

နာပိုလီအသင်းပိုင်ရှင် ဒီလော်ရန်တစ်က ဂလက်ဆီအသင်းတိုက်စစ်မှူ း အီဘရာဟီမိုဗစ် ကိုခေါ်ယူဖို့ အလိုရှိနေတယ်လို့ အတည်ပြုလိုက်ပြီး စီးရီးအေကို ပြန်လာဖို့က ကစားသမားအပေါ်မှာဘဲ မူတည်နေတယ်လို့ ပြောလိုက်ပါတယ်။ ဒါကြောင့် အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ ဥရောပဘောလုံးလောက ကိုတစ်ကျော့ပြန်ရောက်လာဖို့ ရှိနေပါတယ်။
ဒီလော်ရန်တစ်ဟာ မကြာသေးခင်က အမေရိကန်မှာ အီဘရာဟီမိုဗစ် ကိုညစာဖိတ်ကျွေးခဲ့ပြီး ကစားသမားကိုအလိုရှိနေတာဟာ တကယ်ဖြစ်ပြီး ခန့်မှန်းသတင်းတွေထက် ပိုတယ်လို့လည်းဆိုပါတယ်။ သူဟာ ဂလက်ဆီအတွက် ၅၇ ပွဲကစားပြီး ၅၂ ဂိုးသွင်းယူပေးထားလို့ သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကောင်းမွန်နေသေးတယ်ဆိုတာကို လည်းပြသလျက်ရှိနေပါတယ်။

အီဘရာဟီမိုဗစ် ဟာအေဂျက်ဇ်ကနေ ထွက်လာပြီးနောက်သူ့ကစားသမားဘဝအချိန်အများစုကို အီတလီမှာကုန်ဆုံးခဲ့သူဖြစ်ပြီး ဂျူ ဗင်တပ်၊ အင်တာမီလန် နဲ့ အေစီမီလန်တို့မှာ ကစားခဲ့တာပါ။ဒါ့အပြင် ပီအက်စ်ဂျီနဲ့ မန်ယူတို့မှာလည်း ကစားခဲ့သေးကာ နာပိုလီလက်ရှိနည်းပြ အန်စလော့တီ ဟာလည်း သူ့ရဲ့နည်းပြဟောင်းဖြစ်ပါတယ်။

ဒီလော်ရန်တစ်က”မိုဗစ်နဲ့ ကျွန်တော်က မိတ်ဆွေတွေပါ့။ မကြာသေးခင် လော့စ်အိန်ဂျလိစ်မှာ ဟိုတယ်တစ်ခုတည်းအတူတည်းခဲ့ကြတဲ့အတွက် ဘောလုံးသမားတစ်ဦးအနေနဲ့မဟုတ်ဘဲ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ သူ့နဲ့သူ့မိသားစုကို ကျွန်တော်ညစာဖိတ်ကျွေးခဲ့ပြီး သိပ်ကောင်းတဲ့ တွေ့ဆုံမှုလည်းဖြစ်ခဲ့ပါတယ်။

သူ့ကို နာပိုလီအကျီၤနဲ့ တွေ့မြင်လိုတာက ကျွန်တော့်ဆန္ဒဖြစ်ပါတယ်။ ဒါဟာခန့်မှန်းသတင်းဆိုတာထက်ပိုပါတယ်။ ဒါကြောင့် ကျွန်တော့်အသင်းဆီကို သူလာရေးဟာ မိုဗစ်ရဲ့သဘောအပေါ်မှာဘဲ မူတည်ပါတော့တယ်။ သူနဲ့ နာပိုလီတို့ရဲ့သတင်းတွေထွက်ခဲ့တာကလည်း အနည်းငယ်ကြာနေပါပြီ” လို့ပြောသွားပါတယ်။

Zawgyi
နာပိုလီကို အီဘရာဟီမိုဗစ္ လာဖို႔ကသူ႔အေပၚမွာဘဲ မူတည္တယ္လို႔ ဒီေလာ္ရန္တစ္ေျပာ
နာပိုလီအသင္းပိုင္ရွင္ ဒီေလာ္ရန္တစ္က ဂလက္ဆီအသင္းတိုက္စစ္မွဴ း အီဘရာဟီမိုဗစ္ ကိုေခၚယူဖို႔ အလိုရွိေနတယ္လို႔ အတည္ျပဳလိုက္ၿပီး စီးရီးေအကို ျပန္လာဖို႔က ကစားသမားအေပၚမွာဘဲ မူတည္ေနတယ္လို႔ ေျပာလိုက္ပါတယ္။ ဒါေၾကာင့္ အသက္ ၃၈ ႏွစ္ရွိၿပီျဖစ္တဲ႔ မိုဗစ္ဟာ ဥေရာပေဘာလုံးေလာက ကိုတစ္ေက်ာ႔ျပန္ေရာက္လာဖို႔ ရွိေနပါတယ္။
ဒီေလာ္ရန္တစ္ဟာ မၾကာေသးခင္က အေမရိကန္မွာ အီဘရာဟီမိုဗစ္ ကိုညစာဖိတ္ေက်ြးခဲ့ၿပီး ကစားသမားကိုအလိုရွိေနတာဟာ တကယ္ျဖစ္ၿပီး ခန္႔မွန္းသတင္းေတြထက္ ပိုတယ္လို႔လည္းဆိုပါတယ္။ သူဟာ ဂလက္ဆီအတြက္ ၅၇ ပြဲကစားၿပီး ၅၂ ဂိုးသြင္းယူေပးထားလို႔ သူ႔ရဲ႕ဂိုးသြင္းစြမ္းရည္ေကာင္းမြန္ေနေသးတယ္ဆိုတာကို လည္းျပသလ်က္ရွိေနပါတယ္။
အီဘရာဟီမိုဗစ္ ဟာေအဂ်က္ဇ္ကေန ထြက္လာၿပီးေနာက္သူ႔ကစားသမားဘ၀အခ်ိန္အမ်ားစုကို အီတလီမွာကုန္ဆုံးခဲ့သူျဖစ္ၿပီး ဂ်ဴ ဗင္တပ္၊ အင္တာမီလန္ နဲ႔ ေအစီမီလန္တို႔မွာ ကစားခဲ့တာပါ။ဒါ့အျပင္ ပီအက္စ္ဂ်ီနဲ႔ မန္ယူတို႔မွာလည္း ကစားခဲ့ေသးကာ နာပိုလီလက္ရွိနည္းျပ အန္စေလာ႔တီ ဟာလည္း သူ႔ရဲ႕နည္းျပေဟာင္းျဖစ္ပါတယ္။
ဒီေလာ္ရန္တစ္က”မိုဗစ္နဲ႔ က်ြန္ေတာ္က မိတ္ေဆြေတြပါ့။ မၾကာေသးခင္ ေလာ႔စ္အိန္ဂ်လိစ္မွာ ဟိုတယ္တစ္ခုတည္းအတူတည္းခဲ့ၾကတဲ႔အတြက္ ေဘာလုံးသမားတစ္ဦးအေနနဲ႔မဟုတ္ဘဲ ေတြ႔ဆုံျဖစ္ခဲ့ပါတယ္။ သူ႔နဲ႔သူ႔မိသားစုကို က်ြန္ေတာ္ညစာဖိတ္ေက်ြးခဲ့ၿပီး သိပ္ေကာင္းတဲ႔ ေတြ႔ဆုံမႈလည္းျဖစ္ခဲ့ပါတယ္။
သူ႔ကို နာပိုလီအက်ီၤနဲ႔ ေတြ႔ျမင္လိုတာက က်ြန္ေတာ္႔ဆႏၵျဖစ္ပါတယ္။ ဒါဟာခန္႔မွန္းသတင္းဆိုတာထက္ပိုပါတယ္။ ဒါေၾကာင့္ က်ြန္ေတာ္႔အသင္းဆီကို သူလာေရးဟာ မိုဗစ္ရဲ႕သေဘာအေပၚမွာဘဲ မူတည္ပါေတာ႔တယ္။ သူနဲ႔ နာပိုလီတို႔ရဲ႕သတင္းေတြထြက္ခဲ့တာကလည္း အနည္းငယ္ၾကာေနပါၿပီ” လို႔ေျပာသြားပါတယ္။