နာပိုလီနဲ့ဒု-ကျော့အတွက် Outfield Player ၁၀ ယောက်လောက်ပဲရှိနိုင်တဲ့ ဘာစီလိုနာ

photo-gettyimages

photo-gettyimages

ပွဲပယ်နဲ့ ဒဏ်ရာရပြသနာတွေကြောင့် ဘာစီလိုနာအသင်းဟာ နာပိုလီနဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့အတွက် ရွေးချယ်စရာကစားသမားအရေအတွက် အတော်ကို နည်းပါးသွားပြီလို့ သိရပါတယ်။  ဘယ်လောက်ထိလဲဆိုရင် ဂိုးသမားမဟုတ်တဲ့ Outfield Player ၁၀ ယောက်လောက်ပဲ ရှိနိုင်တော့လို့ပါ။ အစကတည်းက ဘာစီလိုနာမှာ ဒဏ်ရာပြသနာတွေ ရှိထားတာ ဖြစ်ပါတယ်။

photo-gettyimages

တိုက်စစ်မှာ ဆွာရက်ဇ်နဲ့ ဒမ်ဘီလီတို့ ကာလရှည်နားရမှာ ဖြစ်လို့လည်း ဘာစီလိုနာဟာ ပြီးခဲ့တဲ့အပတ်တုန်းက တိုက်စစ်မှုးဘရိတ်ဝိတ်ကို လီဂါနက်စ်ကနေ အရေးပေါ်ခေါ်ယူခဲ့ရတာ အားလုံးအသိပါပဲ။ ဒါပေမဲ့ ဘရိတ်ဝိတ်ဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်အတွက် လူစာရင်းမှတ်ပုံတင်ပြီးမှ ရောက်လာတာဖြစ်လို့ ဒီရာသီချန်ပီယံလိဂ်မှာ ပါဝင်ကစားခွင့်မရှိပါဘူး။ ဒါ့အပြင် နာပိုလီနဲ့ပထမအကျော့မှာ ရရှိခဲ့တဲ့ အဝါကတ်ကြောင့် ကွင်းလယ်လူဘက်စ်ကွက်ဟာ ဒုတိယအကျော့ကို လွဲချော်မှာဖြစ်တဲ့အပြင် နောက်ထပ်ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ဗီဒယ်ကလည်း နှစ်ဝါ တစ်နီ အပြခံရလို့ နူးကမ့်က ဒုတိယအကျော့ကို ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။

photo-allfootball

ဒီကြားထဲ နောက်ခံလူပီကေးကလည်း အဲဒီပွဲမှာ ဒဏ်ရာရသွားပါတယ်။ အခုချိန်ထိတော့ သူ့ဒဏ်ရာအခြေအနေကို မသိရသေးပါဘူး။ တကယ်လို့ ဒုတိယအကျော့အမီ ပြန်ကစားနိုင်မယ်ဆိုရင်တောင် နည်းပြဆီတီယန်ဟာ အရန်အတွက် ဘာစီလိုနာ(ခ)အသင်းက ကစားသမားတွေကို ခေါ်ယူရမှာပါ။ ဒီရာသီမှာတောင် လူငယ်အသင်းက ဖာတီကို ပထမအသင်းကြီးမှာ အသုံးပြုနေတာပါ။

[Zawgyi]

နာပိုလီနဲ႔ဒု-ေက်ာ့အတြက္ Outfield Player ၁၀ ေယာက္ေလာက္ပဲရွိႏုိင္တဲ့ ဘာစီလုိနာ

ပြဲပယ္နဲ႔ ဒဏ္ရာရျပသနာေတြေၾကာင့္ ဘာစီလိုနာအသင္းဟာ နာပိုလီနဲ႔ ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့အတြက္ ေရြးခ်ယ္စရာကစားသမားအေရအတြက္ အေတာ္ကို နည္းပါးသြားၿပီလို႔ သိရပါတယ္။  ဘယ္္ေလာက္ထိလဲဆုိရင္ ဂိုးသမားမဟုတ္တဲ့ Outfield Player ၁၀ ေယာက္ေလာက္ပဲ ရွိႏုိင္ေတာ့လို႔ပါ။ အစကတည္းက ဘာစီလုိနာမွာ ဒဏ္ရာျပသနာေတြ ရွိထားတာ ျဖစ္ပါတယ္။

တုိက္စစ္မွာ ဆြာရက္ဇ္္နဲ႔ ဒမ္ဘီလီတုိ႔ ကာလရွည္နားရမွာ ျဖစ္လုိ႔လည္း ဘာစီလိုနာဟာ ၿပီးခဲ့တဲ့အပတ္တုန္းက တိုက္စစ္မႈးဘရိတ္၀ိတ္ကို လီဂါနက္စ္ကေန အေရးေပၚေခၚယူခဲ့ရတာ အားလုံးအသိပါပဲ။ ဒါေပမဲ့ ဘရိတ္၀ိတ္ဟာ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္အတြက္ လူစာရင္းမွတ္ပုံတင္ၿပီးမွ ေရာက္လာတာျဖစ္လုိ႔ ဒီရာသီခ်န္ပီယံလိဂ္မွာ ပါ၀င္ကစားခြင့္မရွိပါဘူး။ ဒါ့အျပင္ နာပုိလီနဲ႔ပထမအေက်ာ့မွာ ရရွိခဲ့တ့ဲ အ၀ါကတ္ေၾကာင့္ ကြင္းလယ္လူဘက္စ္ကြက္ဟာ ဒုတိယအေက်ာ့ကို လြဲေခ်ာ္မွာျဖစ္တဲ့အျပင္ ေနာက္ထပ္ကြင္းလယ္လူတစ္ေယာက္ျဖစ္တဲ့ဗီဒယ္ကလည္း ႏွစ္၀ါ တစ္နီ အျပခံရလို႔ ႏူးကမ့္က ဒုတိယအေက်ာ့ကို ပါ၀င္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး။

ဒီၾကားထဲ ေနာက္ခံလူပီေကးကလည္း အဲဒီပြဲမွာ ဒဏ္ရာရသြားပါတယ္။ အခုခ်ိန္ထိေတာ့ သူ႔ဒဏ္ရာအေျခအေနကို မသိရေသးပါဘူး။ တကယ္လုိ႔ ဒုတိယအေက်ာ့အမီ ျပန္ကစားႏိုင္မယ္ဆိုရင္ေတာင္ နည္းျပဆီတီယန္ဟာ အရန္အတြက္ ဘာစီလိုနာ(ခ)အသင္းက ကစားသမားေတြကို ေခၚယူရမွာပါ။ ဒီရာသီမွာေတာင္ လူငယ္အသင္းက ဖာတီကို ပထမအသင္းႀကီးမွာ အသုံးျပဳေနတာပါ။