နိုင်ငံခြားသားတိုက်စစ်မှူးတွေနဲ့အပြိုင် ဂိုးသွင်းနေတဲ့ ရတနာပုံအသင်းက ပြည်တွင်းဖြစ်တိုက်စစ်မှူး ဝင်းနိုင်စိုး

၂၀၀၉ ခုနှစ်မှာစတင်ခဲ့တဲ့ မြန်မာဘောလုံးလောကကို တစ်ခေတ်ပြောင်းလဲစေ မယ့် နေရှင်နယ်လိဂ်ပြိုင်ပွဲဟာ အခုဆိုရင် ဆယ်စုနှစ်တစ်ခု ဖြတ်သန်းလာခဲ့ပြီးပါ ပြီ။ ဒီအချိန်ကာလအတွင်းမှာ အသင်းသစ်တွေထွက်ပေါ်လာသလို အကြောင်း အမျိုးမျိုးကြောင့် အသင်းဖျက်သိမ်းသွားခဲ့တာတွေလည်း ရှိပါတယ်။

ပရိုဘောလုံး လောကကို စတင်ကူးပြောင်းခဲ့တဲ့အချိန်ကစပြီး မြန်မာနေရှင်နယ်လိဂ်မှာ နိုင်ငံခြား ကစားသမားတွေ အများအပြားလာရောက်ကစားခဲ့ကြပါတယ်။ ဒီကစားသမား တွေထဲမှာ တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းတဲ့ ဂိုးသွင်းဘုရင်ဖြစ်သူတွေ များပြီး မြန်မာကစားသမားတွေထဲက ထိပ်တန်းဂိုးသွင်းဘုရင်ဖြစ်တာ ရှားပါးနေတာ တွေ့ရပါတယ်။

လက်ရှိ မြန်မာနေရှင်နယ်လိဂ်မှာ နိုင်ငံခြားကစား သမားတွေနဲ့တန်းတူ ဂိုးအပြိုင်သွင်းနေတဲ့ ပြည်တွင်းဖြစ်တိုက်စစ်မှူးတစ်ဦးက တော့ ရတနာပုံအသင်းက ဝင်းနိုင်စိုးပါပဲ။ အထောင်တိုက်စစ်မှူးစစ်စစ်နေရာမှာ ကစားတဲ့သူဖြစ်ပြီး သူဟာ မန္တလေးတိုင်းအသင်းနဲ့အတူ ပြည်နယ်နှင့်တိုင်း ပြိုင်ပွဲမှာ ဝင်ရောက်ကစားဖူးတဲ့သူဖြစ်ပြီး ရတနာပုံလူငယ်အသင်းကနေ ထွက်ပေါ်လာတဲ့သူပါ။

၂၀၁၄ ဘောလုံးရာသီမှာတော့ ရတနာပုံစီနီယာအသင်းကို ရောက်ခဲ့ပြီး သူ့ရဲ့ခြေစွမ်းက ပုံမှန်ပွဲထွက်ကစားခွင့်ရခဲ့သလို မြန်မာနေရှင်နယ် လိဂ်ချန်ပီယံဆုဖလားကိုလည်း ၂ ကြိမ်ရရှိခဲ့ပါတယ်။

သူ့အတွက် အမှတ်တရဖြစ်မှာကတော့ ၂၀၁၆ ဘောလုံးရာသီမှာ ရတနာပုံအသင်းအတွက် ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံဆုဖလားရခဲ့သလို သူကိုယ်တိုင်လည်း နိုင်ငံ ခြားသားတိုက်စစ်မှူးတွေဖြစ်တဲ့ မာတူနာနဲ့ ခရစ္စတိုဖာတို့နဲ့အတူ ဂိုးသွင်းအများ ဆုံးရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဂ်သမိုင်းတစ်လျှောက် မှာ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုရတဲ့ ပြည်တွင်းတိုက်စစ်မှူး ၃ ဦးပဲရှိခဲ့ဖူးပြီး ဝင်း နိုင်စိုးလည်း အပါအဝင်ပါပဲ။

၂၀၁၆ ဘောလုံးရာသီက သူ့ရဲ့ခြေစွမ်းကြောင့် အဲဒီ တုန်းက နည်းပြဖြစ်တဲ့ ဂတ်ဆီဇီက သူ့ကိုလက်ရွေးစင်အသင်းအတွက် ခေါ်ယူခဲ့ ပြီး ကျော်ကိုကိုမပါနိုင်တဲ့အချိန်မှာ အသင်းရဲ့တိုက်စစ်ကိုကစားစေခဲ့ပေမယ့် နိုင်ငံ တကာပြိုင်ပွဲအတွေ့အကြုံမရှိသလောက်ရှားပါးတဲ့အပြင် လက်ရွေးစင်အတွေ့ အကြုံလည်းမရှိတဲ့ ဝင်းနိုင်စိုးဟာ ဆူဇူကီးပြိုင်ပွဲမှာ ခြေမပေါ်ခဲ့ပါဘူး။

ဒါပေမဲ့ နောက် ၃ နှစ်အကြာ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာတော့ ၂၀၁၆ ရာသီ တုန်းကထက် ၂ ဂိုးပိုသွင်းနိုင်ခဲ့ပြီး စုစုပေါင်း ၁၈ ဂိုးနဲ့ ဂိုးသွင်းဘုရင်ရွှေဖိနပ်ဆုကို ရခဲ့ပါတယ်။ လက်ရှိဘောလုံးရာသီမှာ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ဝင်းနိုင်စိုးဟာ ၁၀ ဂိုးသွင်းယူထားပေးပြီး ပြည်တွင်းဖြစ်တိုက်စစ်မှူးအနေနဲ့ နိုင်ငံခြားတိုက်စစ်မှူး တွေကို ဂိုးအပြိုင်လိုက်သွင်း ပခုံးချင်းယှဉ်နေတဲ့သူပဲ ဖြစ်ပါတော့တယ်။

zawgyi

ႏိုင္ငံျခားသားတိုက္စစ္မွဴးေတြနဲ႔အၿပိဳင္ ဂိုးသြင္းေနတဲ့ ရတနာပံုအသင္းက ျပည္တြင္းျဖစ္တုိက္စစ္မွဴး ၀င္းႏိုင္စိုး

၂၀၀၉ ခုႏွစ္မွာစတင္ခဲ့တဲ့ ျမန္မာေဘာလံုးေလာကကို တစ္ေခတ္ေျပာင္းလဲေစ မယ့္ ေနရွင္နယ္လိဂ္ၿပိဳင္ပြဲဟာ အခုဆုိရင္ ဆယ္စုႏွစ္တစ္ခု ျဖတ္သန္းလာခဲ့ၿပီးပါ ၿပီ။ ဒီအခ်ိန္ကာလအတြင္းမွာ အသင္းသစ္ေတြထြက္ေပၚလာသလို အေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ အသင္းဖ်က္သိမ္းသြားခဲ့တာေတြလည္း ရွိပါတယ္။

ပရိုေဘာလံုး ေလာကကို စတင္ကူးေျပာင္းခဲ့တဲ့အခ်ိန္ကစၿပီး ျမန္မာေနရွင္နယ္လိဂ္မွာ ႏိုင္ငံျခား ကစားသမားေတြ အမ်ားအျပားလာေရာက္ကစားခဲ့ၾကပါတယ္။ ဒီကစားသမား ေတြထဲမွာ တစ္ရာသီအတြင္း ဂိုးအမ်ားဆံုးသြင္းတဲ့ ဂိုးသြင္းဘုရင္ျဖစ္သူေတြ မ်ားၿပီး ျမန္မာကစားသမားေတြထဲက ထိပ္တန္းဂိုးသြင္းဘုရင္ျဖစ္တာ ရွားပါးေနတာ ေတြ႕ရပါတယ္။

လက္ရွိ ျမန္မာေနရွင္နယ္လိဂ္မွာ ႏိုင္ငံျခားကစား သမားေတြနဲ႔တန္းတူ ဂိုးအၿပိဳင္သြင္းေနတဲ့ ျပည္တြင္းျဖစ္တိုက္စစ္မွဴးတစ္ဦးက ေတာ့ ရတနာပံုအသင္းက ၀င္းႏိုင္စိုးပါပဲ။ အေထာင္တိုက္စစ္မွဴးစစ္စစ္ေနရာမွာ ကစားတဲ့သူျဖစ္ၿပီး သူဟာ မႏၱေလးတိုင္းအသင္းနဲ႔အတူ ျပည္နယ္ႏွင့္တုိင္း ၿပိဳင္ပြဲမွာ ၀င္ေရာက္ကစားဖူးတဲ့သူျဖစ္ၿပီး ရတနာပံုလူငယ္အသင္းကေန ထြက္ေပၚလာတဲ့သူပါ။

၂၀၁၄ ေဘာလံုးရာသီမွာေတာ့ ရတနာပံုစီနီယာအသင္းကို ေရာက္ခဲ့ၿပီး သူ႕ရဲ႕ေျခစြမ္းက ပံုမွန္ပြဲထြက္ကစားခြင့္ရခဲ့သလို ျမန္မာေနရွင္နယ္ လိဂ္ခ်န္ပီယံဆုဖလားကိုလည္း ၂ ႀကိမ္ရရွိခဲ့ပါတယ္။ သူ႕အတြက္ အမွတ္တရျဖစ္မွာကေတာ့ ၂၀၁၆ ေဘာလံုးရာသီမွာ ရတနာပံုအသင္းအတြက္ ၁၆ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ခ်န္ပီယံဆုဖလားရခဲ့သလို သူကိုယ္တိုင္လည္း ႏိုင္ငံ ျခားသားတိုက္စစ္မွဴးေတြျဖစ္တဲ့ မာတူနာနဲ႔ ခရစၥတုိဖာတို႔နဲ႔အတူ ဂိုးသြင္းအမ်ား ဆံုးေရႊဖိနပ္ဆုကို ပူးတြဲရရွိခဲ့ပါတယ္။

ျမန္မာေနရွင္နယ္လိဂ္သမုိင္းတစ္ေလွ်ာက္ မွာ ဂိုးသြင္းအမ်ားဆံုးေရႊဖိနပ္ဆုရတ့ဲ ျပည္တြင္းတိုက္စစ္မွဴး ၃ ဦးပဲရွိခဲ့ဖူးၿပီး ၀င္း ႏိုင္စိုးလည္း အပါအ၀င္ပါပဲ။ ၂၀၁၆ ေဘာလံုးရာသီက သူ႕ရဲ႕ေျခစြမ္းေၾကာင့္ အဲဒီ တုန္းက နည္းျပျဖစ္တဲ့ ဂတ္ဆီဇီက သူ႕ကိုလက္ေရြးစင္အသင္းအတြက္ ေခၚယူခဲ့ ၿပီး ေက်ာ္ကိုကိုမပါႏိုင္တဲ့အခ်ိန္မွာ အသင္းရဲ႕တိုက္စစ္ကိုကစားေစခဲ့ေပမယ့္ ႏုိင္ငံ တကာၿပိဳင္ပြဲအေတြ႕အႀကံဳမရွိသေလာက္ရွားပါးတဲ့အျပင္ လက္ေရြးစင္အေတြ႕ အႀကံဳလည္းမရွိတဲ့ ၀င္းႏိုင္စိုးဟာ ဆူဇူကီးၿပိဳင္ပြဲမွာ ေျခမေပၚခဲ့ပါဘူး။

ဒါေပမဲ့ ေနာက္ ၃ ႏွစ္အၾကာ ၂၀၁၉ ျမန္မာေနရွင္နယ္လိဂ္ၿပိဳင္ပြဲမွာေတာ့ ၂၀၁၆ ရာသီ တုန္းကထက္ ၂ ဂိုးပိုသြင္းႏိုင္ခဲ့ၿပီး စုစုေပါင္း ၁၈ ဂိုးနဲ႔ ဂိုးသြင္းဘုရင္ေရႊဖိနပ္ဆုကို ရခဲ့ပါတယ္။ လက္ရွိေဘာလံုးရာသီမွာ အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ ၀င္းႏိုင္စိုးဟာ ၁၀ ဂိုးသြင္းယူထားေပးၿပီး ျပည္တြင္းျဖစ္တိုက္စစ္မွဴးအေနနဲ႔ ႏိုင္ငံျခားတိုက္စစ္မွဴး ေတြကို ဂိုးအၿပိဳင္လိုက္သြင္း ပခုံးခ်င္းယွဥ္ေနတဲ့သူပဲ ျဖစ္ပါေတာ့တယ္။