နာမည်ကြီးတွေကို အဲဗာတန်အသင်း ထပ်ခေါ်နိုင်ဖို့ ရိုဒရီဂွက်ဇ် မျှော်လင့်နေ

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အဲဗာတန်အသင်းကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က တခြားနာမည်ကြီး ကစားသမားတွေ အသင်းကို ရောက်လာဖို့ မျှော်လင့်မိကြောင်း ဖွင့်ဟခဲ့ပြီး အသင်းဘက်ကလည်း ၂၀၂၀-၂၁ ရာသီမှာ ပုံစံကောင်းတွေပြသနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

Photo Credit

ကိုလံဘီယာလက်ရွေးစင် ရိုဒရီဂွက်ဇ်ဟာ ယခုလအစောပိုင်းက ရီးရဲလ်ကနေ ပေါင် ၂၂သန်းနဲ့ အဲဗာတန်ကို ရောက်လာသူဖြစ်ပါတယ်။ ရိုဒရီဂွက်ဇ်ဟာ ရီးရဲလ်၊ ဘိုင်ယန်တို့မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြကြီး အန်ဆလော့တီနဲ့ ပြန်လည်ပူးပေါင်းမိတာဖြစ်ပြီး အဲဗာတန်ကလည်း ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ ပဲ ရခဲ့မှုကနေ ပိုကောင်းစေဖို့ နွေရာသီဈေးကွက်မှာ အထူးပြင်ဆင်နေပါတယ်။

Photo Credit

အသက် ၂၉ နှစ်အရွယ်ရှိ ရိုဒရီဂွက်ဇ်က အသင်းမှာ နောက်ထပ်နာမည်ကြီးကစားသမားတွေ ရှိလာဖို့ မျှော်လင့်နေပါတယ်။ ”အသင်းရဲ့ ခြေစွမ်းကို တက်လိုက်၊ ကျလိုက်ဖြစ်သွားလို့မရပါဘူး။ ပြီးတော့ ကိုယ့်ဆီမှာ ကြီးကျယ်တဲ့၊ အတွေ့အကြုံကြွယ်ဝတဲ့နည်းပြလည်း ပိုင်ဆိုင်ထားတယ်လေ”

Photo Credit

”အသင်းကလည်း ဒီနွေရာသီမှာ ကစားသမားသစ် ၄ဦးခေါ်ယူထားပြီး လာမယ့်နှစ်အနည်းငယ်အတွင်း နာမည်ကြီးကစားသမားတွေ ထပ်ရောက်လာဖို့ မျှော်လင့်ပါတယ်”လို့ ရိုဒရီဂွက်ဇ်က ပြောပါတယ်။

Photo Credit

အဲဗာတန်ဟာ ယခုနွေရာသီအတွင်း ရိုဒရီဂွက်ဇ်အပြင် အယ်လန်၊ ဒူကိုရေးနဲ့ အန်ကွန်ကူတို့ကိုလည်း ခေါ်ယူထားပြီး ရိုဒရီဂွက်ဇ်က ၂၀၀၄-၀၅ ရာသီနောက်ပိုင်း ဝေးကွာနေရတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ယခုရာသီမှာ ပစ်မှတ်ထားနေကြောင်း ဆိုပါတယ်။

Photo Credit

”လက်ရှိအင်အားဖြည့်တင်းမှုတွေအရ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ထားပါတယ်။ ဒီလိုရယူနိုင်ဖို့ဆိုရင် ကိုယ့်ဘက်က တိုက်ပွဲဝင်ရမှာဖြစ်ပြီး တည်ငြိမ်တဲ့ခြေစွမ်းလည်း တစ်သမတ်တည်းပြသနိုင်ဖို့ လိုအပ်ပါတယ်”

Photo Credit

”ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲတွေက ၃၊ ၄ ရက်လောက် တစ်ပွဲကစားရမှာဖြစ်လို့ ကိုယ့်ဘက်က မြင့်မားတဲ့ခြေစွမ်းကို ပွဲတိုင်း ပြသနိုင်ဖို့ လိုအပ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရချင်ရင်တော့ ကျွန်တော်တို့ဘက်က ကိုယ့်ရဲ့အမြင့်မားဆုံးအဆင့်ကို အမြဲတမ်းနီးပါး ပြသနိုင်ဖို့ လိုပါတယ်”လို့ ရိုဒရီဂွက်ဇ်က ပြောပါတယ်။

Photo Credit

ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်အတွက် လာလီဂါမှာ ၈ပွဲပဲ ကစားခွင့်ရခဲ့ပြီး ရီးရဲလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ကလည်း ၁နှစ်ပဲ လိုတော့တာပါ။ အဲဗာတန်က ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဒီည ၁၀နာရီမှာ စပါးနဲ့ အဝေးကွင်းပွဲ ကစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

နာမည္ႀကီးေတြကို အဲဗာတန္အသင္း ထပ္ေခၚႏိုင္ဖို႔ ႐ိုဒရီဂြက္ဇ္ ေမွ်ာ္လင့္ေန

အဲဗာတန္အသင္းကြင္းလယ္လူ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္က တျခားနာမည္ႀကီး ကစားသမားေတြ အသင္းကို ေရာက္လာဖို႔ ေမွ်ာ္လင့္မိေၾကာင္း ဖြင့္ဟခဲ့ၿပီး အသင္းဘက္ကလည္း ၂၀၂၀-၂၁ ရာသီမွာ ပုံစံေကာင္းေတြျပသႏိုင္ဖို႔ ပစ္မွတ္ထားေနပါတယ္။

ကိုလံဘီယာလက္ေ႐ြးစင္ ႐ိုဒရီဂြက္ဇ္ဟာ ယခုလအေစာပိုင္းက ရီးရဲလ္ကေန ေပါင္ ၂၂သန္းနဲ႔ အဲဗာတန္ကို ေရာက္လာသူျဖစ္ပါတယ္။ ႐ိုဒရီဂြက္ဇ္ဟာ ရီးရဲလ္၊ ဘိုင္ယန္တို႔မွာ လက္တြဲခဲ့ဖူးတဲ့ နည္းျပႀကီး အန္ဆေလာ့တီနဲ႔ ျပန္လည္ပူးေပါင္းမိတာျဖစ္ၿပီး အဲဗာတန္ကလည္း ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ အဆင့္ ၁၂ ပဲ ရခဲ့မႈကေန ပိုေကာင္းေစဖို႔ ေႏြရာသီေဈးကြက္မွာ အထူးျပင္ဆင္ေနပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ ႐ိုဒရီဂြက္ဇ္က အသင္းမွာ ေနာက္ထပ္နာမည္ႀကီးကစားသမားေတြ ရွိလာဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ”အသင္းရဲ႕ ေျခစြမ္းကို တက္လိုက္၊ က်လိုက္ျဖစ္သြားလို႔မရပါဘူး။ ၿပီးေတာ့ ကိုယ့္ဆီမွာ ႀကီးက်ယ္တဲ့၊ အေတြ႕အႀကဳံႂကြယ္ဝတဲ့နည္းျပလည္း ပိုင္ဆိုင္ထားတယ္ေလ”

”အသင္းကလည္း ဒီေႏြရာသီမွာ ကစားသမားသစ္ ၄ဦးေခၚယူထားၿပီး လာမယ့္ႏွစ္အနည္းငယ္အတြင္း နာမည္ႀကီးကစားသမားေတြ ထပ္ေရာက္လာဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ႐ိုဒရီဂြက္ဇ္က ေျပာပါတယ္။

အဲဗာတန္ဟာ ယခုေႏြရာသီအတြင္း ႐ိုဒရီဂြက္ဇ္အျပင္ အယ္လန္၊ ဒူကိုေရးနဲ႔ အန္ကြန္ကူတို႔ကိုလည္း ေခၚယူထားၿပီး ႐ိုဒရီဂြက္ဇ္က ၂၀၀၄-၀၅ ရာသီေနာက္ပိုင္း ေဝးကြာေနရတဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ယခုရာသီမွာ ပစ္မွတ္ထားေနေၾကာင္း ဆိုပါတယ္။

”လက္ရွိအင္အားျဖည့္တင္းမႈေတြအရ ရာသီအကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒီလိုရယူႏိုင္ဖို႔ဆိုရင္ ကိုယ့္ဘက္က တိုက္ပြဲဝင္ရမွာျဖစ္ၿပီး တည္ၿငိမ္တဲ့ေျခစြမ္းလည္း တစ္သမတ္တည္းျပသႏိုင္ဖို႔ လိုအပ္ပါတယ္”

”ဒီရာသီ ပရီးမီးယားလိဂ္မွာ ပြဲေတြက ၃၊ ၄ ရက္ေလာက္ တစ္ပြဲကစားရမွာျဖစ္လို႔ ကိုယ့္ဘက္က ျမင့္မားတဲ့ေျခစြမ္းကို ပြဲတိုင္း ျပသႏိုင္ဖို႔ လိုအပ္ပါတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္ရခ်င္ရင္ေတာ့ ကြၽန္ေတာ္တို႔ဘက္က ကိုယ့္ရဲ႕အျမင့္မားဆုံးအဆင့္ကို အၿမဲတမ္းနီးပါး ျပသႏိုင္ဖို႔ လိုပါတယ္”လို႔ ႐ိုဒရီဂြက္ဇ္က ေျပာပါတယ္။

႐ိုဒရီဂြက္ဇ္ဟာ ၿပီးခဲ့တဲ့ရာသီက ရီးရဲလ္အတြက္ လာလီဂါမွာ ၈ပြဲပဲ ကစားခြင့္ရခဲ့ၿပီး ရီးရဲလ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ကလည္း ၁ႏွစ္ပဲ လိုေတာ့တာပါ။ အဲဗာတန္က ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ ဒီည ၁၀နာရီမွာ စပါးနဲ႔ အေဝးကြင္းပြဲ ကစားရမွာျဖစ္ပါတယ္။