နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ဘယ်လ်ဂျီယံကို တစ်ခါမှမရှုံးဖူးသေးတဲ့ အီတလီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရို-၂၀၂၀ ကွာတားဖိုင်နယ်ပွဲတွေကို ဒီနေ့မှာ စတင်ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး မြန်မာစံတော်ချိန် စနေမနက်(၁:၃၀)အချိန်ကျရင် နာမည်ကျော်နှစ်သင်းဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့အီတလီအသင်းတို့ရဲ့ပွဲ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

နှစ်သင်းစလုံးက အခုပြိုင်ပွဲမှာဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အပြင် ရလဒ်ကောင်းတွေရယူပြီး အခုအဆင့်ကို တက်လှမ်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ၁၉၆၈ ခုနှစ်တစ်ကြိမ်သာဗိုလ်စွဲခဲ့တဲ့ အီတလီအသင်းဟာ ၂၀၀၀၊ ၂၀၁၂ ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်ခဲ့ပေမယ့် ပြင်သစ်၊ စပိန်တို့ကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနေရာတွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အခုအချိန်မှာတော့ နည်းပြမန်စီနီရဲ့ ဦးဆောင်မှုနဲ့အတူ ခြေစွမ်းရော ရလဒ်ပိုင်းပါကောင်းမွန်နေတဲ့ အီတလီအသင်းဟာ အသင်းသမိုင်းတစ်လျှောက် (၁၂)ပွဲဆက်နိုင်ပွဲစံချိန်၊ ပြိုင်ပွဲစုံ(၃၁)ပွဲဆက်စံချိန်တွေ ပိုင်ဆိုင်ခဲ့ပါတယ်။

ကမ္ဘာ့အဆင့်(၁)အသင်းဖြစ်တဲ့ ဘယ်လ်ဂျီယံအသင်းဟာ ယူရိုပြိုင်ပွဲမှတ်တမ်းမှာတော့ အားရစရာမကောင်းသေးဘဲ ၁၉၇၂ မှာ တတိယ၊ ၁၉၈၀ ပြိုင်ပွဲတုန်းက ဒုတိယနေရာတွေသာ အမြင့်ဆုံးရရှိခဲ့ပြီး ယူရို-၂၀၁၆ ပြိုင်ပွဲတုန်းကလည်း ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။

ပေါ်တူဂီကို အနိုင်ရခဲ့တဲ့ပွဲတုန်းက အသင်းရဲ့အဓိက,ကစားသမားတွေဖြစ်တဲ့ ဟာဇက်၊ ဒီဘရိုင်းနားတို့ ဒဏ်ရာရခဲ့တာကြောင့် ဒီပွဲမှာမပါဝင်နိုင်ခဲ့ရင် ဘယ်လ်ဂျီယံအသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာမယ့်အပြင် သမိုင်းကြောင်းအစဉ်အလာတွေအရလည်း ဘယ်လ်ဂျီယံအသင်းက အီတလီကို မယှဉ်နိုင်ခဲ့ပါဘူး။

အီတလီအသင်းဟာ အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ဘယ်လ်ဂျီယံနဲ့ စုစုပေါင်း(၄)ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး ပွဲတိုင်းမှာရလဒ်ကောင်းရယူနိုင်ခဲ့ပါတယ်။

နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ အီတလီနဲ့ဘယ်လ်ဂျီယံ ပထမဆုံးအကြိမ်ဆုံတွေ့ခဲ့တာက ၁၉၅၄ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်မှာဖြစ်ပြီး အီတလီအသင်းက (၄-၁)ဂိုးရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။

အဲဒီနောက် ယူရို-၁၉၈၀ အုပ်စုအဆင့်မှာ ဆုံတွေ့ခဲ့တော့ ဂိုးမရှိသရေကျခဲ့ပြီး ယူရို-၂၀၀၀ နဲ့ ယူရို-၂၀၁၆ ပြိုင်ပွဲတွေမှာ အီတလီအသင်းက (၂-ဝ)ဂိုးရလဒ်တွေနဲ့ အနိုင်ယူခဲ့တာပါ။

သမိုင်းတစ်လျှောက် ဒီနှစ်သင်းဆုံတွေ့မှုမှတ်တမ်းမှာလည်း အီတလီအသင်းကပဲ အသာရထားသလို (၁၄)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၄)ပွဲသာရှုံးနိမ့်ခဲ့ပါတယ်။

ဒါ့အပြင် အီတလီအသင်းဟာ ၂၀၁၈ ခုနှစ်တုန်းက ပေါ်တူဂီနဲ့ခြေစမ်းပွဲမှာ (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးကတည်းက အခုအချိန်အထိ ရှုံးပွဲမရှိသေးပါဘူး။

အဲဒါကြောင့် ချန်ပီယံဟောင်း အီတလီအသင်း နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ဘယ်လ်ဂျီယံကို တစ်ခါမှမရှုံးဖူးသေးတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်မလား?

ဒါမှမဟုတ် ဘယ်လ်ဂျီယံကပဲ အီတလီကို ကျော်ဖြတ်ပြီး ၁၉၈၀ နောက်ပိုင်း ပထမဆုံးအကြိမ်ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်မလားဆိုတာ ဒီညပွဲမှာ အဖြေတစ်ခုထွက်လာမှာပဲဖြစ်ပါတယ် . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ ဘယ္လ္ဂ်ီယံကို တစ္ခါမွမရႈံးဖူးေသးတဲ့ အီတလီ

ယူ႐ို-၂၀၂၀ ကြာတားဖိုင္နယ္ပြဲေတြကို ဒီေန႔မွာ စတင္ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး ျမန္မာစံေတာ္ခ်ိန္ စေနမနက္(၁:၃၀)အခ်ိန္က်ရင္ နာမည္ေက်ာ္ႏွစ္သင္းျဖစ္တဲ့ ဘယ္လ္ဂ်ီယံနဲ႔အီတလီအသင္းတို႔ရဲ႕ပြဲ ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။ ႏွစ္သင္းစလုံးက အခုၿပိဳင္ပြဲမွာဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့အျပင္ ရလဒ္ေကာင္းေတြရယူၿပီး အခုအဆင့္ကို တက္လွမ္းႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ၁၉၆၈ ခုႏွစ္တစ္ႀကိမ္သာဗိုလ္စြဲခဲ့တဲ့ အီတလီအသင္းဟာ ၂၀၀၀၊ ၂၀၁၂ ၿပိဳင္ပြဲေတြမွာ ဗိုလ္လုပြဲအဆင့္အထိ တက္ေရာက္ခဲ့ေပမယ့္ ျပင္သစ္၊ စပိန္တို႔ကို ရႈံးနိမ့္ခဲ့လို႔ ဒုတိယေနရာေတြနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ အခုအခ်ိန္မွာေတာ့ နည္းျပမန္စီနီရဲ႕ ဦးေဆာင္မႈနဲ႔အတူ ေျခစြမ္းေရာ ရလဒ္ပိုင္းပါေကာင္းမြန္ေနတဲ့ အီတလီအသင္းဟာ အသင္းသမိုင္းတစ္ေလွ်ာက္ (၁၂)ပြဲဆက္ႏိုင္ပြဲစံခ်ိန္၊ ၿပိဳင္ပြဲစုံ(၃၁)ပြဲဆက္စံခ်ိန္ေတြ ပိုင္ဆိုင္ခဲ့ပါတယ္။

ကမာၻ႔အဆင့္(၁)အသင္းျဖစ္တဲ့ ဘယ္လ္ဂ်ီယံအသင္းဟာ ယူ႐ိုၿပိဳင္ပြဲမွတ္တမ္းမွာေတာ့ အားရစရာမေကာင္းေသးဘဲ ၁၉၇၂ မွာ တတိယ၊ ၁၉၈၀ ၿပိဳင္ပြဲတုန္းက ဒုတိယေနရာေတြသာ အျမင့္ဆုံးရရွိခဲ့ၿပီး ယူ႐ို-၂၀၁၆ ၿပိဳင္ပြဲတုန္းကလည္း ကြာတားဖိုင္နယ္ကေန ထြက္ခဲ့ရပါတယ္။ ေပၚတူဂီကို အႏိုင္ရခဲ့တဲ့ပြဲတုန္းက အသင္းရဲ႕အဓိက,ကစားသမားေတြျဖစ္တဲ့ ဟာဇက္၊ ဒီဘ႐ိုင္းနားတို႔ ဒဏ္ရာရခဲ့တာေၾကာင့္ ဒီပြဲမွာမပါဝင္ႏိုင္ခဲ့ရင္ ဘယ္လ္ဂ်ီယံအသင္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာမယ့္အျပင္ သမိုင္းေၾကာင္းအစဥ္အလာေတြအရလည္း ဘယ္လ္ဂ်ီယံအသင္းက အီတလီကို မယွဥ္ႏိုင္ခဲ့ပါဘူး။

အီတလီအသင္းဟာ အဓိကႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ ဘယ္လ္ဂ်ီယံနဲ႔ စုစုေပါင္း(၄)ႀကိမ္ဆုံေတြ႕ခဲ့ဖူးၿပီး ပြဲတိုင္းမွာရလဒ္ေကာင္းရယူႏိုင္ခဲ့ပါတယ္။ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ အီတလီနဲ႔ဘယ္လ္ဂ်ီယံ ပထမဆုံးအႀကိမ္ဆုံေတြ႕ခဲ့တာက ၁၉၅၄ ကမာၻ႔ဖလားၿပိဳင္ပြဲအုပ္စုအဆင့္မွာျဖစ္ၿပီး အီတလီအသင္းက (၄-၁)ဂိုးရလဒ္နဲ႔ အႏိုင္ယူခဲ့ပါတယ္။

အဲဒီေနာက္ ယူ႐ို-၁၉၈၀ အုပ္စုအဆင့္မွာ ဆုံေတြ႕ခဲ့ေတာ့ ဂိုးမရွိသေရက်ခဲ့ၿပီး ယူ႐ို-၂၀၀၀ နဲ႔ ယူ႐ို-၂၀၁၆ ၿပိဳင္ပြဲေတြမွာ အီတလီအသင္းက (၂-ဝ)ဂိုးရလဒ္ေတြနဲ႔ အႏိုင္ယူခဲ့တာပါ။ သမိုင္းတစ္ေလွ်ာက္ ဒီႏွစ္သင္းဆုံေတြ႕မႈမွတ္တမ္းမွာလည္း အီတလီအသင္းကပဲ အသာရထားသလို (၁၄)ပြဲႏိုင္၊ (၄)ပြဲသေရ၊ (၄)ပြဲသာရႈံးနိမ့္ခဲ့ပါတယ္။ ဒါ့အျပင္ အီတလီအသင္းဟာ ၂၀၁၈ ခုႏွစ္တုန္းက ေပၚတူဂီနဲ႔ေျခစမ္းပြဲမွာ (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးကတည္းက အခုအခ်ိန္အထိ ရႈံးပြဲမရွိေသးပါဘူး။

အဲဒါေၾကာင့္ ခ်န္ပီယံေဟာင္း အီတလီအသင္း ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ ဘယ္လ္ဂ်ီယံကို တစ္ခါမွမရႈံးဖူးေသးတဲ့ မွတ္တမ္းေကာင္းကို ဆက္ထိန္းႏိုင္မလား၊ ဒါမွမဟုတ္ ဘယ္လ္ဂ်ီယံကပဲ အီတလီကို ေက်ာ္ျဖတ္ၿပီး ၁၉၈၀ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ဆီမီးဖိုင္နယ္အဆင့္ကို တက္ႏိုင္မလားဆိုတာ ဒီညပြဲမွာ အေျဖတစ္ခုထြက္လာမွာပဲျဖစ္ပါတယ္ . .