နာမည်ကျော်တွေရဲ့ စာချုပ်ပါတန်ကြေးတွေထွက်ပေါ်လာပြီး ကူလီဘာလီ ကအမြင့်ဆုံးဖြစ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိ ဇန်နဝါရီဈေးကွက်ထဲမှာသာမက လာမယ့်နွေရာသီဈေးကွက်ထဲမှာပါ ထိပ်တန်းအသင်းကြီးတွေ အလို ရှိနေတဲ့ နာမည်ကျော်ကစားသမားတွေ တန်းစီပြီးရှိနေပါတယ်။ သူတို့ဟာ လက်ရှိမှာ အပြောင်းအရွှေ့သတင်း တွေနဲ့ နာမည်ကြီးနေသလို လာမယ့်ဈေးကွက်တွေမှာလည်း ဆက်လက်နာမည်ကြီးနေဦးမှာပါဘဲ။

ဒါကြောင့် လည်း ဘယ်သူ့ကို ဘယ်လောက်ပေးလိုက်ရင် စာချုပ်ဖျက်သိမ်းပြီး ခေါ်လို့ရတယ်ဆိုတာကို The Sun သတင်း စာကြီး ဖော်ပြခဲ့ပါတယ်။

ဒီတန်ကြေးတွေကို ထိပ်တန်းကလပ်တွေကမသိဘဲနေမှာမဟုတ်ပါဘူး။ သူတို့ဟာ မြွေမြွေချင်း ခြေမြင်ကြပါတယ်။ ဒါပေမယ့် ပရိသတ်တွေအတွက် ဘယ်သူကဘယ်လောက်တန်တယ်ဆိုတာ သိရတော့ ပိုပြီးကောင်းတာပေါ့။

ဒါမှလည်း ကိုယ်အားပေးတဲ့ ကလပ်ကကစားသမားတစ်ဦးကို ခေါ်ဖို့ဖြစ်နိုင် ခြေရှိလားဆို တာကိုမှန်းဆနိုင်မှာဖြစ်ပါတယ်။

လက်ရှိမှာ ထိပ်တန်းကလပ်အတော်များများ အလိုရှိနေကြတဲ့ ဒေါ့မန်တိုက်စစ်မှူး ဟာလန်းရဲ့တန်ကြေးဟာ ပေါင် ၆၃ သန်းဘဲရှိပါတယ်။ ဒီတန်ကြေးဟာ လက်ရှိခေတ်တန်ကြေးနဲ့ဆိုရင် ဘယ်လောက်မှမဟုတ်လောက် တဲ့ ပမာဏဖြစ်လို့ ထိပ်တန်းကလပ်တွေအားလုံး တတ်နိုင်တဲ့တန်ကြေးဖြစ်နေပါတယ်။

ဒါကြောင့်လည်း ဒေါ့ မန်က အဲဒီနော်ဝေ တိုက်စစ်မှူးကို စာချုပ်သစ်ချုပ်ပြီး တန်ကြေးမြှင့်ဖို့ ကြိုးပမ်းနေတာပါ။

သူဟာဒီရာသီမှာ ဒေါ့မန်အတွက် ၂၂ ပွဲသာကစားရသေးပေမယ့် ၂၅ ဂိုးသွင်းထားတဲ့သူပါ။ ဒါပေမယ့်ဘာကြောင့် သူ့ကိုခေါ်ဖို့ကမ်း လှမ်းတဲ့အသင်း မပေါ်သေးတာလဲ ဆိုတာမေးစရာရှိပါတယ်။ ဒါကတော့ စာချုပ်ပါအချက်တွေကြောင့်ပါဘဲ။

ဟာလန်းကိုပေါင် ၆၃ သန်းပေးရင်ထွက်ခွင့်ပြုရမယ်ဆိုတဲ့အချက်ဟာ ၂၀၂၂ ကျမှအသက်ဝင်မှာဖြစ်လို့ ဒေါ့မန် အနေနဲ့ ကစားသမားကိုအနည်းဆုံးနောက် ၂ နှစ်နီးပါးဆက်ထိန်းထားနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီကြားထဲလိုချင် တယ်ဆိုရင်တော့ ဒေါ့မန်တောင်းဆိုတဲ့ကြေးကို ပေးမှရပါလိမ့်မယ်။

အခုဖော်ပြမှုမှာတန်ကြေးအမြင့်ဆုံးသူကတော့ နာပိုလီအသင်းရဲ့ ဆီနီဂေါဗဟိုခံစစ်မှူး ကူလီဘာလီဖြစ်ပြီး ပေါင် ၁၃၃ သန်းရှိပါတယ်။

နောက်ထပ်အသင်းကြီးတွေမျက်စေ့ကျနေတဲ့ ခံစစ်မှူးကတော့ လိုက်ပ်ဇစ်က အသက် ၂၂ နှစ်သာရှိသေးတဲ့အူ ပါမီကာနိုဖြစ်ပြီး ပေါင် ၃၈ သန်းဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိရိုးမားရဲ့ အီတလီကွင်းလယ်လူ ပယ်လီဂရီနီကပေါင် ၂၅ သန်း၊ ပရီးမီးယားလိဂ် ကလပ်အချို့အလိုရှိနေတဲ့ အသက် ၂၆ နှစ်ရှိတဲ့ အိုဆာဆူနာက အာဂျင်တီးနားတိုက်စစ်မှူး ချီမီအဗီလာကပေါင်သန်း ၂၀၊ စပိန်ထိပ်သီးအချို့ ခေါ်ယူ ချင်နေတဲ့ ဂရန်နာဒါက ပေါ်တူဂီဂိုးသမား ရူအီဆေးလ်ဗားကပေါင် ၁၂.၇ သန်း နဲ့ CSKA မော်စကိုကအသက် ၂၁ နှစ်ဘဲရှိသေးတဲ့ အာဂျင်တီးနားတိုက်စစ်မှူး အဒိုလ်ဖိုဂိုက်ချ်ကပေါင် ၁၁.၅ သန်းတို့ဖြစ်ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လက္ရွိ ဇန္နဝါရီေဈးကြက္ထဲမွာသာမက လာမယ့္ေႏြရာသီေဈးကြက္ထဲမွာပါ ထိပ္တန္းအသင္းႀကီးေတြ အလို ရွိေနတဲ့ နာမည္ေက်ာ္ကစားသမားေတြ တန္းစီၿပီးရွိေနပါတယ္။ သူတို႔ဟာ လက္ရွိမွာ အေျပာင္းအေ႐ႊ႕သတင္း ေတြနဲ႔ နာမည္ႀကီးေနသလို လာမယ့္ေဈးကြက္ေတြမွာလည္း ဆက္လက္နာမည္ႀကီးေနဦးမွာပါဘဲ။ ဒါေၾကာင့္ လည္း ဘယ္သူ႔ကို ဘယ္ေလာက္ေပးလိုက္ရင္ စာခ်ဳပ္ဖ်က္သိမ္းၿပီး ေခၚလို႔ရတယ္ဆိုတာကို The Sun သတင္း စာႀကီး ေဖာ္ျပခဲ့ပါတယ္။ ဒီတန္ေၾကးေတြကို ထိပ္တန္းကလပ္ေတြ ကမသိဘဲေနမွာမဟုတ္ပါဘူး။ သူတို႔ဟာ ေႁမြေႁမြခ်င္း ေျချမင္ၾကပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြအတြက္ ဘယ္သူကဘယ္ေလာက္တန္တယ္ဆိုတာ သိရေတာ့ ပိုၿပီးေကာင္းတာေပါ့။ ဒါမွလည္း ကိုယ္အားေပးတဲ့ ကလပ္ကကစားသမားတစ္ဦးကို ေခၚဖို႔ျဖစ္ႏိုင္ ေျခရွိလားဆို တာကိုမွန္းဆႏိုင္မွာျဖစ္ပါတယ္။

လက္ရွိမွာ ထိပ္တန္းကလပ္အေတာ္မ်ားမ်ား အလိုရွိေနၾကတဲ့ ေဒါ့မန္တိုက္စစ္မႉး ဟာလန္းရဲ႕တန္ေၾကးဟာ ေပါင္ ၆၃ သန္းဘဲရွိပါတယ္။ ဒီတန္ေၾကးဟာ လက္ရွိေခတ္တန္ေၾကးနဲ႔ဆိုရင္ ဘယ္ေလာက္မွမဟုတ္ေလာက္ တဲ့ ပမာဏျဖစ္လို႔ ထိပ္တန္းကလပ္ေတြအားလုံး တတ္ႏိုင္တဲ့တန္ေၾကးျဖစ္ေနပါတယ္။ ဒါေၾကာင့္လည္း ေဒါ့ မန္က အဲဒီေနာ္ေဝ တိုက္စစ္မႉးကို စာခ်ဳပ္သစ္ခ်ဳပ္ၿပီး တန္ေၾကးျမႇင့္ဖို႔ ႀကိဳးပမ္းေနတာပါ။

သူဟာဒီရာသီမွာ ေဒါ့မန္အတြက္ ၂၂ ပြဲသာကစားရေသးေပမယ့္ ၂၅ ဂိုးသြင္းထားတဲ့သူပါ။ ဒါေပမယ့္ဘာေၾကာင့္ သူ႔ကိုေခၚဖို႔ကမ္း လွမ္းတဲ့အသင္း မေပၚေသးတာလဲ ဆိုတာေမးစရာရွိပါတယ္။ ဒါကေတာ့ စာခ်ဳပ္ပါအခ်က္ေတြေၾကာင့္ပါဘဲ။ ဟာလန္းကိုေပါင္ ၆၃ သန္းေပးရင္ထြက္ခြင့္ျပဳရမယ္ဆိုတဲ့အခ်က္ဟာ ၂၀၂၂ က်မွအသက္ဝင္မွာျဖစ္လို႔ ေဒါ့မန္ အေနနဲ႔ ကစားသမားကိုအနည္းဆုံးေနာက္ ၂ ႏွစ္နီးပါးဆက္ထိန္းထားႏိုင္ဦးမွာ ျဖစ္ပါတယ္။ ဒီၾကားထဲလိုခ်င္ တယ္ဆိုရင္ေတာ့ ေဒါ့မန္ေတာင္းဆိုတဲ့ေၾကးကို ေပးမွရပါလိမ့္မယ္။

အခုေဖာ္ျပမႈမွာတန္ေၾကးအျမင့္ဆုံးသူကေတာ့ နာပိုလီအသင္းရဲ႕ ဆီနီေဂါဗဟိုခံစစ္မႉး ကူလီဘာလီျဖစ္ၿပီး ေပါင္ ၁၃၃ သန္းရွိပါတယ္။ ေနာက္ထပ္အသင္းႀကီးေတြမ်က္ေစ့က်ေနတဲ့ ခံစစ္မႉးကေတာ့ လိုက္ပ္ဇစ္က အသက္ ၂၂ ႏွစ္သာရွိေသးတဲ့အူ ပါမီကာႏိုျဖစ္ၿပီး ေပါင္ ၃၈ သန္းျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ရွိ႐ိုးမားရဲ႕ အီတလီကြင္းလယ္လူ ပယ္လီဂရီနီကေပါင္ ၂၅ သန္း၊ ပရီးမီးယားလိဂ္ ကလပ္အခ်ိဳ႕အလိုရွိေနတဲ့ အသက္ ၂၆ ႏွစ္ရွိတဲ့ အိုဆာဆူနာက အာဂ်င္တီးနားတိုက္စစ္မႉး ခ်ီမီအဗီလာကေပါင္သန္း ၂၀၊ စပိန္ထိပ္သီးအခ်ိဳ႕ ေခၚယူ ခ်င္ေနတဲ့ ဂရန္နာဒါက ေပၚတူဂီဂိုးသမား ႐ူအီေဆးလ္ဗားကေပါင္ ၁၂.၇ သန္း နဲ႔ CSKA ေမာ္စကိုကအသက္ ၂၁ ႏွစ္ဘဲရွိေသးတဲ့ အာဂ်င္တီးနားတိုက္စစ္မႉး အဒိုလ္ဖိုဂိုက္ခ်္ကေပါင္ ၁၁.၅ သန္းတို႔ျဖစ္ၾကပါတယ္။