နာဗက္စ္မရွိမယ့္အသင္းကို မေတြးႏုိင္ဘူးဆိုၿပီး အေျပာင္းအေရႊ႕သတင္းေတြကို ဇီဒန္းပယ္ခ်

photo-gettyimages

photo-gettyimages

ရီးရဲလ္မက္ဒရစ္နည္းျပဇီဒန္းက ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ဂိုးသမားေကလာနာဗက္စ္ကို ေရာင္းခ်မွာမဟုတ္ဘူးလို႔ အတည္ျပဳလိုက္ပါတယ္။ အဲဒီေကာ္စတာရီကာၾကယ္ပြင့္က ပြဲကစားခြင့္အခ်ိန္ပိုေပးဖုိ႔ေတာင္းဆိုေနတယ္လို႔ သတင္းေတြထြက္ေနေပမယ့္ ဇီဒန္းကေတာ့ အဲဒီလိုပဲ ေျပာခဲ့တာပါ။ နာဗက္စ္ဟာ ရာသီႀကိဳကာလမွာ ရီးရဲလ္အတြက္ ကစားေပးခဲ့ၿပီး ICC ၿပိဳင္ပြဲမွာ လက္စြမ္းျပႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ေကာ္တိြဳက္စ္ကသာ ရာသီသစ္မွာ ရီးရဲလ္ရဲ႕ပထမဂိုးသမားေနရာမွာ ဆက္ရွိဦးမွာပါ။

photo-gettyimages

ဒီအခ်ိန္မွာ ဇီဒန္းက“နာဗက္စ္မရွိမယ့္အသင္းကို ကၽြန္ေတာ္ေတြးေတာင္မေတြးႏိုင္ပါဘူး။ သူထြက္ခြာေအာင္ ကၽြန္ေတာ္လုပ္မွာ မဟုတ္ပါဘူး။ သူဟာ ကၽြန္ေတာ္တုိ႔အတြက္ အၿမဲတမ္းအေရးပါတဲ့ကစားသမားတစ္ေယာက္ျဖစ္ခဲ့တာပါ”လို႔ ေျပာခဲ့တာပါ။ ဒါ့အျပင္ ေကာ္တြိဳက္စ္ရဲ႕အရန္အျဖစ္ ဆက္ရွိမွာကိုသိၿပီးတဲ့ေနာက္ နာဗက္စ္ဟာ အသင္းေျပာင္းဖို႔ေတာင္းဆိုခဲ့တယ္ဆိုတဲ့သတင္းေတြနဲ႔ပတ္သက္ၿပီး ဇီဒန္းဟာ ျငင္းပယ္ခဲ့ပါတယ္။ “သူထြက္ခြာခ်င္တယ္လုိ႔ နာဗက္စ္က ကၽြန္ေတာ့္ကို မေျပာခဲ့ပါဘူး။ သူ ဒီမွာပဲ ရွိေနတာပါ။ ဒီမွာလည္း ေပ်ာ္ေနကာ ဒီမွာဆက္ကစားႏိုင္စြမ္းရွိေၾကာင္း ျပခ်င္ေနတာပါ။ သူက ပေရာ္ဖက္ရွင္နယ္တစ္ေယာက္ျဖစ္သလို ကၽြန္ေတာ္ကလည္း သူ႔ကိုထည့္တြက္ဦးမွာပါ။ နာဗက္စ္ဟာ ဒီရာသီမွာ ကၽြန္ေတာ္တို႔အတြက္ အမ်ားႀကီးယူေဆာင္ေပးဦးမွာပါ”လို႔ ဇီဒန္းက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

photo-gettyimages

ပီအက္စ္ဂ်ီကေတာ့ ရီးရဲလ္က နာဗက္စ္ရဲ႕အေျခအေနကို ေစာင့္ၾကည့္ေနပါတယ္။ နာဗက္စ္ဟာ ရီးရဲလ္နဲ႔အတူ ခ်န္ပီယံလိဂ္ ၃ ႏွစ္ဆက္ဗုိလ္စြဲခဲ့ၿပီး သူ႔အသက္က ၃၂ ႏွစ္သာရွိေသးလုိ႔ ဂိုးသမားတစ္ေယာက္အေနနဲ႔ ေနာက္ ၃၊၄ ႏွစ္ေလာက္ ထိပ္တန္းအဆင့္မွာ ကစားႏိုင္စြမ္းရွိဦးမွာပါ။ ဒ့ါအျပင္ သူ႔မွာ အေတြ႕အႀကဳံေကာင္းေတြလည္း အမ်ားႀကီးရွိထားပါတယ္။ လူနင္နဲ႔ ဇီဒန္းရဲ႕သားလူကာတို႔က အငွားနဲ႔ထြက္သြားၾကလုိ႔ ရီးရဲလ္မွာ ဂိုးေနရာက အရန္အင္အားနည္းပါးေနပါတယ္။

[Unicode]

ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းက ဒီနွေရာသီအပြောင်းအရွှေ့မှာ ဂိုးသမားကေလာနာဗက်စ်ကို ရောင်းချမှာမဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။ အဲဒီကော်စတာရီကာကြယ်ပွင့်က ပွဲကစားခွင့်အချိန်ပိုပေးဖို့တောင်းဆိုနေတယ်လို့ သတင်းတွေထွက်နေပေမယ့် ဇီဒန်းကတော့ အဲဒီလိုပဲ ပြောခဲ့တာပါ။ နာဗက်စ်ဟာ ရာသီကြိုကာလမှာ ရီးရဲလ်အတွက် ကစားပေးခဲ့ပြီး ICC ပြိုင်ပွဲမှာ လက်စွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကော်တွိုက်စ်ကသာ ရာသီသစ်မှာ ရီးရဲလ်ရဲ့ပထမဂိုးသမားနေရာမှာ ဆက်ရှိဦးမှာပါ။

ဒီအချိန်မှာ ဇီဒန်းက“နာဗက်စ်မရှိမယ့်အသင်းကို ကျွန်တော်တွေးတောင်မတွေးနိုင်ပါဘူး။ သူထွက်ခွာအောင် ကျွန်တော်လုပ်မှာ မဟုတ်ပါဘူး။ သူဟာ ကျွန်တော်တို့အတွက် အမြဲတမ်းအရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့တာပါ”လို့ ပြောခဲ့တာပါ။ ဒါ့အပြင် ကော်တွိုက်စ်ရဲ့အရန်အဖြစ် ဆက်ရှိမှာကိုသိပြီးတဲ့နောက် နာဗက်စ်ဟာ အသင်းပြောင်းဖို့တောင်းဆိုခဲ့တယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ဇီဒန်းဟာ ငြင်းပယ်ခဲ့ပါတယ်။ “သူထွက်ခွာချင်တယ်လို့ နာဗက်စ်က ကျွန်တော့်ကို မပြောခဲ့ပါဘူး။ သူ ဒီမှာပဲ ရှိနေတာပါ။ ဒီမှာလည်း ပျော်နေကာ ဒီမှာဆက်ကစားနိုင်စွမ်းရှိကြောင်း ပြချင်နေတာပါ။ သူက ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်သလို ကျွန်တော်ကလည်း သူ့ကိုထည့်တွက်ဦးမှာပါ။ နာဗက်စ်ဟာ ဒီရာသီမှာ ကျွန်တော်တို့အတွက် အများကြီးယူဆောင်ပေးဦးမှာပါ”လို့ ဇီဒန်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီကတော့ ရီးရဲလ်က နာဗက်စ်ရဲ့အခြေအနေကို စောင့်ကြည့်နေပါတယ်။ နာဗက်စ်ဟာ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ် ၃ နှစ်ဆက်ဗိုလ်စွဲခဲ့ပြီး သူ့အသက်က ၃၂ နှစ်သာရှိသေးလို့ ဂိုးသမားတစ်ယောက်အနေနဲ့ နောက် ၃၊၄ နှစ်လောက် ထိပ်တန်းအဆင့်မှာ ကစားနိုင်စွမ်းရှိဦးမှာပါ။ ဒ့ါအပြင် သူ့မှာ အတွေ့အကြုံကောင်းတွေလည်း အများကြီးရှိထားပါတယ်။ လူနင်နဲ့ ဇီဒန်းရဲ့သားလူကာတို့က အငှားနဲ့ထွက်သွားကြလို့ ရီးရဲလ်မှာ ဂိုးနေရာက အရန်အင်အားနည်းပါးနေပါတယ်။