နိုင်ငံတကာဘောလုံးပြိုင်ပွဲသမိုင်းတစ်လျှောက် ရှုံးပွဲမရှိပွဲဆက်အများဆုံးစံချိန်သစ်ပိုင်ဆိုင်နိုင်ဖို့ ပိုနီးစပ်လာတဲ့အီတလီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကြာသပတေးနေ့တုန်းက ဘူလ်ဂေးရီးယားနဲ့ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ယူရိုချန်ပီယံအီတလီအသင်းဟာ နိုင်ပွဲမရခဲ့ပေမယ့် (၁-၁)ဂိုးစီသရေကျခဲ့တာကြောင့် နိုင်ငံတကာဘောလုံးပြိုင်ပွဲသမိုင်းတစ်လျှောက် ရှုံးပွဲမရှိပွဲဆက်အများဆုံးစံချိန်သစ်တင်နိုင်ဖို့ ပိုမိုနီးစပ်လာခဲ့ပါပြီ။

အီတလီအသင်းဟာ ၂၀၁၈၊ သြဂုတ်လတုန်းက UEFA Nations League ပွဲစဉ်အဖြစ် ပေါ်တူဂီအသင်းကို (၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံမှာ ရှုံးပွဲလုံးဝမရှိတော့ဘဲ ပြီးခဲ့တဲ့ယူရို-၂၀၂၀ ပြိုင်ပွဲတုန်းကလည်း ရှုံးပွဲမရှိမှတ်တမ်းနဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အခုဆိုရင် မန်စီနီရဲ့အီတလီအသင်းဟာ ပြိုင်ပွဲစုံမှာ (၃၅)ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ နာမည်ကျော်အသင်းတွေဖြစ်တဲ့ ဘရာဇီးလ်၊ စပိန်အသင်းတို့နဲ့အတူ သမိုင်းတစ်လျှောက် ရှုံးပွဲမရှိပွဲဆက်အများဆုံးအသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ၁၉၉၃ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ (၃၅)ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ၊ Tiki Taka ကစားဟန်နဲ့ ဘောလုံးလောကကို တစ်ခေတ်သိမ်းပိုက်ခဲ့တဲ့ စပိန်အသင်းကတော့ ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်းမှာ ဘရာဇီးလ်အသင်းရဲ့ရှုံးပွဲမရှိပွဲဆက်အများဆုံးစံချိန်ကို အမီလိုက်နိုင်ခဲ့တာပါ။

အခု အီတလီအသင်းက နိုင်ငံတကာဘောလုံးပြိုင်ပွဲသမိုင်းတစ်လျှောက် ရှုံးပွဲမရှိပွဲဆက်အများဆုံး တတိယမြောက်အသင်းဖြစ်လာပြီး ဘရာဇီးလ်နဲ့ စပိန်တို့ကို ကျော်ဖြတ်ပြီးတော့ စံချိန်သစ်တင်နိုင်ဖို့ မျှော်လင့်ချက်ရှိနေပါပြီ။

အီတလီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု(C)မှာပါဝင်နေပြီး (၄)ပွဲကစား၊ (၁၀)မှတ်နဲ့ ထိပ်ဆုံးနေရာရပ်တည်နေသလို လာမယ့်တနင်္ဂနွေနေ့ကျရင် သူတို့အောက်က ဆွစ်ဇာလန်နဲ့ အဝေးကွင်းပွဲစဉ်ကစားရမှာဖြစ်တာကြောင့် မရှုံးခဲ့ရင်တော့ (၃၆)ပွဲနဲ့စံချိန်သစ်တင်နိုင်မှာဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းဟာ ခြေစစ်ပွဲ(၂)ပွဲသာကစားရသေးပေမယ့် ပွဲတိုင်းအနိုင်ယူပြီး (၆)မှတ်ရထားတဲ့အပြင် အိမ်ကွင်းခြေမာတဲ့အသင်းဖြစ်လို့ အီတလီအသင်းခက်ခက်ခဲခဲကစားရဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်တဲ့အထိ ဆိုးဆိုးရွားရွားကျဆင်းသွားတဲ့ အီတလီအသင်းဟာ နည်းပြမန်စီနီရဲ့ဦးဆောင်မှုနဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာပြီး

၁၉၆၈ ခုနှစ်နောက်ပိုင်းဝေးကွာနေတဲ့ ယူရိုချန်ပီယံဆုဆွတ်ခူးခဲ့သလို ပြီးခဲ့တဲ့(၃၅)ပွဲမှာ (၂၉)ပွဲနိုင်၊ (၆)ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ႏိုင္ငံတကာေဘာလုံးၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ရႈံးပြဲမရွိပြဲဆက္အမ်ားဆုံးစံခ်ိန္သစ္ပိုင္ဆိုင္ႏိုင္ဖို႔ ပိုနီးစပ္လာတဲ့အီတလီ

ၾကာသပေတးေန႔တုန္းက ဘူလ္ေဂးရီးယားနဲ႔ကစားခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ယူ႐ိုခ်န္ပီယံအီတလီအသင္းဟာ ႏိုင္ပြဲမရခဲ့ေပမယ့္ (၁-၁)ဂိုးစီသေရက်ခဲ့တာေၾကာင့္ ႏိုင္ငံတကာေဘာလုံးၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ရႈံးပြဲမရွိပြဲဆက္အမ်ားဆုံးစံခ်ိန္သစ္တင္ႏိုင္ဖို႔ ပိုမိုနီးစပ္လာခဲ့ပါၿပီ။ အီတလီအသင္းဟာ ၂၀၁၈၊ ၾသဂုတ္လတုန္းက UEFA Nations League ပြဲစဥ္အျဖစ္ ေပၚတူဂီအသင္းကို (၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ၿပိဳင္ပြဲစုံမွာ ရႈံးပြဲလုံးဝမရွိေတာ့ဘဲ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲတုန္းကလည္း ရႈံးပြဲမရွိမွတ္တမ္းနဲ႔ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

အခုဆိုရင္ မန္စီနီရဲ႕အီတလီအသင္းဟာ ၿပိဳင္ပြဲစုံမွာ (၃၅)ပြဲဆက္တိုက္ရႈံးပြဲမရွိခဲ့ဘဲ နာမည္ေက်ာ္အသင္းေတြျဖစ္တဲ့ ဘရာဇီးလ္၊ စပိန္အသင္းတို႔နဲ႔အတူ သမိုင္းတစ္ေလွ်ာက္ ရႈံးပြဲမရွိပြဲဆက္အမ်ားဆုံးအသင္းတစ္သင္းအျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဘရာဇီးလ္အသင္းဟာ ၁၉၉၃ ခုႏွစ္ကေန ၁၉၉၆ ခုႏွစ္အထိ (၃၅)ပြဲဆက္ရႈံးပြဲမရွိခဲ့ဘဲ၊ Tiki Taka ကစားဟန္နဲ႔ ေဘာလုံးေလာကကို တစ္ေခတ္သိမ္းပိုက္ခဲ့တဲ့ စပိန္အသင္းကေတာ့ ၂၀၀၇ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အတြင္းမွာ ဘရာဇီးလ္အသင္းရဲ႕ရႈံးပြဲမရွိပြဲဆက္အမ်ားဆုံးစံခ်ိန္ကို အမီလိုက္ႏိုင္ခဲ့တာပါ။

အခု အီတလီအသင္းက ႏိုင္ငံတကာေဘာလုံးၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ရႈံးပြဲမရွိပြဲဆက္အမ်ားဆုံး တတိယေျမာက္အသင္းျဖစ္လာၿပီး ဘရာဇီးလ္နဲ႔ စပိန္တို႔ကို ေက်ာ္ျဖတ္ၿပီးေတာ့ စံခ်ိန္သစ္တင္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။ အီတလီအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ အုပ္စု(C)မွာပါဝင္ေနၿပီး (၄)ပြဲကစား၊ (၁၀)မွတ္နဲ႔ ထိပ္ဆုံးေနရာရပ္တည္ေနသလို လာမယ့္တနဂၤေႏြေန႔က်ရင္ သူတို႔ေအာက္က ဆြစ္ဇာလန္နဲ႔ အေဝးကြင္းပြဲစဥ္ကစားရမွာျဖစ္တာေၾကာင့္ မရႈံးခဲ့ရင္ေတာ့ (၃၆)ပြဲနဲ႔စံခ်ိန္သစ္တင္ႏိုင္မွာျဖစ္ပါတယ္။

ဆြစ္ဇာလန္အသင္းဟာ ေျခစစ္ပြဲ(၂)ပြဲသာကစားရေသးေပမယ့္ ပြဲတိုင္းအႏိုင္ယူၿပီး (၆)မွတ္ရထားတဲ့အျပင္ အိမ္ကြင္းေျခမာတဲ့အသင္းျဖစ္လို႔ အီတလီအသင္းခက္ခက္ခဲခဲကစားရဖို႔ရွိေနပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ၂၀၁၈ ကမာၻ႔ဖလားေျခစစ္ပြဲမေအာင္တဲ့အထိ ဆိုးဆိုး႐ြား႐ြားက်ဆင္းသြားတဲ့ အီတလီအသင္းဟာ နည္းျပမန္စီနီရဲ႕ဦးေဆာင္မႈနဲ႔အတူ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိလာၿပီး ၁၉၆၈ ခုႏွစ္ေနာက္ပိုင္းေဝးကြာေနတဲ့ ယူ႐ိုခ်န္ပီယံဆုဆြတ္ခူးခဲ့သလို ၿပီးခဲ့တဲ့(၃၅)ပြဲမွာ (၂၉)ပြဲႏိုင္၊ (၆)ပြဲသေရရလဒ္ထြက္ေပၚခဲ့ပါတယ္။