
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းဟာ နိုင်ငံတကာရက်သတ္တပတ်အပြီး လာမယ့်အောက်တိုဘာ(၁၆)ရက်ကျရင် ပရီးမီးယားလိဂ်ပွဲစဉ်(၈)အဖြစ် လက်စတာအသင်းနဲ့အဝေးကွင်းပွဲကျပ်ကစားရမှာဖြစ်ပြီး အဲဒီပွဲကို ကွင်းလယ်လူဖရက်ဒ်နဲ့ ၀ါရင့်တိုက်စစ်မှူးကာဗာနီတို့ လွဲချော်ဖို့ရှိနေပါပြီ။
ဖရက်ဒ်နဲ့ကာဗာနီတို့ဟာ လက်ရွေးစင်အသင်းတွေဖြစ်တဲ့ ဘရာဇီးလ်၊ ဥရုဂွေးအသင်းတွေအတွက်ပါဝင်ကစားဖို့ရှိနေသလို ဘရာဇီးလ်နဲ့ဥရုဂွေးအသင်းတို့ဟာ အောက်တိုဘာ(၁၅)ရက်(သောကြာနေ့)ကျရင်
ဗြိတိန်စံတော်ချိန်မနက်ပိုင်းလောက်မှာ ရင်ဆိုင်ကစားရမှာဖြစ်တာကြောင့် လက်စတာနဲ့ပွဲအမီ အင်္ဂလန်ကို ပြန်ရောက်နိုင်မယ့်အနေအထားမရှိပါဘူး။
လက်စတာနဲ့ယူနိုက်တက်အသင်းတို့ရဲ့ပွဲက ဗြိတိန်စံတော်ချိန် စနေနေ့လယ်မှာယှဉ်ပြိုင်ကစားမှာဖြစ်ပြီး တကယ်လို့ ဖရက်ဒ်နဲ့ကာဗာနီ ပြန်ရောက်လာရင်တောင် Quarantine ဝင်ရမှာဖြစ်တဲ့အတွက် လက်စတာနဲ့ပွဲကို သေချာပေါက်လွဲချော်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းက ပရီးမီးယားလိဂ်ကလပ်တွေဟာ ဘရာဇီးလ်ကစားသမားတွေအပါအဝင် သူတို့အသင်းက,ကစားသမားတွေကို သက်ဆိုင်ရာနိုင်ငံအသင်းအတွက်ပါဝင်ကစားခွင့်မပေးခဲ့တာကြောင့် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်နဲ့ပြဿနာတက်ခဲ့ဖူးပါတယ်။
အခုအချိန်မှာတော့ ယူနိုက်တက်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီးတို့အပြင် ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ တောင်အမေရိက,ကစားသမားတွေကို လက်ရွေးစင်အသင်းမှာပါဝင်ကစားဖို့ခွင့်ပြုရမှာဖြစ်တာကြောင့်
လက်စတာနဲ့ပွဲကို ဖရက်ဒ်၊ ကာဗာနီတို့ လွဲချော်ဖို့ရှိနေသလိုပဲ တခြားအသင်းက ဘရာဇီးလ်ကစားသမားတွေဟာလည်း ပရီးမီးယားလိဂ်ပွဲစဉ်(၈)ကို လွဲချော်မယ့်အနေအထားရှိနေပါပြီ။
ဘရာဇီးလ်အသင်းမှာ ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ အယ်လစ်ဆင်၊ အီဒါဆင်၊ သီယာဂိုဆေးလ်ဗား၊ အီမာဆင်ရွိုင်ယဲလ်၊ ဖရက်ဒ်၊ ဖာဘင်ဟို၊ ဂျေးဆု၊ ရာဖင်ဟာတို့ ရွေးချယ်ခံထားရတာကြောင့် ဒီကစားသမားတွေဟာ ကလပ်အသင်းမှာပါဝင်ကစားနိုင်ဖို့ မသေချာတော့ပါဘူး။
ပရီးမီးယားလိဂ်ပွဲစဉ်(၈)အဖြစ် ဝက်ဖို့ဒ်-လီဗာပူးလ်၊ မန်စီးတီး-ဘန်လေ၊ လက်စတာ-ယူနိုက်တက်၊ ဘရန့်ဖို့ဒ်-ချယ်လ်ဆီးတို့ကစားမယ့်ပွဲတွေပါဝင်နေပြီး ကလပ်အသင်းနည်းပြတွေအနေနဲ့ ဒီပွဲကို လွဲချော်ဖို့ရှိနေတဲ့ကစားသမားတွေနေရာမှာ ဘယ်သူနဲ့အစားထိုးမလဲဆိုတာ ကြိုတင်ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ႏိုင္ငံတကာပြဲေတြေၾကာင့္ လက္စတာနဲ႔ပြဲကို ယူႏိုက္တက္ကစားသမားႏွစ္ဦးလြဲေခ်ာ္ဖို႔ရွိေန
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ႏိုင္ငံတကာရက္သတၱပတ္အၿပီး လာမယ့္ေအာက္တိုဘာ(၁၆)ရက္က်ရင္ ပရီးမီးယားလိဂ္ပြဲစဥ္(၈)အျဖစ္ လက္စတာအသင္းနဲ႔အေဝးကြင္းပြဲက်ပ္ကစားရမွာျဖစ္ၿပီး အဲဒီပြဲကို ကြင္းလယ္လူဖရက္ဒ္နဲ႔ ၀ါရင့္တိုက္စစ္မႉးကာဗာနီတို႔ လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။ ဖရက္ဒ္နဲ႔ကာဗာနီတို႔ဟာ လက္ေ႐ြးစင္အသင္းေတြျဖစ္တဲ့ ဘရာဇီးလ္၊ ဥ႐ုေဂြးအသင္းေတြအတြက္ပါဝင္ကစားဖို႔ရွိေနသလို ဘရာဇီးလ္နဲ႔ဥ႐ုေဂြးအသင္းတို႔ဟာ ေအာက္တိုဘာ(၁၅)ရက္(ေသာၾကာေန႔)က်ရင္ ၿဗိတိန္စံေတာ္ခ်ိန္မနက္ပိုင္းေလာက္မွာ ရင္ဆိုင္ကစားရမွာျဖစ္တာေၾကာင့္ လက္စတာနဲ႔ပြဲအမီ အဂၤလန္ကို ျပန္ေရာက္ႏိုင္မယ့္အေနအထားမရွိပါဘူး။
လက္စတာနဲ႔ယူႏိုက္တက္အသင္းတို႔ရဲ႕ပြဲက ၿဗိတိန္စံေတာ္ခ်ိန္ စေနေန႔လယ္မွာယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး တကယ္လို႔ ဖရက္ဒ္နဲ႔ကာဗာနီ ျပန္ေရာက္လာရင္ေတာင္ Quarantine ဝင္ရမွာျဖစ္တဲ့အတြက္ လက္စတာနဲ႔ပြဲကို ေသခ်ာေပါက္လြဲေခ်ာ္မွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လတုန္းက ပရီးမီးယားလိဂ္ကလပ္ေတြဟာ ဘရာဇီးလ္ကစားသမားေတြအပါအဝင္ သူတို႔အသင္းက,ကစားသမားေတြကို သက္ဆိုင္ရာႏိုင္ငံအသင္းအတြက္ပါဝင္ကစားခြင့္မေပးခဲ့တာေၾကာင့္ ဘရာဇီးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ျပႆနာတက္ခဲ့ဖူးပါတယ္။
အခုအခ်ိန္မွာေတာ့ ယူႏိုက္တက္၊ ခ်ယ္လ္ဆီး၊ လီဗာပူးလ္၊ မန္စီးတီးတို႔အျပင္ ပရီးမီးယားလိဂ္ကလပ္အသင္းေတြဟာ ေတာင္အေမရိက,ကစားသမားေတြကို လက္ေ႐ြးစင္အသင္းမွာပါဝင္ကစားဖို႔ခြင့္ျပဳရမွာျဖစ္တာေၾကာင့္ လက္စတာနဲ႔ပြဲကို ဖရက္ဒ္၊ ကာဗာနီတို႔ လြဲေခ်ာ္ဖို႔ရွိေနသလိုပဲ တျခားအသင္းက ဘရာဇီးလ္ကစားသမားေတြဟာလည္း ပရီးမီးယားလိဂ္ပြဲစဥ္(၈)ကို လြဲေခ်ာ္မယ့္အေနအထားရွိေနပါၿပီ။
ဘရာဇီးလ္အသင္းမွာ ပရီးမီးယားလိဂ္ကစားသမားေတြျဖစ္တဲ့ အယ္လစ္ဆင္၊ အီဒါဆင္၊ သီယာဂိုေဆးလ္ဗား၊ အီမာဆင္႐ြိဳင္ယဲလ္၊ ဖရက္ဒ္၊ ဖာဘင္ဟို၊ ေဂ်းဆု၊ ရာဖင္ဟာတို႔ ေ႐ြးခ်ယ္ခံထားရတာေၾကာင့္ ဒီကစားသမားေတြဟာ ကလပ္အသင္းမွာပါဝင္ကစားႏိုင္ဖို႔ မေသခ်ာေတာ့ပါဘူး။ ပရီးမီးယားလိဂ္ပြဲစဥ္(၈)အျဖစ္ ဝက္ဖို႔ဒ္-လီဗာပူးလ္၊ မန္စီးတီး-ဘန္ေလ၊ လက္စတာ-ယူႏိုက္တက္၊ ဘရန႔္ဖို႔ဒ္-ခ်ယ္လ္ဆီးတို႔ကစားမယ့္ပြဲေတြပါဝင္ေနၿပီး ကလပ္အသင္းနည္းျပေတြအေနနဲ႔ ဒီပြဲကို လြဲေခ်ာ္ဖို႔ရွိေနတဲ့ကစားသမားေတြေနရာမွာ ဘယ္သူနဲ႔အစားထိုးမလဲဆိုတာ ႀကိဳတင္ျပင္ဆင္ရေတာ့မွာျဖစ္ပါတယ္။