နာပိုလီအသင်းနည်းပြသစ်အဖြစ် ဂတ်တူဆို ခန့်အပ်ခံရ

Photo Credit

Photo Credit ; B/R

နာပိုလီအသင်းဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က နည်းပြအန်ဆလော့တီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် နည်းပြသစ်အဖြစ် ဂတ်တူဆိုကို ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ အန်ဆလော့တီဟာ ဂျန့်အသင်းကို ၄-၀ ဂိုးနဲ့အနိုင်ယူကာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့အပြီး နာရီပိုင်းအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

Photo Credit

အသက် ၄၁နှစ်အရွယ်ရှိ အီတလီလက်ရွေးစင်ဟောင်း ဂတ်တူဆိုဟာ အရင်တုန်းက အေစီမီလန်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးပေမယ့် ပြီးခဲ့တဲ့ရာသီအကုန်မှာ အသင်းနဲ့လမ်းခွဲခဲ့သူဖြစ်ပါတယ်။ နာပိုလီအသင်းဟာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်နိုင်ခဲ့ပေမယ့် စီးရီးအေမှာတော့ ရလဒ်တွေဆိုးရွားနေပြီး အမှတ်ပေးဇယားရဲ့အဆင့် ၇နေရာမှာ ရပ်တည်နေရသလို ချန်ပီယံလိဂ်ဝင်ခွင့်ရနေရာက အသင်းနဲ့ ၈ မှတ်ကွာဟလျက်ရှိပါတယ်။

Photo Credit

”ကျွန်တော်တို့အသင်းအနေနဲ့ အလုပ်ပြင်းပြင်းထန်ထန်ကြိုးစားရဖို့ရှိပါတယ်။ အမှတ်တွေ ပြန်လည်ရယူဖို့နဲ့ ဒီလိုခက်ခဲတဲ့ကာလကနေ ရုန်းထွက်နိုင်ဖို့အတွက်ပါ။ ရည်မှန်းချက်ကတော့ အမှတ်တွေပြန်လည်ရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့်နေရာ ပြန်ရောက်ရေးပါပဲ။ အန်ဆလော့တီက ကျွန်တော့်အတွက်တော့ ဖခင်တစ်ဦးလိုပါပဲ”

Photo Credit

”သူက ကျွန်တော့်ကို အမြဲထောက်ခံအားပေးသလို ရင်းနှီးတဲ့ဆက်ဆံရေးလည်းရှိပါတယ်။ အန်ဆလော့တီဟာ အရာအားလုံးအနိုင်ရရှိခဲ့ပြီး ကျွန်တေ်လည်း သက်သေပြဖို့ အများကြီးလုပ်ရပါဦးမယ်”လို့ ဂတ်တူဆိုက ပြောကြားခဲ့ပါတယ်။ ဂတ်တူဆိုဟာ အေစီမီလန်အသင်းမှာ နည်းပြအန်ဆလော့တီရဲ့လက်အောက် ကစားခဲ့ဖူးပါတယ်။

Photo Credit

Zawgyi

နာပိုလီအသင္းနည္းျပသစ္အျဖစ္ ဂတ္တူဆို ခန္႔အပ္ခံရ

နာပိုလီအသင္းဟာ ၿပီးခဲ့တဲ့အဂၤါေန႔က နည္းျပအန္ဆေလာ့တီကို ရာထူးကေန ထုတ္ပယ္လိုက္ၿပီးေနာက္ နည္းျပသစ္အျဖစ္ ဂတ္တူဆုိကို ခန္႔အပ္လုိက္ၿပီျဖစ္ပါတယ္။ အန္ဆေလာ့တီဟာ ဂ်န္႔အသင္းကို ၄-၀ ဂိုးနဲ႔အႏိုင္ယူကာ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့အၿပီး နာရီပိုင္းအၾကာမွာပဲ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။
အသက္ ၄၁ႏွစ္အရြယ္ရွိ အီတလီလက္ေရြးစင္ေဟာင္း ဂတ္တူဆိုဟာ အရင္တုန္းက ေအစီမီလန္အသင္းကို တာ၀န္ယူကုိင္တြယ္ခဲ့ဖူးေပမယ့္ ၿပီးခဲ့တဲ့ရာသီအကုန္မွာ အသင္းနဲ႔လမ္းခြဲခဲ့သူျဖစ္ပါတယ္။ နာပိုလီအသင္းဟာ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့ေပမယ့္ စီးရီးေအမွာေတာ့ ရလဒ္ေတြဆုိးရြားေနၿပီး အမွတ္ေပးဇယားရဲ႕အဆင့္ ၇ေနရာမွာ ရပ္တည္ေနရသလုိ ခ်န္ပီယံလိဂ္၀င္ခြင့္ရေနရာက အသင္းနဲ႔ ၈ မွတ္ကြာဟလ်က္ရွိပါတယ္။
”ကၽြန္ေတာ္တုိ႔အသင္းအေနနဲ႔ အလုပ္ျပင္းျပင္းထန္ထန္ႀကိဳးစားရဖုိ႔ရွိပါတယ္။ အမွတ္ေတြ ျပန္လည္ရယူဖုိ႔နဲ႔ ဒီလုိခက္ခဲတဲ့ကာလကေန ႐ုန္းထြက္ႏိုင္ဖုိ႔အတြက္ပါ။ ရည္မွန္းခ်က္ကေတာ့ အမွတ္ေတြျပန္လည္ရယူၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရမယ့္ေနရာ ျပန္ေရာက္ေရးပါပဲ။ အန္ဆေလာ့တီက ကၽြန္ေတာ့္အတြက္ေတာ့ ဖခင္တစ္ဦးလုိပါပဲ”
”သူက ကၽြန္ေတာ့္ကို အၿမဲေထာက္ခံအားေပးသလုိ ရင္းႏွီးတဲ့ဆက္ဆံေရးလည္းရွိပါတယ္။ အန္ဆေလာ့တီဟာ အရာအားလုံးအႏိုင္ရရွိခဲ့ၿပီး ကၽြန္ေတ္လည္း သက္ေသျပဖုိ႔ အမ်ားႀကီးလုပ္ရပါဦးမယ္”လုိ႔ ဂတ္တူဆိုက ေျပာၾကားခ့ဲပါတယ္။ ဂတ္တူဆိုဟာ ေအစီမီလန္အသင္းမွာ နည္းျပအန္ဆေလာ့တီရဲ႕လက္ေအာက္ ကစားခ့ဲဖူးပါတယ္။