နာပိုလီဂိုးသမားအော့စ်ပီနာရဲ့ဘော်ဒီဖိန့်မှာ မျောသွားတဲ့ မက်ဆီ

photo-sport bible

photo-gettyimages

လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ မက်ဆီလိုကြယ်ပွင့်မျိုးကို မျောသွားအောင် လုပ်ဖို့ဆိုတာက တကယ်တမ်းမှာ အရမ်းကို ခက်ခဲလှမှာပါ။ အဲဒီအာဂျင်တီးနားသားဟာ ပြိုင်ဘက်တွေကို သူ့ရဲ့ကိုယ်ယောင်ပြမှုတွေနဲ့ ပြိုင်ဘက်တွေကို မျောသွားအောင် အမြဲလုပ်နေကျပါ။ ဒါပေမဲ့ နာပိုလီနဲ့ဘာစီလိုနာတို့ရဲ့ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာတော့ နာပိုလီဂိုးသမားအော့စ်ပီနာရဲ့ဘော်ဒီဖိန့်ကြောင့် မက်ဆီတစ်ယောက် မျောသွားခဲ့ရပါတယ်။

photo-gettyimages

နာပိုလီက မာတန်းစ်ရဲ့ဂိုးနဲ့ စတင်ဦးမဆောင်ခင်မှာ ဂိုးသမားအော့စ်ပီနာဟာ သူ့ဧရိယာထဲမှာ ဘောလုံးလက်ခံရရှိခဲ့ပါတယ်။ ဒါကို မက်ဆီက အတင်းလိုက်ဖိအားပေးရာမှာ အော့စ်ပီနာရဲ့ဘော်ဒီဖိန့်ကြောင့် အရာမထင်ခဲ့ဘဲ သူသာချော်ပြီး ပစ်လဲကျသွားခဲ့ရပါတယ်။ အဲဒီအာဆင်နယ်ဂိုးသမားဟောင်းဟာ မက်ဆီကို သူ့အကွက်နဲ့သူ ပြန်ခံရအောင် လုပ်လိုက်တာပါ။

https://twitter.com/i/status/1232410136926412800

ဆိုရှယ်မီဒီယာထက်မှာတော့ အဲဒီအဖြစ်အပျက်လေးဟာ တကယ့်ကိုပြောစရာဖြစ်ရတဲ့ အခိုက်အတန့်လေးဖြစ်သွားခဲ့ပါတယ်။ ပရိသတ်တစ်ယောက်ကဆိုရင် ဒီနေ့ရဲ့အရေးကြီးဆုံးအရာက မက်ဆီချော်လဲအောင် အော့စ်ပီနာလုပ်လိုက်တာကို မြင်ရတာပဲလို့ Twitter မှာ ရေးတင်ခဲ့ပါတယ်။ နောက်ပရိသတ်တစ်ယောက်ကလည်း အဲဒါဟာ အဲဒီပွဲရဲ့အကောင်းဆုံးအစိတ်အပိုင်းလို့ ဆိုခဲ့ပါတယ်။

[Zawgyi]

နာပုိလီဂိုးသမားေအာ့စ္ပီနာရဲ႕ေဘာ္ဒီဖိန္႔မွာ ေမ်ာသြားတဲ့ မက္ဆီ

လက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားတစ္ေယာက္ျဖစ္တဲ့ မက္ဆီလိုၾကယ္ပြင့္မ်ိဳးကို ေမ်ာသြားေအာင္ လုပ္ဖို႔ဆုိတာက တကယ္တမ္းမွာ အရမ္းကို ခက္ခဲလွမွာပါ။ အဲဒီအာဂ်င္တီးနားသားဟာ ၿပိဳင္ဘက္ေတြကို သူ႔ရဲ႕ကိုယ္ေယာင္ျပမႈေတြနဲ႔ ၿပိဳင္ဘက္ေတြကုိ ေမ်ာသြားေအာင္ အၿမဲလုပ္ေနက်ပါ။ ဒါေပမဲ့ နာပုိလီနဲ႔ဘာစီလိုနာတို႔ရဲ႕ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္မွာေတာ့ နာပိုလီဂိုးသမားေအာ့စ္ပီနာရဲ႕ေဘာ္ဒီဖိန္႔ေၾကာင့္ မက္ဆီတစ္ေယာက္ ေမ်ာသြားခဲ့ရပါတယ္။

နာပုိလီက မာတန္းစ္ရဲ႕ဂိုးနဲ႔ စတင္ဦးမေဆာင္ခင္မွာ ဂိုးသမားေအာ့စ္ပီနာဟာ သူ႔ဧရိယာထဲမွာ ေဘာလုံးလက္ခံရရွိခဲ့ပါတယ္။ ဒါကို မက္ဆီက အတင္းလိုက္ဖိအားေပးရာမွာ ေအာ့စ္ပီနာရဲ႕ေဘာ္ဒီဖိန္႔ေၾကာင့္ အရာမထင္ခဲ့ဘဲ သူသာေခ်ာ္ၿပီး ပစ္လဲက်သြားခဲ့ရပါတယ္။ အဲဒီအာဆင္နယ္ဂိုးသမားေဟာင္းဟာ မက္ဆီကို သူ႔အကြက္နဲ႔သူ ျပန္ခံရေအာင္ လုပ္လုိက္တာပါ။

ဆိုရွယ္မီဒီယာထက္မွာေတာ့ အဲဒီအျဖစ္အပ်က္ေလးဟာ တကယ့္ကိုေျပာစရာျဖစ္ရတဲ့ အခုိက္အတန္႔ေလးျဖစ္သြားခဲ့ပါတယ္။ ပရိသတ္တစ္ေယာက္ကဆိုရင္ ဒီေန႔ရဲ႕အေရးႀကီးဆုံးအရာက မက္ဆီေခ်ာ္လဲေအာင္ ေအာ့စ္ပီနာလုပ္လိုက္တာကို ျမင္ရတာပဲလုိ႔ Twitter မွာ ေရးတင္ခဲ့ပါတယ္။ ေနာက္ပရိသတ္တစ္ေယာက္ကလည္း အဲဒါဟာ အဲဒီပြဲရဲ႕အေကာင္းဆုံးအစိတ္အပိုင္းလုိ႔ ဆိုခဲ့ပါတယ္။