်လူ ဖြစ်တယ်ဆိုပြီး ချီးကျူးပြောဆိုထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ႏိုင္ငံနဲ႔ ကလပ္ ပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မယ့္ ကန္တီ

ျပင္သစ္အသင္းရဲ႕ ကြင္းလယ္ကစားသမားတစ္ေယာက္ျဖစ္တဲ့ အန္ဂိုလိုကန္တီဟာ တစ္ေန႔က ယူကရိန္းလက္ေ႐ြးစင္အသင္းနဲ႔ ယွဥ္ၿပိဳင္ခဲ့ရတဲ့ ဥေရာပဇုန္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္အတြင္းမွာ အေသးစား တံေကာက္ေၾကာဒဏ္ရာတစ္ခု ရရွိခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ကန္တီဟာ ယူကရိန္းႏွင့္ ျပင္သစ္ ၁ ဂိုးစီ သေရက်တဲ့ပြဲတြင္ မိနစ္ ၉၀ အျပည့္ ပါဝင္ကစားခဲ့ပါတယ္။ အခုေတာ့ ဒဏ္ရာျပႆနာေၾကာင့္

ျပင္သစ္အသင္းရဲ႕ ေနာက္ထပ္ေျခစစ္ပြဲစဥ္(၂)ပြဲကို လြဲေခ်ာ္ရေတာ့မယ့္အျပင္ ခ်ယ္လ္ဆီးအသင္းရဲ႕ ပြဲစဥ္တခ်ိဳ႕ကိုပါ လြဲေခ်ာ္ရဖြယ္ ရွိေနပါတယ္။

ကန္တီရဲ႕ ဒဏ္ရာကို ခ်ယ္လ္ဆီးအသင္း ေဆးအဖြဲ႕က စစ္ေဆးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကန္တီဟာ လာမယ့္ (၂၈)ရက္ေန႔ ကာဇတ္စတန္အသင္းနဲ႔ ယွဥ္ၿပိဳင္ရမယ့္ ေျခစစ္ပြဲကိုေရာ ေဘာ့စနီးယားအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ေျခစစ္ပြဲကိုပါ ဆက္တိုက္လြဲေခ်ာ္ရမွာျဖစ္ပါတယ္။ ျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္ ကန္တီမပါဝင္ႏိုင္တာက ျပႆနာ မျဖစ္လာႏိုင္ေပမယ့္ ပြဲက်ပ္ေတြ ဆက္တိုက္ကစားရဖို႔ ရွိေနတဲ့ ခ်ယ္လ္ဆီးအသင္းအတြက္ကေတာ့ ကန္တီရဲ႕ဒဏ္ရာက အက်ပ္အတည္း နည္းနည္းပါးပါးေတာ့ ျဖစ္လာႏိုင္ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ လာမယ့္ ဧၿပီ(၃)ရက္ေန႔မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ဝက္စ္ဘ႐ြန္းအသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အဲဒီပြဲၿပီးတာနဲ႔ ေပၚတိုအသင္းနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ပြဲစဥ္ကို ဆက္တိုက္ကစားရမွာျဖစ္ပါတယ္။

ကန္တီဟာ ယခုႏွစ္ေဘာလုံးရာသီတြင္ ခ်ယ္လ္ဆီးအသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၆ ပြဲ ပါဝင္ကစားထားၿပီး၊ အသင္းနည္းျပတူခ်ယ္က ကန္တီဟာ ကမာၻ႔အဆင့္ကြင္းလယ္လူ ျဖစ္တယ္ဆိုၿပီး ခ်ီးက်ဴးေျပာဆိုထားပါတယ္။