နိုင်ငံတကာပွဲတွေအပြီး ပြန်ကစားတဲ့ ဘွန်ဒစ်လီဂါပွဲမှာ မထင်မှတ်ဘဲရှုံးနိမ့်ခဲ့တဲ့ဘိုင်ယန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျာမနီထိပ်သီးဘိုင်ယန်မြူးနစ်အသင်းဟာ နိုင်ငံတကာပွဲတွေအပြီး ပြန်လည်စတင်ကစားတဲ့ ဘွန်ဒစ်လီဂါပွဲစဉ်(၁၂)အဖြစ် အော့စ်ဘတ်အသင်းနဲ့ Bavarian derby ပွဲမှာ (၂-၁)ဂိုးနဲ့မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ပါတယ်။

အော့စ်ဘတ်အသင်းဟာ ပွဲစဉ်(၁၁)ကစားပြီးချိန်မှာ (၉)ဂိုးသာသွင်းယူနိုင်ပြီး နိုင်ပွဲ(၃)ပွဲသာရယူခဲ့သလို (၁၂)မှတ်နဲ့အဆင့်(၁၆)နေရာမှာ

ရပ်တည်နေတာဖြစ်ပေမယ့် အိမ်ကွင်းမှာ ဘွန်ဒစ်လီဂါချန်ပီယံဘိုင်ယန်မြူးနစ်အသင်းကို ပထမပိုင်းကတည်းက ပက်ဒါဆင်၊ အန်ဒရေဟန်းတို့ရဲ့ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအတွက်ချေပဂိုးကို (၃၈)မိနစ်မှာ လီဝန်ဒေါစကီးကသွင်းယူခဲ့ပြီး လက်ကျန်မိနစ်(၅၀)ကျော်အတွင်း နောက်ထပ်ချေပဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဒီရာသီဘွန်ဒစ်လီဂါမှာ ဒုတိယမြောက်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပွဲစဉ်(၇)မှာတုန်းက အိမ်ကွင်းမှာဖရန့်ဖတ်အသင်းကို (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး အခု အော့စ်ဘတ်အသင်းကို ဆက်ရှုံးခဲ့တာကြောင့်

၂၀၀၇၊ မတ်လ/မေလနောက်ပိုင်း ပထမဆုံးအဖြစ် အမှတ်ပေးဇယားအောက်ခြေနားက အသင်းနှစ်သင်းကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အခုပွဲမှာ လီဝန်ဒေါစကီးရဲ့ဂိုးကို ဖန်တီးပေးခဲ့တဲ့ သောမတ်စ်မူလာဟာ ဘိုင်ယန်မြူးနစ်ကစားသမားဘဝပွဲ(၆၀၀)ပြည့်မြောက်ခဲ့သလို ၂၀၂၁ ခုနှစ်အတွင်း ဘွန်ဒစ်လီဂါမှာ ဂိုးဖန်တီးမှုအကြိမ်ပေါင်း(၂၀)အထိပြုလုပ်ခဲ့ပြီး

၂၀၀၇ ခုနှစ်ကစလို့ လက်ရှိအချိန်အထိ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအကြိမ်(၂၀)ပြုလုပ်ခဲ့တဲ့ အိုဇေးလ်(၂၀၁၅)၊ ဒီမာရီယာ(၂၀၁၁၊ ၂၀၁၄)တို့လိုပဲ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် လီဝန်ဒေါစကီးဟာလည်း အော့စ်ဘတ်အသင်းဘက်ကို ဘွန်ဒစ်လီဂါမှာ(၁၁)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး

ဂန္ထဝင်တိုက်စစ်မှူးကြီးဂတ်မူလာ(ရှော်လ်ကေး-၁၁ဂိုး)နောက်ပိုင်း ဘွန်ဒစ်လီဂါကလပ်အသင်းတစ်သင်းကို ဂိုးအများဆုံးသွင်းယူခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မူလာနဲ့လီဝန်ဒေါစကီးတို့ မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့ပေမယ့် အသင်းက ရှုံးပွဲတွေ့ခဲ့တာကြောင့် အခုဆိုရင် အဆင့်(၂)နေရာက

ဒေါ့မွန်အသင်းထက် တစ်ပွဲပို၊ (၄)မှတ်ကွာနေပေမယ့် ဒေ့ါမွန်အသင်းသာ နိုင်ပွဲရခဲ့ရင် (၁)မှတ်ပဲကွာဟတော့မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ႏိုင္ငံတကာပြဲေတြအၿပီး ျပန္ကစားတဲ့ ဘြန္ဒစ္လီဂါပြဲမွာ မထင္မွတ္ဘဲရႈံးနိမ့္ခဲ့တဲ့ဘိုင္ယန္

ဂ်ာမနီထိပ္သီးဘိုင္ယန္ျမဴးနစ္အသင္းဟာ ႏိုင္ငံတကာပြဲေတြအၿပီး ျပန္လည္စတင္ကစားတဲ့ ဘြန္ဒစ္လီဂါပြဲစဥ္(၁၂)အျဖစ္ ေအာ့စ္ဘတ္အသင္းနဲ႔ Bavarian derby ပြဲမွာ (၂-၁)ဂိုးနဲ႔မထင္မွတ္ဘဲ အေရးနိမ့္ခဲ့ပါတယ္။ ေအာ့စ္ဘတ္အသင္းဟာ ပြဲစဥ္(၁၁)ကစားၿပီးခ်ိန္မွာ (၉)ဂိုးသာသြင္းယူႏိုင္ၿပီး ႏိုင္ပြဲ(၃)ပြဲသာရယူခဲ့သလို (၁၂)မွတ္နဲ႔အဆင့္(၁၆)ေနရာမွာရပ္တည္ေနတာျဖစ္ေပမယ့္ အိမ္ကြင္းမွာ ဘြန္ဒစ္လီဂါခ်န္ပီယံဘိုင္ယန္ျမဴးနစ္အသင္းကို ပထမပိုင္းကတည္းက ပက္ဒါဆင္၊ အန္ဒေရဟန္းတို႔ရဲ႕ဂိုးေတြနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ေခ်ပဂိုးကို (၃၈)မိနစ္မွာ လီဝန္ေဒါစကီးကသြင္းယူခဲ့ၿပီး လက္က်န္မိနစ္(၅၀)ေက်ာ္အတြင္း ေနာက္ထပ္ေခ်ပဂိုးမသြင္းႏိုင္ခဲ့တာေၾကာင့္ ဒီရာသီဘြန္ဒစ္လီဂါမွာ ဒုတိယေျမာက္ရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရတာပါ။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ပြဲစဥ္(၇)မွာတုန္းက အိမ္ကြင္းမွာဖရန႔္ဖတ္အသင္းကို (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး အခု ေအာ့စ္ဘတ္အသင္းကို ဆက္ရႈံးခဲ့တာေၾကာင့္ ၂၀၀၇၊ မတ္လ/ေမလေနာက္ပိုင္း ပထမဆုံးအျဖစ္ အမွတ္ေပးဇယားေအာက္ေျခနားက အသင္းႏွစ္သင္းကို ဆက္တိုက္ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

အခုပြဲမွာ လီဝန္ေဒါစကီးရဲ႕ဂိုးကို ဖန္တီးေပးခဲ့တဲ့ ေသာမတ္စ္မူလာဟာ ဘိုင္ယန္ျမဴးနစ္ကစားသမားဘဝပြဲ(၆၀၀)ျပည့္ေျမာက္ခဲ့သလို ၂၀၂၁ ခုႏွစ္အတြင္း ဘြန္ဒစ္လီဂါမွာ ဂိုးဖန္တီးမႈအႀကိမ္ေပါင္း(၂၀)အထိျပဳလုပ္ခဲ့ၿပီး ၂၀၀၇ ခုႏွစ္ကစလို႔ လက္ရွိအခ်ိန္အထိ ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ ဂိုးဖန္တီးမႈအႀကိမ္(၂၀)ျပဳလုပ္ခဲ့တဲ့ အိုေဇးလ္(၂၀၁၅)၊ ဒီမာရီယာ(၂၀၁၁၊ ၂၀၁၄)တို႔လိုပဲ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ လီဝန္ေဒါစကီးဟာလည္း ေအာ့စ္ဘတ္အသင္းဘက္ကို ဘြန္ဒစ္လီဂါမွာ(၁၁)ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး ဂႏၴဝင္တိုက္စစ္မႉးႀကီးဂတ္မူလာ(ေရွာ္လ္ေကး-၁၁ဂိုး)ေနာက္ပိုင္း ဘြန္ဒစ္လီဂါကလပ္အသင္းတစ္သင္းကို ဂိုးအမ်ားဆုံးသြင္းယူခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ မူလာနဲ႔လီဝန္ေဒါစကီးတို႔ မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့ေပမယ့္ အသင္းက ရႈံးပြဲေတြ႕ခဲ့တာေၾကာင့္ အခုဆိုရင္ အဆင့္(၂)ေနရာက ေဒါ့မြန္အသင္းထက္ တစ္ပြဲပို၊ (၄)မွတ္ကြာေနေပမယ့္ ေဒ့ါမြန္အသင္းသာ ႏိုင္ပြဲရခဲ့ရင္ (၁)မွတ္ပဲကြာဟေတာ့မွာျဖစ္ပါတယ္။