နိုင်ငံတကာအဆင့်မှာ မက်ဆီ အမီလိုက်ဖို့ခက်ခဲနေတဲ့ စီရော်နယ်လ်ဒိုရဲ့စံချိန်မှတ်တမ်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မက်ဆီနဲ့စီရော်နယ်လ်ဒိုဆိုတာက အသက်(၃၄)နှစ်၊ အသက်(၃၆)နှစ်အရွယ်တွေရှိနေပြီဖြစ်တာတောင် အောင်မြင်မှုတွေကို ဆာလောင်နေဆဲ၊ တစ်ယောက်နဲ့တစ်ယောက် စံချိန်မှတ်တမ်းတွေ အပြိုင်ဆိုင်ရယူနေကြဆဲဖြစ်ပါတယ်။

ကလပ်အသင်းအဆင့်မှာ သက်ဆိုင်ရာကလပ်တွေနဲ့အတူ ဒီကစားသမားနှစ်ဦး မရဖူးသေးတဲ့ဆုဖလားဆိုတာ မရှိတော့ဘဲ တစ်ဦးချင်းဆုတံဆိပ်အောင်မြင်မှုတွေမှာလည်း မက်ဆီနဲ့စီရော်နယ်လ်ဒိုတို့ပဲ အများဆုံးအဖြစ်ရပ်တည်နေတာပါ။

အရင်ကတော့ စီရော်နယ်လ်ဒိုဟာ နိုင်ငံအသင်းနဲ့အတူ ယူရိုဖလား၊ UEFA Nations League ဖလားတွေရယူခဲ့ပြီး မက်ဆီက အာဂျင်တီးနားအသင်းအတွက် အဓိကဆုဖလားမရခဲ့လို့ စီရော်နယ်လ်ဒိုပရိသတ်တွေ နှိမ့်ချပြောစရာဖြစ်ခဲ့ပမေယ့်

အခုအချိန်မှာ မက်ဆီဟာ ကိုပါအမေရိကဖလားရယူနိုင်ခဲ့ပြီဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် Level ညီသွားပြီလို့ပြောရမှာဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာအဆင့်မှာ မက်ဆီအမီလိုက်နိုင်ဖို့မရှိတော့တဲ့ စီရော်နယ်လ်ဒိုရဲ့စံချိန်တွေအများကြီးရှိနေဆဲပါပဲ။

ပထမဆုံးစံချိန်ကတော့ နိုင်ငံတကာအဆင့်မှာ စီရော်နယ်လ်ဒိုသွင်းယူခဲ့တဲ့ ဟက်ထရစ်အကြိမ်အရေအတွက်ဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ဘောလုံးသမားဘဝတစ်လျှောက် ဟက်ထရစ်အကြိမ်ပေါင်း(၅၆)ကြိမ်အထိသွင်းယူခဲ့ပြီး အဲဒီထဲက (၉)ကြိမ်က ပေါ်တူဂီအသင်းအတွက် သွင်းယူခဲ့တာဖြစ်သလို နိုင်ငံတကာဘောလုံးသမိုင်းတစ်လျှောက် ဟက်ထရစ်အကြိမ်အများဆုံးသွင်းယူခဲ့သူအဖြစ် ရပ်တည်နေတာပါ။

မက်ဆီကတော့ နိုင်ငံအသင်းအတွက် ဟက်ထရစ်(၆)ကြိမ်သာသွင်းယူထားလို့ စီရော်နယ်လ်ဒိုရဲ့အရေအတွက်ကို အမီလိုက်ဖို့မျှော်လင့်နိုင်သေးပေမယ့် စီရော်နယ်လ်ဒိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ လက်ရွေးစင်အသင်းအတွက် ကစားမယ့်အနေအထားရှိနေတာကြောင့် သိပ်တော့မလွယ်ကူနိုင်ပါဘူး။

နောက်ထပ်စံချိန်တစ်ခုကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကြိမ်အများဆုံးဂိုးသွင်းခဲ့တဲ့စံချိန်ပါပဲ။ စီရော်နယ်လ်ဒိုဟာ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဂိုးသွင်းခဲ့ပြီး

ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ပီလီ၊ ကလိုဆေး၊ အူဝီဆီလာတို့နဲ့အတူ ကမ္ဘာ့ဖလားအကြိမ်အများဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်နေတာဖြစ်ပါတယ်။

မက်ဆီကတော့ ၂၀၀၆၊ ၂၀၁၄၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

၂၀၂၂ ကမ္ဘာ့ဖလားက ဒီကစားသမားနှစ်ဦးအတွက် လက်ရွေးစင်ကစားသမားဘဝနောက်ဆုံးပြိုင်ဖြစ်လာနိုင်တာကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ(၅)ကြိမ်ဆက် ဂိုးသွင်းသူအဖြစ် စံချိန်တင်နိုင်အောင်ကြိုးစားဦးမှာပဲဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုတင်ရှိထားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်အကြီးဆုံးဟက်ထရစ်သွင်းတဲ့သူစံချိန်ကိုလည်း မက်ဆီ အမီလိုက်ဖို့ ခက်ခဲနေပါပြီ။

စီရော်နယ်လ်ဒိုဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက စပိန်အသင်းနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီး အဲဒီအချိန်မှာ သူ့အသက်က(၃၃)နှစ်၊ (၁၃၀)ရက်ရှိပြီဖြစ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံးဟက်ထရစ်သွင်းယူတဲ့သူအဖြစ် စံချိန်တင်ထားတာပါ။

မက်ဆီအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ စံချိန်တင်နိုင်ဖို့မျှော်လင့်ချက်ရှိနေပေမယ့် ၂၀၁၈ ခုနှစ်မှာ ဟေတီနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲနောက်ပိုင်း နိုင်ငံအသင်းအတွက် ဟက်ထရစ်မသွင်းနိုင်တာ (၃)နှစ်နီးပါးကြာနေလို့ စီရော်နယ်လ်ဒိုရဲ့စံချိန်ကို ချိုးဖျက်ဖို့က သိပ်မလွယ်ကူနိုင်ပါဘူး။

မက်ဆီ ဘယ်လိုမှ အမီလိုက်နိုင်ဖို့မရှိတော့တဲ့ စံချိန်ကတော့ နိုင်ငံတကာပြိုင်ပွဲ(၁၁)ကြိမ်ဆက် ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ယူရို-၂၀၀၄၊ ၂၀၀၆ ကမ္ဘာ့ဖလား၊ ယူရို-၂၀၀၈၊ ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို-၂၀၁၂၊ ၂၀၁၄ ကမ္ဘာ့ဖလား၊ ယူရို-၂၀၁၆၊ ၂၀၁၇ ကွန်ဖက်ဒရေးရှင်းဖလား၊ ၂၀၁၈ ကမ္ဘာ့ဖလား၊ ယူရို-၂၀၂၀ ပြိုင်ပွဲတွေမှာ ပြိုင်ပွဲတိုင်းဂိုးသွင်းယူပြီးတော့ အဲဒီစံချိန်တင်ခဲ့တာပါ။

နောက်ထပ် မက်ဆီ ဘယ်တော့မှ အမီလိုက်နိုင်မှာမဟုတ်တော့တဲ့ စံချိန်က ဘောလုံးပြိုင်ပွဲသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ပါပဲ။

စီရော်နယ်လ်ဒိုဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ (၅)ဂိုးအထိသွင်းယူခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက် (၁၀၉)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီဖြစ်လို့ အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီနဲ့အတူ ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံးအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ ဒီစံချိန်ကို မကြာခင်ချိုးဖျက်နိုင်ဖို့ရှိနေပြီး မက်ဆီက အခုလောလောဆယ် (၇၆)ဂိုးသာရှိသေးလို့ စီရော်နယ်လ်ဒိုနဲ့ (၃၃)ဂိုးအထိကွာဟနေပြီဖြစ်တာကြောင့် ဘယ်လိုမှအမီလိုက်နိုင်ဖို့မဖြစ်နိုင်တော့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ႏိုင္ငံတကာအဆင့္မွာ မက္ဆီ အမီလိုက္ဖို႔ခက္ခဲေနတဲ့ စီေရာ္နယ္လ္ဒိုရဲ႕စံခ်ိန္မွတ္တမ္းမ်ား

မက္ဆီနဲ႔စီေရာ္နယ္လ္ဒိုဆိုတာက အသက္(၃၄)ႏွစ္၊ အသက္(၃၆)ႏွစ္အ႐ြယ္ေတြရွိေနၿပီျဖစ္တာေတာင္ ေအာင္ျမင္မႈေတြကို ဆာေလာင္ေနဆဲ၊ တစ္ေယာက္နဲ႔တစ္ေယာက္ စံခ်ိန္မွတ္တမ္းေတြ အၿပိဳင္ဆိုင္ရယူေနၾကဆဲျဖစ္ပါတယ္။ ကလပ္အသင္းအဆင့္မွာ သက္ဆိုင္ရာကလပ္ေတြနဲ႔အတူ ဒီကစားသမားႏွစ္ဦး မရဖူးေသးတဲ့ဆုဖလားဆိုတာ မရွိေတာ့ဘဲ တစ္ဦးခ်င္းဆုတံဆိပ္ေအာင္ျမင္မႈေတြမွာလည္း မက္ဆီနဲ႔စီေရာ္နယ္လ္ဒိုတို႔ပဲ အမ်ားဆုံးအျဖစ္ရပ္တည္ေနတာပါ။

အရင္ကေတာ့ စီေရာ္နယ္လ္ဒိုဟာ ႏိုင္ငံအသင္းနဲ႔အတူ ယူ႐ိုဖလား၊ UEFA Nations League ဖလားေတြရယူခဲ့ၿပီး မက္ဆီက အာဂ်င္တီးနားအသင္းအတြက္ အဓိကဆုဖလားမရခဲ့လို႔ စီေရာ္နယ္လ္ဒိုပရိသတ္ေတြ ႏွိမ့္ခ်ေျပာစရာျဖစ္ခဲ့ပေမယ့္ အခုအခ်ိန္မွာ မက္ဆီဟာ ကိုပါအေမရိကဖလားရယူႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ Level ညီသြားၿပီလို႔ေျပာရမွာျဖစ္ပါတယ္။ ဒါေပမဲ့ ႏိုင္ငံတကာအဆင့္မွာ မက္ဆီအမီလိုက္ႏိုင္ဖို႔မရွိေတာ့တဲ့ စီေရာ္နယ္လ္ဒိုရဲ႕စံခ်ိန္ေတြအမ်ားႀကီးရွိေနဆဲပါပဲ။ ပထမဆုံးစံခ်ိန္ကေတာ့ ႏိုင္ငံတကာအဆင့္မွာ စီေရာ္နယ္လ္ဒိုသြင္းယူခဲ့တဲ့ ဟက္ထရစ္အႀကိမ္အေရအတြက္ျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ေဘာလုံးသမားဘဝတစ္ေလွ်ာက္ ဟက္ထရစ္အႀကိမ္ေပါင္း(၅၆)ႀကိမ္အထိသြင္းယူခဲ့ၿပီး အဲဒီထဲက (၉)ႀကိမ္က ေပၚတူဂီအသင္းအတြက္ သြင္းယူခဲ့တာျဖစ္သလို ႏိုင္ငံတကာေဘာလုံးသမိုင္းတစ္ေလွ်ာက္ ဟက္ထရစ္အႀကိမ္အမ်ားဆုံးသြင္းယူခဲ့သူအျဖစ္ ရပ္တည္ေနတာပါ။ မက္ဆီကေတာ့ ႏိုင္ငံအသင္းအတြက္ ဟက္ထရစ္(၆)ႀကိမ္သာသြင္းယူထားလို႔ စီေရာ္နယ္လ္ဒိုရဲ႕အေရအတြက္ကို အမီလိုက္ဖို႔ေမွ်ာ္လင့္ႏိုင္ေသးေပမယ့္ စီေရာ္နယ္လ္ဒိုဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအထိ လက္ေ႐ြးစင္အသင္းအတြက္ ကစားမယ့္အေနအထားရွိေနတာေၾကာင့္ သိပ္ေတာ့မလြယ္ကူႏိုင္ပါဘူး။

ေနာက္ထပ္စံခ်ိန္တစ္ခုကေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အႀကိမ္အမ်ားဆုံးဂိုးသြင္းခဲ့တဲ့စံခ်ိန္ပါပဲ။ စီေရာ္နယ္လ္ဒိုဟာ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ဂိုးသြင္းခဲ့ၿပီး ဂႏၴဝင္ကစားသမားေတြျဖစ္တဲ့ ပီလီ၊ ကလိုေဆး၊ အူဝီဆီလာတို႔နဲ႔အတူ ကမာၻ႔ဖလားအႀကိမ္အမ်ားဆုံးဂိုးသြင္းသူအျဖစ္ မွတ္တမ္းဝင္ေနတာျဖစ္ပါတယ္။ မက္ဆီကေတာ့ ၂၀၀၆၊ ၂၀၁၄၊ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ၂၀၁၀ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။

၂၀၂၂ ကမာၻ႔ဖလားက ဒီကစားသမားႏွစ္ဦးအတြက္ လက္ေ႐ြးစင္ကစားသမားဘဝေနာက္ဆုံးၿပိဳင္ျဖစ္လာႏိုင္တာေၾကာင့္ စီေရာ္နယ္လ္ဒိုအေနနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲ(၅)ႀကိမ္ဆက္ ဂိုးသြင္းသူအျဖစ္ စံခ်ိန္တင္ႏိုင္ေအာင္ႀကိဳးစားဦးမွာပဲျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုတင္ရွိထားတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အသက္အႀကီးဆုံးဟက္ထရစ္သြင္းတဲ့သူစံခ်ိန္ကိုလည္း မက္ဆီ အမီလိုက္ဖို႔ ခက္ခဲေနပါၿပီ။ စီေရာ္နယ္လ္ဒိုဟာ ၂၀၁၈ ကမာၻ႔ဖလားတုန္းက စပိန္အသင္းနဲ႔ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့ၿပီး အဲဒီအခ်ိန္မွာ သူ႔အသက္က(၃၃)ႏွစ္၊ (၁၃၀)ရက္ရွိၿပီျဖစ္လို႔ ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အသက္အႀကီးဆုံးဟက္ထရစ္သြင္းယူတဲ့သူအျဖစ္ စံခ်ိန္တင္ထားတာပါ။

မက္ဆီအေနနဲ႔ ၂၀၂၂ ကမာၻ႔ဖလားမွာ စံခ်ိန္တင္ႏိုင္ဖို႔ေမွ်ာ္လင့္ခ်က္ရွိေနေပမယ့္ ၂၀၁၈ ခုႏွစ္မွာ ေဟတီနဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲေနာက္ပိုင္း ႏိုင္ငံအသင္းအတြက္ ဟက္ထရစ္မသြင္းႏိုင္တာ (၃)ႏွစ္နီးပါးၾကာေနလို႔ စီေရာ္နယ္လ္ဒိုရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔က သိပ္မလြယ္ကူႏိုင္ပါဘူး။ မက္ဆီ ဘယ္လိုမွ အမီလိုက္ႏိုင္ဖို႔မရွိေတာ့တဲ့ စံခ်ိန္ကေတာ့ ႏိုင္ငံတကာၿပိဳင္ပြဲ(၁၁)ႀကိမ္ဆက္ ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ယူ႐ို-၂၀၀၄၊ ၂၀၀၆ ကမာၻ႔ဖလား၊ ယူ႐ို-၂၀၀၈၊ ၂၀၁၀ ကမာၻ႔ဖလား၊ ယူ႐ို-၂၀၁၂၊ ၂၀၁၄ ကမာၻ႔ဖလား၊ ယူ႐ို-၂၀၁၆၊ ၂၀၁၇ ကြန္ဖက္ဒေရးရွင္းဖလား၊ ၂၀၁၈ ကမာၻ႔ဖလား၊ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲေတြမွာ ၿပိဳင္ပြဲတိုင္းဂိုးသြင္းယူၿပီးေတာ့ အဲဒီစံခ်ိန္တင္ခဲ့တာပါ။

ေနာက္ထပ္ မက္ဆီ ဘယ္ေတာ့မွ အမီလိုက္ႏိုင္မွာမဟုတ္ေတာ့တဲ့ စံခ်ိန္က ေဘာလုံးၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးစံခ်ိန္ပါပဲ။ စီေရာ္နယ္လ္ဒိုဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ (၅)ဂိုးအထိသြင္းယူခဲ့ၿပီး ေဘာလုံးသမိုင္းတစ္ေလွ်ာက္ (၁၀၉)ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီျဖစ္လို႔ အီရန္ဂႏၴဝင္တိုက္စစ္မႉးအလီဒါယီနဲ႔အတူ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးအျဖစ္ ပူးတြဲရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုအေနနဲ႔ ဒီစံခ်ိန္ကို မၾကာခင္ခ်ိဳးဖ်က္ႏိုင္ဖို႔ရွိေနၿပီး မက္ဆီက အခုေလာေလာဆယ္ (၇၆)ဂိုးသာရွိေသးလို႔ စီေရာ္နယ္လ္ဒိုနဲ႔ (၃၃)ဂိုးအထိကြာဟေနၿပီျဖစ္တာေၾကာင့္ ဘယ္လိုမွအမီလိုက္ႏိုင္ဖို႔မျဖစ္ႏိုင္ေတာ့ပါဘူး။